ကိုဗစ်ဒုတိယလှိုင်းမှာ ကျရှုံးခဲ့ရတဲ့ဆရာဝန် တစ်ဦးရဲ့ရင်တွင်းခံစားချက်များ

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ (၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ မနက်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့ ၄၅ ယောက်ထဲမှ case နံပါတ် 1213 ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းနှင့် ထိတွေ့မိရာမှသက္ကလ တိုက်နယ်ဆရာဝန် (၁) ဦး၊ ဆေးစပ်ကျွမ်းကျင် (၁) ဦး၊ အထွေထွေလုပ်သား (၄) ဦး၊ အခြားထိတွေ့သူ (၂)ဦး၊ လူနာ (၁) ဦး စုစုပေါင်း (၉) ဦး။ ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဂရုစိုက်ပါဆရာ အရာရာ အကောင်းဆုံး နဲ့ ဖြတ်ကျော်သွားနိုင်မှာပါfighting နော် ဆရာ ဆုတောင်းပေးနေပါ့မယ်။ ဆရာနှင့်အတူကျန်းမာရေးဝန်ထမ်းအားလုံးကိုလေးစားလျက်ပါ။

ဘယ်သူမှတော့မဖြစ်စေချင်ကြပါဘူးဆရာ ကာကွယ်ရင်းနဲ့ လက်တကမ်းမှာရှိတဲ့ Covidကြောင့်သတိလစ်သွားတဲ့အချိန်ဖြစ်သွားတာပါဒါကြောင့်ဆရာကိုယ်တိုင်ကစိတ်ဓါတ်မကျပဲ ဦးဆောင်ပြီးတိုက်ပွဲဝင်ပေးမှသာ တခြားသူတွေအတွက်ခွန်အားဖြစ်စေမှာပါ။ အခြားဒေသက ဆရာဝန်တွေရဲ့ ကရုဏာကြီးမားပုံ ရဲရင့်မှုတွေကို ဖတ်ရတဲ့အခါ မြန်မာပြည်သူတွေရဲ့ အားကိုးယုံကြည်မှုတွေ မြင့်မားလာကြတယ်။ကိုယ့်ဒေသက ဆရာဝန်အကြောင်းလည်း ဖော်ပြချင်လာတယ်။ ဆရာ့ဆီမှာ အထကသက္ကလအတွက် PPE ဝတ်စုံအလှူခံတော့ ဆရာက လှူဒါန်းမယ့်အနေအထားလေးကို ပြောပြပါတယ်။

Loading...

Covid 19 ဖြစ်ခါစမှာ ကြိုတင်ပြင်ဆင်ဖို့ ဆေးရုံမှာPPE ဝတ်စုံနှင့်ဆက်စပ်ပစ္စည်းများအတွက် အလှူရှင်များက လှူဒါန်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်ကလည်း ခွဲတမ်းတချို့ ပေးအပ်ခဲ့ပါတယ်။ ယခုအချိန်မှာ ကျောင်းများပြန်ဖွင့်ချိန်တွင် လိုအပ်မှုရှိသည့်အတွက် အပြင်မှာ ဝယ်ယူဖို့ ခက်ခဲနိုင်တဲ့အတွက် လိုအပ်သောနေရာများဖြစ်သည့်အပြငနဂိုအလှူရှင်များလည်း အလှူနှစ်ထပ်ကွမ်းဖြစ်မှုနှင့် ဝမ်းမြောက်မှု ဖြစ်ရန် အထကသက္ကလကို PPE ဝတ်စုံ ၃စုံကို လှူဒါန်းလိုက်ပါတယ်လို့ ပြောပြပါတယ်။ ဒေါက်တာဇင်ကိုလတ် (သက္ကလတိုက်နယ်ဆေးရုံ) သည် ကျောင်းသားမိဘတဦးလည်း ဖြစ်ပါသည်။

အထကသက္ကလကျောင်းအတွက် ဒေါက်တာဇင်ကိုလတ် (သက္ကလဆေးရုံ) ကိုယ်စား မိဘဆရာအသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးစိန်ဝေသွင်မှ အထကသက္ကလ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းဝင်းဦးထံသို့ PPEဝတ်စုံ ၃စုံကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ကျောင်းဖွင့်ခွင့် A အဆင့်ရရှိရန် ကူညီပေးကြသော ဒေါက်တာဇင်ကိုလတ်သက္ကလတိုက်နယ်ဆေးရုံ အထူးကျေးဇူးတင်ရှိပါသည်။ maskတပ်ပါ လက်ဆေးကြပါလို့အကြံပြုပါစေ။ အစိုးရိမ်မလွန်ကြပါစေနှင့်။ သတိရှိကြပါ။ လူဆိုတာတစ်နေ့သေရမှာပါ။သိပြီးသားဆိုရတနာသုံးပါးမမေ့ကြပါနဲ့။ ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်ကိုနားစွင့်ပါစည်းကမ်းတကျလိုက်နာပါ။

တာဝန်ရှိလူကြီးများကျန်းမာရေးဝန်ထမ်းများအားစိတ်တက်ကြွစေရန်အားပေးပါသင်တို့၏လက်ခုပ်သံကလူ့အသက်ပေါင်းများစွာကိုကယ်တင်စေနိုင်ပါသည်။ကုသိုလ်ရေစေပါသည်။အားလုံးကျန်းမာရွှန်လန်းကြပါစေ။ အခုအချိန်မှာ ကိုယ်မြို့နယ်မပါလို့ဝမ်းသာကြမှာထက် ကိုယ့်မြို့ ကိုယ့်တိုင်း ကိုယ့်ပြည်နယ် ကိုယ့်နိုင်ငံတွင်းမှာ ထပ်မတိုးစေဖို့ဆုတောင်းရမယ့်အချိန်ပါ။ပြည်သူများလည်း လက်တွဲ ပူးပေါင်းစည်းကမ်းလိုက်နာပြီး ဒီကပ်ဆိုးကြီးလွင့်စင်ပပျောက်ပြီးတကမ္ဘာလုံးအေးချမ်းသာယာရှိပါစေ။