ဝိုင်းစုခိုင်သိန်းကိုဝလာတယ်ပြောတဲ့သူတွေကိုဒဲ့ပဲပြောချလာတဲ့အောင်လ

ပရိသတ်တွေ အားကျရတဲ့ ကြည်နူးဖွယ်ကောင်းတဲ့ အောင်လတို့စုံတွဲလေးကတော့ သီချင်းတွေကို အတူဖန်တီးရင်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပေးရင်းနဲ့ ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အောင်လက ချစ်သူလေး ဝိုင်းစုတစ်ယောက် ဝလာတဲ့အပေါ် ဘယ်လိုမြင်လဲဆိုတဲ့ မီဒီယာမေးခွန်းကို လေးလေးနက်နက်နဲ့ သေချာဖြေပေးခဲ့တာ တွေ့ရပါတယ်။ ချစ်တတ်လွန်းသူကြီးအောင်လကတော့ ချစ်သူချောချောလေးကို ကြိုက်တာမဟုတ်ပဲ ချစ်တာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပုံစုံပဲ ဖြစ်ဖြစ် ချစ်နေမယ့်အကြောင်းကို ရိုးရှင်းစွာ ဖြေပေးခဲ့တာကြောင့် ပရိသတ်တွေ သဘောကျနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် ချစ်သူက ဘယ်လိုပဲဖြစ်ဖြစ် ချစ်နေမယ်ဆိုပြီး လေးလေးနက်နက် ဖြေဆိုခဲ့တဲ့ အောင်လရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Loading...

မီဒီယာတွေကတော့ ဝိုင်းစု ဝလာတော့ ဝလာတဲ့ ပုံစုံလေးကို သဘောကျလားလို့ အောင်လကို မေးခဲ့ကြတာပဲဖြစ်ပါတယ်။ အဆိုပါ မေးခွန်းကိုတော့ အောင်လက “သူ့ဘာသာသူ ဝဝ ပိန်ပိန်ပေါ့နော် ဒါကတော့ ချစ်တာကိုးနော် ကြိုက်တာမဟုတ်ဘူး အဲ့လိုမျိုးပေါ့ ဆိုတော့ သူ ပိန်ပိန် ဝဝပေါ့ ဒါပေမယ့် သူ့ပရိသတ်တွေ ချစ်ဖို့ ပိုအရေးကြီးပါတယ် ကျွန်တော်ချစ်ဖို့ထက်” ဆိုပြီး ချစ်သူလေးကို ကြင်နာစွာ ပြောထားတာပါ။

ခရီးသွားရတာ ဝါသနာပါလွန်းတဲ့ ဝိုင်းစုတို့ ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို အလှပဆုံးသော နေရာတွေဆီ လှည့်ပတ်ခရီးထွက်ဖြစ်နေတာလည်း တွေ့ရပါတယ်။

ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ အောင်လနဲ့ ဝိုင်းစုတို့ ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေလည်း ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်နော်။

လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေလည်းဆက်တိုက်လုပ်နေတဲ့ အောင်လတို့စုံတွဲလေးကတော့ တကယ့်ကို ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးဆိုရင်လည်း မမှားပါဘူး။ချစ်ပရိသတ်တွေလည်း တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်အဝပေးပြီး ဘဝကို အကောင်းဆုံး ရှေ့ဆက်နေကြတဲ့ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကိုချစ်ရင် Share သွားဖို့မမေ့ပါနဲ့နော်။