နတ်သက်ကြွေလာပြီးလူပြည့်ကပုရိသတွေကိုဖမ်းစားမယ့်အလှဓာတ်ပုံတွေတင်လိုက်တဲ့မအေးသောင်း

0
85

လွန်ခဲ့တဲ့ နှစ်တွေက ထူးခြားတဲ့ အလှအပတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ချစ်စရာမင်းသမီးလေး မအေးသောင်းကတော့ နှစ်တွေအကြာကြီးနေမှ အနုပညာလောကထဲကို အရှိန်နဲ့ ပြန်လည်ဝင်ရောက်လာသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူမရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတဲ့ မအေးသောင်းကတော့ လတ်တလောမှာလည်း မိန်းကလေးချင်းတောင် ငေးမောယူရတဲ့ မဟာဆန်ဆန်အလှတရားတွေ ပေါ်လွင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဝတ်စုံလေး ဝတ်ထားပြီး အရမ်းကို လှရက်လွန်းတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေက အရမ်းကြွေနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် မြန်မာဝတ်စုံ ရိုးရိုးလေးနဲ့တောင် အရမ်းကို လိုက်ဖက်ပြီး လှချင်တိုင်းလှနေတဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “သံယောဇဉ်ဆိုတာ အချစ်မရှိတဲ့နောက်ကျန်ခဲ့တဲ့ လက်ကျန်အချစ်အပိုင်းအစတွေပေါ့။ အချိန်ကြာလာတော့လည်း သံယောဇဉ်ဆိုတာဟာလဲ ပျောက်ကွယ်ရတာပဲလေ။ ဘာမှမတည်မြဲဘူးလေ။” ဆိုပြီး ကဗျာဆန်ဆန် စာလေးနဲ့ သူမရဲ့အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

တကယ့်ကို လှပသော မိန်းမပျိုလေးပါပဲ မအေးသောင်းရယ်…

လတ်တလောမှာတော့ မအေးသောင်းက သူမချစ်ရတဲ့ အနုပညာအလုပ်တွေကို အပြည့်အဝအချိန်ပေးပြီး လုပ်ဖြစ်နေပြီး၊ ပရဟိတအလုပ်တွေမှာလည်း အားကြိုးမာန်တက် ပါဝင်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ မအေးသောင်းရဲ့အချစ်ရေးကတော့ ငြိမ်သက်နေဆဲပါပဲ။ ချစ်ပရိသတ်တွေည်း မိန်းကလေးချင်းတောင် လည်ပြန်ငေးယူရလောက်တဲ့ မအေးသောင်းရဲ့အလှပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Loading...