ယောနိကို ပါးစပ်က စကားပြောတဲ့ပုံစံမျိုးနဲ့ ဟာသလုပ်ခဲ့တဲ့ သူနာပြု အဝေဖန်ခံနေရ

အသည်းအသန်နေမကောင်းဖြစ်နေတဲ့ အမျိုးသမီးလူနာကို လိုအပ်ချက်အရ ယောနိဖယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဖယ်ထုတ်ထားတဲ့ယောနိကို အမျိုးသားသူနာပြုတစ်ယောက်က သူတို့လုပ်ဖော်ကိုင်ဘက်အချင်းချင်း ဟာသလုပ်တဲ့သဘောနဲ့ အသုံးချခဲ့တယ်လို့ UniLad သတင်းစာက ဆိုပါတယ်

အဲဒီသူနာပြု William Kennedy ဟာ ယောနိကို လူတစ်ယောက်ရဲ့ပါးစပ်က စကားပြောတဲ့ပုံစံမျိုးနဲ့ ဟာသလုပ်ခဲ့တာဖြစ်ပြီး ” ဟယ်လို ကျွန်မကတော့ လူနာ(A)ပါ … အားလုံး အဆင်ပြေကြလား “ဆိုပြီး နောက်ပြောင်ခဲ့တာပါ။ William ဟာ အသက်(၅၈)နှစ်ပါ။

Loading...

သူဟာ ဝေးလ်နိုင်ငံတောင်ပိုင်း၊ Blackwood မှာဖွင့်လှစ်ထားတု့ Cwmgelli Lodge Care Home မှာ သူနာပြုလုပ်ခဲ့ပါတယ်။ William ဟာ စိတ်ကဆင့်ကလျားဖြစ်နေသူလို့ သိရပြီး၊ (၂၀၁၇)မှာ ဒီပြစ်မှုကျူးလွန်ပြီးနောက်၊ (၂၀၁၈) ဖေဖော်ဝါရီလမှာ လူနာတစ်ယောက်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။

သူဟာ အခုအချိန်ထိ အဲဒီဆေးရုံမှာ ဆက်လက်တာဝန်ထမ်းဆောင်နေသူလို့ သိရပါတယ်။ သူ့အမှုကို Nursing and Midwifery Council (NMC) က ဘုတ်အဖွဲ့ဖွဲ့ပြီး စစ်ဆေးခဲ့တာဖြစ်ပြီး၊ သူ့ကို မူလဝတ္တရားတွေအတိုင်း တာဝန်ပြန်ထမ်းဆောင်စေခဲ့တာ အငြင်းပွားစရာပါ။

စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ လူနာတစ်ဦးကို တိုက်ခိုက်ခဲ့မှုအတွက် Gwent Magistrates’ Court တရားရုံးက သူ့ကို လူမှုရေးပြစ်ဒဏ်သာ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အများပြည်သူကတော့ သူ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံကို ရှောင်ရှားဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။