လက်တွဲဖူးသမျှ Talent အရှိဆုံးသူကို ဂွါဒီယိုလာ ရွေးချယ်ခဲ့ရာမှာတော့ အားလုံးအတွက် နားခါးစရာဖြစ်ခဲ့ရ

ဂွါဒီယိုလာဟာ ဒီနေ့ခေတ်ရဲ့အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံထားရသူတစ်ယောက်ပါ။ သူ့ရဲ့နည်းစပိုင်းအတွေးအခေါ်တွေကလည်း တကယ့်ကို ပါရီမြောက်ထူးချွန်လွန်းပြီး တော်ရုံလူ ဂွါဒီယိုလာကို လိုက်မီဖို့ခက်ခဲပါတယ်။ ဂွါဒီယိုလာဟာ နည်းပြဘဝအတွင်းမှာ တကယ့်ကိုထိပ်တန်းအဆင့်ကစားသမားတွေ၊မက်ဆီလိုပါရမီရှင်မျိုး ကစားမားတွေနဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွဲဖူးသမျှကစားသမားတွေထဲမှာ Talent အရှိဆုံးကစားသမားကို ဂွါဒီယိုလာတစ်ယောက် ရွေးချယ်ခဲ့ရာမှာတော့ အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ရော်ဘင်၊ ရီဘာရီတို့ကို ကျော်လွန်းပြီး ဂွါဒီယိုလာက ဖိုဒန်ကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့တာပါ။

Loading...

မန်စီးတီးနည်းပြဂွါဒီယိုလာက ဖိုဒန်နဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ရာမှာတော့ တော်တော်လေး ပိုလွန်းနေတယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ “ကျွန်တော် မြင်တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ ဖိုဒန်က Talent အရှိဆုံးပါပဲ။

သူ့ရဲ့အဓိကပြဿနာကတော့ ပွဲထွက်ခွင့်မရတာပါပဲ။ သူဟာ ပွဲချိန်ပြည့်ကစားခွင့်နဲ့ထိုက်တန်သူဖြစ်ပေမယ့် သူ့ရဲ့တိုက်ပွဲဝင်စိတ်က နည်းနေပါသေးတယ်။ ဖိုဒန်မှာ အံ့အားသင့်စရာစွမ်းဆောင်ရည်ရှိတယ်။ ကျွန်တော့်အနေနဲ့ သူ့ကိုကူညီဖို့ မန်စီးတီးကို ရောက်လာတယ်ဆိုတာကလည်း သူကောင်းကောင်းသိပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့တာပါ။

ဂွါဒီယိုလာရဲ့စကားဟာ ပရိသတ်တွေအတွက်နားခါစရာဖြစ်ခဲ့တာပါ။ ဂွါဒီယိုလာအေနေနဲ့ သူ Talent အရှိဆုံးလို့ ပြောကြားခဲ့တဲ့ ဖိုဒန်ကို ဘယ်လောက်အထိ ဆွဲတင်ပေးနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်လာခဲ့ရပါပြီ။