ငယ်​ငယ်​ကတည်းက ပြုစု​စောင့်​​ရှောက်​​ပေးခဲ့တဲ့ အဘွားရဲ့​ခြေရာကို မြတ်​မြတ်​နိုးနိုး ယူခဲ့တဲ့ ​ဇေရဲထက်

ကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး မင်းသားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေတဲ့ဇေရဲထက်ကတော့ မိသားစုပေါ်လည်း အရမ်းသိတတ်သူ တစ်ဦးပါ။ လတ်တလောမှာတော့ ဇေရဲထက်က သူငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အဘွားရဲ့ခြေရာကို တလေးတစာ့း ယူခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမေ့ ခြေရာသာမကပဲ အဘွားရဲ့ ခြေရာကိုပါ ကျေးဇူးသိစွာ ရယူခဲ့သိမ်းဆည်းခဲ့တဲ့ ဇေရဲထက်ကတော့ အရမ်းကို လိမ္မာလွန်းပါတယ်။

ချစ်ပရိသတ်တွေအတွက် ၅လသားကတည်းက သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အဖွားခြေရာကို ယူခဲ့တဲ့ ဇေရဲထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Loading...

ဇေရဲထက်ကတော့ “၅လသားကတည်းက ပြုစုစောင့်ရှောက်ပေးတဲ့ အရမ်းချစ်တဲ့အဘွားရဲ့ ကိုယ်ပွားအဖြစ်ခြေထောက်ရာလေးလိုချင်လို သေချာဂရုစိုက်ပြီး အိမ်အထိလာရောက် ပုံတူယူပေးသော craft loversကိုအထူးကျေးဇူးပါ🙏🙏🙏” ဆိုပြီး သူ့ကို ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့တဲ့ အဖွားဖြစ်သူရဲ့ ခြေရာကို အမြတ်တနိုးယူခဲ့တဲ့အကြောင်း ပြောထားတာပါ။

ဇေရဲထက်ရဲ့အဖွားကလည်း နုလိုက်တာနော်…။

ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ ဇေရဲထက်ကတော့ ပရိသတ်တွေရင်ထဲက အကယ်ဒမီကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေးတစ်ဦးပါ။ လတ်တလောမှာတော့ ဇေရဲထက်က ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာလှုပ်ရှားမှုတွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကျေးဇူးသိတတ်လွန်းတဲ့ ဇေရဲထက်တစ်ယောက် ဒီထက်ပိုပြီးအောင် မြင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။