ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများသို့သဘာဝဘေးအန္တရာယ်များအတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမယ့်ခိုင်နှင်းဝေ

0
428







ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများသို့ ကျမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှ သဘာဝဘေးအန္တရာယ်များအတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်ရှင်…

ဒေါ်လန်းကျေးရွာအုပ်စု အိမ်ခြေ စုစုပေါင်း — ၁၁၄၃ စု

အိမ်ထောင်စုတစ်စုလျှင်,,,ဆန် — ၅ပြည် (တစ်ပြည် ၁၀၀၀ထောင် နှုန်း×၅ = ၅၀၀၀ကျပ် )၊ဆီ၁လီတာ — ၂ဗူး ( ၁ဗူး၈၀၀ကျပ်×၂ = ၁၆၀၀ကျပ်)၊ငါးသေတ္တာ — ၁၀ဗူး ( တစ်ဗူး၃၅၀ကျပ်×၁၀ = ၃၅၀၀ကျပ်)၊ရေသန့်၁လီတာ — ၁ကဒ် ( ၈၅၀ကျပ်)၊မုန့်ခြောက် — ၂ထုပ် (တစ်ထုပ် ၇၀၀ ကျပ်×၂ = ၁၄၀၀ကျပ်)

အိမ်ထောင်စုတစ်စုလျှင်စုစုပေါင်း = ၁၂,၃၅၀ ကျပ်နှုန်းဖြင့် ရေဘေးသင့်ကာကယံရှင်ပြည်သူများထံသို့တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်…ကျမရဲ့ fb messenger နှင့် အသင်းဖုန်းများသို့ ပါဝင်လှူဒါန်းချင်တယ်ဆိုပြီးဆက်သွယ်ထားသော အလှူရှင်များအားလုံးလည်း အခုဖော်ပြထားသည့်နှုန်းထားအတိုင်း မိမိလှူဒါန်းလိုသော အိမ်ထောင်စုအရေအတွက်အတိုင်းလှူဒါန်းနိုင်ပါတယ်…

ရေဘေးသင့်ပြည်သူများအားလုံး အခက်အခဲများမှအမြန်ဆုံးကင်းဝေးနိုင်ကြပါစေရှင်…

ခိုင်နှင်းဝေပရဟိတအသင်း

Loading...