အထာကျချင်လွန်းလို့ ကွင်းထဲဖြတ်ပြေးခဲ့ပေမယ့် ဆိုးရွားစွာအရှက်ကွဲသွားခဲ့ရတဲ့ လိဒ်ပရိသတ်

ပြီးခဲ့တဲ့လအတွင်းတုန်းက လိဂ်ချန်ပီယံရှစ်ကလပ်လိဒ်ယူနိုက်တက်အသင်းနဲ့ ဆယ်ဖော့စီးတီးအသင်းတို့ဟာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဲဒီပွဲစဉ်မှာ လိဒ်ယူနိုက်အသင်းက အာဆင်နယ်က အငှားခေါ်ယူထားတဲ့ Nketiah ရဲ့ခြေစွမ်းပြမှုနဲ့အတူ (၃) ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ် ။Nketiah ဟာ အဲပွဲစဉ်မှာ လိဒ်ယူနိုက်တက်အတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါသေးတယ်။

အဲဒီပွဲစဉ်မှာထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒါကတော့ ပရိသတ်တစ်ယောက်ဟာ ကွင်းအတွင်းကိုဖြတ်ပြေးခဲ့တာပါ။ ဘောလုံးပွဲတွေမှာ ကွင်းအတွင်းဖြတ်ပြေးမှုတွေ များစွာရှိခဲ့ပေမယ့် ဒီတစ်ခေါက်ကတော့ အနည်းငယ်ထူးဆန်းခဲ့ပါတယ်။

Loading...

သူဟာ ဖြတ်ပြေးရုံဝင်မကဘဲ ဂိုးသွင်းဖို့ပါ ကြိုးပမ်းခဲ့တာပါ။ သူဟာ ဂိုးသမားတောင်မရှိတော့ဘောလုံးကို အနီးကပ်ပိတ်သွင်းယူဖို့ (၂) ကြိမ်တိုင်တိုင် ကြိုးစားခဲ့တာဖြစ်ပေမယ့် အဆုံးသတ်မှာ မအောင်မြင်ခဲ့ပါဘူး။

ဒီလောက်လွယ်ကူလွန်းတဲ့အခြေအနေကိုတောင် ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တဲ့သူ့ရဲ့လုပ်ရပ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ “ဒီကောင်သောက်သုံးလုံးဝမကျတာပဲ” “ဒီကောင်ရဲ့ဦးနှောက်ထဲမှာ အမှိုက်တွေချည်းပဲ” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

အင်္ဂလ်ထိပ်သီးမီဒီယာ Daily Mail ကလည်း ဒါဟာကွင်းအတွင်းဖြတ်ပြေးမှုတွေထဲမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ဆိုးဆိုးရွားရွားလွဲချော်ခဲ့တဲ့ ကွင်းထဲဖြတ်ပြေးဝင်ခဲ့တဲ့ပရိသတ်