ဒုတိယ ကမ္ဘာစစ် ကြီးပြီးသွားတာကို မသိလိုက်ပဲ တစ်ယောက်တည်း ၂၉ နှစ် ကြာ စစ်ဆက်တိုက်နေတဲ့ ဂျပန်စစ်သားကြီး

တောထဲမှာ စစ်တိုက်နေရင်း ဂျပန်တွေ စစ်ရှုံးပြီး လက်နက်ချသွားတာ မသိလိုက်ပဲ ၂၉ နှစ်ကြာအောင် တစ်ယောက်တည်း စစ်တိုက်နေခဲ့တဲ့ ဂျပန်စစ်သားတစ်ယောက်အကြောင်း ကွီးစိုးဖတ်မိရာက သဘောကျလို့ ဘာသာပြန်ပေးလိုက်ပါတယ်..ဂျပန်တွေရဲ့ ရှေးထုံးအစဉ်လာအရ ဂျပန်စစ်သားတွေဟာ သတ္တိရှိရမယ် သစ္စာရှိရမယ် ခေါင်းဆောင်ပြောတဲ့ အမိန့်ကို နာခံရပါတယ်.. ဒါဟာ ထုံးစံပါပဲ…

အမေရိကန်ဟာ ဟီရိုရှုးမားနဲ့ နာကာစူကီ မြို့တွေကို အနုမြူဗုံးကြဲချပြီးချိန်မှာတော့… ၁၉၄၅ မှာ ဂျပန်တွေ လက်နက်ချလိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီးက ပြီးဆုံးသွားခဲ့ပါတယ်.. အဲဒါကို မသိလိုက်တဲ့ ဂျပန်စစ်သား တစ်ယောက်ကတော့… ဖိလိပိုင်နိုင်ငံက တောထဲမှာ ၂၉ နှစ်ကြာအောင် တစ်ယောက်တည်း စစ်တိုက်နေခဲ့ပါတယ်…

Loading...

သူနာမည်က ဟိရိုးအွန်နိုတာဖြစ်ပြီး သူဟာ ဂျပန် ဆာမူရိုင်းမျိုးရိုးကနေ ဆင်းသက်လာတဲ့သူ ဖြစ်ပါတယ်…အွန်နိုတာကို 1944 ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖိလိပိုင်နိုင်ငံ Lubang ကျွန်းမှာ တစ်ခြား စစ်သားတွေနဲ့အတူ နေရာချထားခဲ့တာပါ.. အဲဒီအချိန်မှာ သူ့အထက် အရာရှိက စစ်သည်တွေအားလုံးကို မှာခဲ့တယ် ဘယ်တော့မှ လက်နက်မချမပဲ အသေအကြေ တိုက်ခိုက်ဖို့ပါ

အွန်နိုတာတို့ အဲဒီကျွန်းကို ရောက်ပြီး သိပ်မကြာခင် လပိုင်းလေးမှာပဲ… အမေရိကန်နဲ့ မဟာမိတ်တွေက အဲဒီကျွန်းကို သိမ်းပိုက်လိုက်ပါတယ်… အဲဒီကျွန်းသိမ်းတဲ့ စစ်ပွဲမှာ ဂျပန်စစ်သား တော်တော်များများ သေပြီး တော်တော်များများ အဖမ်းခံလိုက်ရပါတယ်…

အွန်နိုတာနဲ့ တစ်ခြား ရဲဘော်သုံးယောက်ကတော့ ကျွန်းမှာရှိတဲ့ တောထူတဲ့ တောင်တစ်ခုပေါ်ကို ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားကြပါတယ်… နောက်ပိုင်းမှာတော့ အွန်နိုတာနဲ့ တစ်ခြားရဲဘော်သုံးယောက်ဟာ မကြာခဏဆိုသလို တောထဲကနေ ထွက်ထွက်လာပြီး ပျောက်ကြား စစ်ဆင်ရေးတွေ လုပ်ကြပါတယ်… ပြီးရင်တောထဲ ပြန်ဝင်သွားပြီး ပုန်းအောင်းနေတတ်ကြပါတယ်..

တစ်ခါတစ်ရံမှာ သူတို့ရိက္ခာရဖို့အတွက် ဒေသခံတွေကိုလည်း တိုက်ခိုက်ကြပါတယ်.. များသောအားဖြင့်တော့ သူတို့ဟာ တောထဲမှာ ငှက်ပျောအူတွေ အုန်းသီးတွေ နဲ့ တစ်ခြားအသီးတွေစားပြီး အသက်ရှင်နေကြတာပါ.. တစ်ခါတစ်ရံမှာတော့ တောဝက်တွေ တောကြက်တွေ ဖွတ်တွေကို စားကြပြီး တစ်ခါတစ်ရံမှာ ဒေသခံတွေရဲ့ နွားတွေကို ခိုးပစ်ပြီးစားကြပါတယ်…

၁၉၄၅ ခုနှစ် အောက်တိုဘာလ မိုးတွေရွာနေတဲ့ တစ်ရက်မှာ အွန်နာတာဟာ ဒေသခံတွေ ထားခဲ့တဲ့ လက်ကမ်းစာစောင်လေးကို တွေ့ခဲ့ပါတယ်… စာထဲမှာရေးထားတဲ့ အကြောင်းရာတွေကတော့ တောထဲမှာ ကျန်နေခဲ့တဲ့ စစ်သားတွေ အပြင်ထွက်လာဖို့ပါ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယ ကမ္ဘာစစ်ပြီးသွားတာ နှစ်လကြာနေပါပြီပေါ့…

အွန်နိုတာနဲ့ သူ့ရဲဘော်တွေကတော့ ဒါဟ ထောင်ချောက်ဖြစ်တယ်… သူတို့ကို ဖျားယောင်းပြီး ထောင်ဖမ်းတဲ့ စာလို့ ယူဆပြီး အဲဒီစာကို အယုံကြည်မရှိကြပါဘူး…

နောက်ထပ် လေးနှစ်ကြာ ၁၉၄၉ အရောက်မှာ ရဲဘော်တစ်ယောက် သူတို့အဖွဲ့ကနေ ထွက်ခွါသွားပြီး သူ့ဘာသူ သီးခြား တစ်ခြားတစ်နေရာမှာ သွားနေပါတယ်… အဲဒီရဲဘော်ဟာ သိပ်မကြာခင်မှာပဲ ဖိလစ်ပိုင် စစ်တပ်ဆီမှာ လက်နက်ချလိုက်ပါတယ်…

တစ်နှစ်အကြာမှာတော့ လက်နက်ချသွားတဲ့ ရဲဘော်ဟာ အွန်နိုတာတို့ ရှိရာ တောထဲကို ပြန်လာပြီး စစ်ကြီးပြီးသွားတာ မှန်ကန်ကြောင်းနဲ့ တောထဲက ထွက်လာဖို့ စာတွေရေးပြီး ချထားခဲ့ပါတယ်… သူတို့ကိုလည်း ဖိလိပိုင် စစ်တပ်က ကောင်းမွန်စွာ စောင့်ရှောင့်ကြောင်းကိုလည်း စာထဲမှာ ထည့်ရေးထားပါတယ်..

ဒါပေမယ့် အွန်နိုတာနဲ့ ကျန်တဲ့ နှစ်ယောက်က အယုံအကြည်မရှိပါဘူး… ဒီကောင်ဟာ ရန်သူနဲ့ ပူးပေါင်းသွားပြီး သူတို့ကို ဖျားယောင်းနေတယ်လို့ ယူဆခဲ့ပါတယ်…

၁၉၅၃ ဂျွန်လ အရောက်မှာတော့… အွန်တိုတာတို့ အဖွဲ့ထဲမှာ ကျန်ခဲ့တဲ့ တစ်ခြား ရဲဘော်တစ်ယောက်ဟာ ဒေသခံ ငါးဖမ်းသမားတွေနဲ့ အပြန်လှန်ပစ်ခတ် ကြပြီး ခြေထောက်မှာ ဒါဏ်ရာရသွားခဲ့ပါတယ်… သူ့ကို ဆေးကုသခွင့် ရခဲ့ပေမယ့် တစ်နှစ်အကြာမှာသေသွားပါတယ်..

ဒုတိယ ကမ္ဘာစစ်ကြီးပြီးပြီး ဆယ်နှစ်အကြာမှာတော့… လက်ကမ်းစာစောင်တွေ နဲ့အတူ အွန်နိုတာနဲ့ တစ်ခြားရဲဘော်ရဲ့ မိသားစု ဓာတ်ပုံတွေ မိသားစုတွေက ရေးတဲ့ စာတွေကို လေယာဉ်ပေါ်ကနေ ကြဲချခဲ့ပါတယ်.. အဲထဲမှာ ဂျပန်စစ်ဗိုလ်ချုပ် ရာမရှိတာရဲ့ လက်နက်ချဖို့ အမိန့်စာလည်း ပါဝင်ပါတယ်…

အွန်နိုတာဟာ အဲဒီစာတွေကို ရခဲ့ပေမယ့်… ဒါတွေအားလုံးဟာ မဟာမိတ်တွေရဲ့ လိမ်ဆင်အကွက်တွေလို့ပဲယူခဲ့ပါတယ်…၁၉၇၂ နှစ်အရောက်မှာတော့… အွန်နိုတာနဲ့အတူ နောက်ဆုံး ကျန်ခဲ့တဲ့ ရဲဘော်ဟာ ပျောက်ကျားစစ် အဖြစ် တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန်မှာ ဖိလိပိုင်ရဲတပ်ဖွဲ့ရဲ့ ပစ်သတ်ခြင်းကိုခံလိုက်ရပါတယ်… အခုတော့ အွန်နိုတာဟာ တောထဲမှာ တစ်ယောက်တည်းပဲ ကျန်တော့တာပါ…

အဲဒီအချိန်ဟာ သူတို့ ဒီကျွန်းကိုရောက်ခဲ့ အချိန်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ၂၈ နှစ်တောင်ကြာခဲ့ပါပြီ၁၉၇၄ အရောက်မှာတော့ ဂျပန်တက္ကသိုလ်က စူဆူကီးဆိုတဲ့ ကျောင်းသား ဦးဆောင်တဲ့ ကျောင်းသားတွေဟာ ဂျပန်အလံတွေကို ကိုင်ဆောင်ပြီး တောထဲမှာ အွန်နိုတာကို ရှာဖွေခဲ့ကြပါတယ်.. နောက်တော့ သူတို့မျှော်မှန်းထားတဲ့ အတိုင်းပဲ တောထဲမှာ အွန်နိုတာကို တွေ့ရှိခဲ့ပါတယ်…

တက္ကသိုလ်ကျောင်းသာ စူဇူကီးက အွန်နိုတာကို တွေ့တဲ့ အချိန်မှာ ကမ္ဘာစစ်ကြီး ပြီးသွားပြီဖြစ်ကြောင်းနဲ့ လက်နက်ချဖို့ ပြောပါတယ်… အွန်နိုတာကတော့ ပြောပါတယ်… သူ့ရဲ့အရာရှိက သူ့ကိုဘယ်တော့မှ လက်နက်မချဖို့ မှာခဲ့အတွက် လက်နက်မချနိုင်ကြောင်း သူ့ကို လက်နက်မချဖို့ အမိန့်ပေးခဲ့ အရာရှိက လက်နက်ချဖို့ အမိန့်ပေးရင်တော့ လက်နက်ချမှာ ဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်..

စူဇူကီးဟာ ဂျပန်ကို ပြန်လာပြီး ဂျပန်အစိုးရကို အွန်နိုတာရဲ့ အရာရှိဟာ ဘယ်သူလဲဆိုတာ သိရဖို့ အကူညီတောင်းခဲ့ပါတယ်… ဂျပန်အစိုးရ ရှာဖွေတဲ့အချိန်မှာ သူ့ရဲ့ အရာရှိဟာ ဗိုလ်မှုး တန်နီဂူချီ ဆိုသူဖြစ်ပြီး အခုအချိန်မှာ စစ်တပ်က အနားယူပြီး အရပ်ဖက်မှာ အေးအေးလူလူ နေပြီဖြစ်ကြောင်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်..

မတ်လ ၉ ရက်နေ့ ၁၉၇၄ ခုနှစ်အရောက်မှာ ဗိုလ်မှူး တန်နီဂူဂျီဟာ အွန်နိုတာရှိရာ ဖိလိပိုင်က ကျွန်းကို လာခဲ့ပြီး အွန်နိုတာကို လက်နက်ချဖို့ အမိန့်ပေးခဲ့ရပါတယ်… အဲဒီအချိန်မှာ အွန်နိုတာဟာ အသက် ၅၂ နှစ်ရှိနေပြီဖြစ်ပြီး တောထဲမှာ ၂၉ နှစ်ကြာ နေထိုင်ခဲ့ပြီးဖြစ်ပါတယ်…

နောက်နေ့မှာတော့ အွန်နိုတာဟာ ဂျပန်စစ်သား ယူနီဖောင်း အပြည့်စုံနဲ့ တောထဲက ထွက်လာခဲ့ပြီး သူ့ရဲ့ ဓားကို ဖိလိပိုင်လေတပ် အကြီးကဲလက်ကို အပ်ပြီး လက်နက်ချလိုက်ပါတယ်…အွန်နိုတာရဲ့ လက်နက်ချပွဲကို ဖိလပိုင်သမ္မတ မာကိုးအရှေ့မှာ နောက်ထပ်ပြုလုပ်ခဲ့ပြီး နိုင်ငံတကာက သတင်းမီဒီယာတွေ တက်ရောက် သတင်းယူခဲ့ကြပါတယ်.. ပြီးတော့ မာကိုးဟာ အွန်နိုတာကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်..

ဘာဖြစ်လို့လဲဆိုတော့အွန်နိုတာနဲ့ သူ့ရဲဘော်သုံးယောက် တောထဲမှာ နေထိုင်ရင်း လုပ်ခဲ့ ပျောက်ကျား စစ်ဆင်ရေးတွေကြောင့်… ဒေသခံ အယောက်သုံးဆယ်လောက် သေခဲ့ပြီး အယောက်တစ်ရာကျော် ဒါဏ်ရာ ရခဲ့ကြအတွက် အွန်နိုင်တာမှာ အပြစ်ရှိနေလို့ပါ

သူလက်နက်ချတဲ့ အချိန်မှာ သူနဲ့အတူ သူ့ရဲ့ ဓားအပါဝင် ရိုင်ဖယ်သေနတ် ကျည်အိမ်ဝိုင်း ငါးရာခန့် နဲ့ လက်ပစ်ဗုံး ရာနဲ့ချီရှိပါတယ်… ဒါအပြင် သူ့စစ်မထွက်ခင်မှာ သူ့အမေ ပေးလိုက်တဲ့ ဓားမြောင်တစ်ချောင်းဟာလည်း သူနဲ့ အတူ ရှိနေပါတယ်.. အဲဒီဓားမြောင်ဟာ စစ်ရှုံးသွားရင် ရန်သူသတ်တာ မခံပဲ ကိုယ့်ဘာသာကိုယ် သတ်သေဖို့ ပေးခဲ့တာပါ…

နောက်တော့ အွန်နိုတာဟာ ဂျပန်ကို ပြန်သွားခဲ့ပါတယ်… ဒါပေမယ့် ဂျပန်မှာ မြင်ရတဲ့ မြင်ကွင်းတွေကို စိတ်မချမ်းသာပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ ဂျပန်ရိုးရာ အဝတ်တွေကို မဝတ်ကြတော့လို့ပါ.. တစ်နှစ်အကြာမှာတော့ သူဟာ ဂျပန်နိုင်ငံက ထွက်ခွါသွားပြီး ဘရာဇီးမှာ မွေးမြူရေးလုပ်ငန်းလုပ်ပါတယ်…

၁၉၈၄ မှာတော့ အွန်နိုတာဟာ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်… အဲဒါကျတော့ ဂျပန် ဆယ်ကျော်သက် တစ်ယောက်ဟာ မိဘာတွေကို သတ်လိုက်တဲ့ သတင်းပါ.. အဲဒီသတင်းကို ဖတ်ပြီးချိန်မှာ အွန်နိုတာဟာ ဂျပန်ကို ပြန်လာပြီး ကလေးတွေအတွက် ပညာရေးအတွက် ကူညီပါဝင် လုပ်ဆောင်ပေးခဲ့ပါတယ်..

၁၉၉၆ မှာတော့ အွန်နိုတာဟာ သူလက်နက်မချခဲ့တဲ့ Lubang ကျွန်းလေးကို ပြန်လာပြီး ဒေသတွင်းက စာသင်ကျောင်းတွေ အတွက် ဒေါ်လာ တစ်သောင်းကို လှူဒန်းခဲ့ပါတယ်..

၂၀၁၄ အရောက်မှာတော့ အွန်နိုတာဟာ နှလုံးရောဂါနဲ့ တိုကျိုမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်.. ဖိလိပိုင်အစိုးရဟာ အွန်နိုတာအတွက် ဝမ်းနည်းကြောင်း သဝန်လွာကို တရားဝင်ပေးပို့ခဲ့ပြီး ကျွန်းလေးပေါ်က ဒေသခံအတွက်တော့ အွန်နိုတာဟာ အခုထိ ပြောစမှတ်ပြုရတဲ့ ပုံပြင်လေးတစ်ပုဒ်အဖြစ် ရှိနေပါတော့တယ်..