နေ့စဉ် ပိုက်ဆံအကြွေစေ့လေးတွေ တကူးတကစုပြီး သားကို ဖုန်းလာဝယ်ပေးတဲ့ ဖခင်

လူတွေဟာ အကြွေဆိုရင် သိပ်အထင်သေးတတ်ကြသလို ငါးဆယ်ပါ၊ တစ်ရာပါဆိုပြီး ပေါ့ပေါ့လျော့လျော့နဲ့ ဖြုံးပစ်တတ်ကြပါတယ်။ တကယ် စီစီစစ်စစ်သုံးတတ်၊ စုတတ်သူတွေအတွက် အကြွေဆိုတာ ဘယ်လောက် တန်ဖိုးရှိကြောင်နဲ့ နောက်ကွယ်က တန်ဖိုးကို အလေးထားတတ်ကြပါတယ်။

မိဘဆိုတာ အကျပ်အတည်း ကြုံနေရင်တောင်မှ သားသမီးတွေအတွက်ဆို ဘာမဆို လုပ်နိုင်သမျှ လုပ်ပေးချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘဆိုတာ သားသမီးတွေရဲ့ အပြုံးမျက်နှာကို မြင်ဖို့ရာအတွက် ကလေးကိုပဲ သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ ချမ်းသာမှုကို အမြဲတမ်းပဲ စတေးထားပြီးသား ဖြစ်လို့ပါပဲ။

ဖိလစ်ပိုင်က ဆင်းရဲသားအဖေတစ်ယောက်က ဒီသက်သေကို ပြလိုက်ပါတယ်။ သားတစ်ယောက်အတွက် မိုဘိုင်းဖုန်းဝယ်ပေးဖို့ (၁)ပီဆိုတန်ဖိုးရှိတဲ့ အကြွေစေ့လေးတွေကို အလဟဿ မဖြစ်စေပဲ အမြောအများ စုဆောင်းထားခဲ့ပါတယ်။ ဒါကို ဖုန်းဆိုင်ပိုင်ရှင် Siakpas Keli ဆိုသူက အင်စတာဂမ်မှာ-

Loading...

တင်လိုက်တဲ့အခါ မဆုတ်မနစ်ကြိုးစားခဲ့တဲ့ ဖခင်ရဲ့အကြောင်းက တစ်ကမ္ဘာလုံးအတိုင်းတာထိ ပျံနှံ့သွားပါတယ်။ ဖခင်ဖြစ်သူရဲ့ နူးညံ့တဲ့ နှစ်လုံးသားကို အားလုံးက ချီးမွမ်းပြောဆိုနေကြပါတယ်။ “ဒီလူကို တွေ့ဖူးလိုက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက တကယ့်ကို ချစ်စရာ၊ လေးစားစရာ ကောင်းလွန်းလို့ပါပဲ။

ဒါကို တွေ့လိုက်တော့ ကိုယ်ချစ်တဲ့ သူကို ဘယ်လို ဖြည့်စည်းပေးရမယ်ဆိုတာ သိလိုက်ရတာပဲ”… လို့ဆိုပြီး Mccory De Leon ဆိုတဲ့သူက ဖုန်းဆိုင်ကောင်တာမှာ အကြွေစေ့တွေ ရေတွက်နေတဲ့ သက်လက်ပိုင်း ဖခင်ရဲ့ပုံကို ထပ်ပြီးဖြန့်ခဲ့ပါတယ်။

အဲဒီလို ရေးသားပြီးတင်လိုက်တဲ့ ပုံရဲ့အောက်မှာ Like ပေးသူပေါင်း 55000 ကျော် ရှိသွားပြီး အင်တာနက်အသုံးပြု သူတွေက ချစ်စရာကောင်းတဲ့ ဖခင်ရဲ့ အမှုအရာကို အရမ်းပဲ သဘောကျသွားပါတယ်။ ဒီအကြောင်းအရာကို ဖတ်ပြီးတော့ မိမိတို့ရဲ့ သားသမီးရဲ့ဆန္ဒကို ဖြည့်စည်းပေးလိုတဲ့ ငွေကြေးချို့တဲ့ မိဘများအနေနဲ့ မိမိတို့ရဲ့ ပိုင်ဆိုင်မှုက အများကြီးထုတ်မသုံးပဲ သားသမီးရဲ့ဆန္ဒကို ဘယ်လိုဖြည့်ပေး နိုင်သလဲဆိုတာကို သတိပြုမိစေမှာပါ။