အောင်ဘာလေထီ သိန်း (၁၀၀၀) ဆု ပေါက်သည့် ဆုငွေအားလုံး မိန်းမဆီ အပ်မည့် ချင်းအမျိုးသားကြီး

ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာ နေထိုင်တဲ့ ဦးတီလ်ကီးယန် (U Tial Kian) က အကြိမ် (၂၀) မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ သိန်းတထောင်ဆု ဆွတ်ခူးရရှိတယ်လို့ သတင်းရရှိပါတယ်။ ဦးတီလ်ကီးယန်ဟာ အသက် (၆၃)နှစ်အရွယ်ရှိပြီဖြစ်ပြီး အရင်က ကြေးနန်းစာတိုက်ရုံးတွင် အလုပ်လုပ်ခဲ့ပြီး ပင်စင်ယူထားတာ တစ်နှစ်ကျော်သာ ကြာပါသေးတယ်။

သိန်းတထောင်ဆုပိုင်ရှင် ဦးတီလ်ကီးယန်က “ထီပေါက်တော့ အရမ်းပျော်တာပေါ့။ မပျော်လို့ဘယ်နေမလဲ။ ဒီဆုနဲ့ ဘာလုပ်မလဲဆိုတာ မစဉ်းစားရသေးဘူး။ ပထမဆုံးတော့ မိန်းမဆီမှာ အရင်ဆုံး တစ်ပြားမကျန်အပ်မယ်။ ပြီးရင် ဘာလုပ်မလဲဆိုတာ ဆွေးနွေးကြမယ်” လို့ပြောပါတယ်။

Loading...

ဟားခါးမြို့တွင် သိန်းတထောင်ထိ ထီပေါက်ဖူးတာ အခု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဦးတိလ်ကီးယန်ဟာ ပိုက်ဆံရှိတဲ့ချိန်မှာ ထီလက်မှတ် ဝယ်လေ့ရှိပြီး အခုထီပေါက်တဲ့လက်မှတ်ဟာ မိုးယံဂိုဂိုစံဆိုင်ကနေ ၅ စောင်တွဲ ၂ စောင်၊ တစ်သောင်းဖိုးဝယ်ထားတဲ့ ထီလက်မှတ်ကနေ ဆုရတာဖြစ်ပါတယ်။

ဦးတိလ်ကီးယန်တွင် သား ၂ ယောက်နဲ့ သမီး ၂ ယောက်ရှိပါတယ်။ (Zelan)

ေအာင္ဘာေလထီ သိန္း (၁၀၀၀) ဆု ေပါက္သည့္ ခ်င္းအမ်ိဳးသားႀကီး ဆုေငြအားလုံး မိန္းမဆီ အပ္မည္ဟုဆို..

ဟားခါးၿမိဳ႕ ခ်င္းဦးစီးရပ္ကြက္မွာ ေနထိုင္တဲ့ ဦးတီလ္ကီးယန္ (U Tial Kian) က အႀကိမ္ (၂၀) ေျမာက္ ေအာင္ဘာေလ ထီဖြင့္ပြဲမွာ သိန္းတေထာင္ဆု ဆြတ္ခူးရရွိတယ္လို႔ သတင္းရရွိပါတယ္။ ဦးတီလ္ကီးယန္ဟာ အသက္ (၆၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး အရင္က ေၾကးနန္းစာတိုက္႐ုံးတြင္ အလုပ္လုပ္ခဲ့ၿပီး ပင္စင္ယူထားတာ တစ္ႏွစ္ေက်ာ္သာ ၾကာပါေသးတယ္။

သိန္းတေထာင္ဆုပိုင္ရွင္ ဦးတီလ္ကီးယန္က “ထီေပါက္ေတာ့ အရမ္းေပ်ာ္တာေပါ့။ မေပ်ာ္လို႔ဘယ္ေနမလဲ။ ဒီဆုနဲ႕ ဘာလုပ္မလဲဆိုတာ မစဥ္းစားရေသးဘူး။ ပထမဆုံးေတာ့ မိန္းမဆီမွာ အရင္ဆုံး တစ္ျပားမက်န္အပ္မယ္။ ၿပီးရင္ ဘာလုပ္မလဲဆိုတာ ေဆြးေႏြးၾကမယ္” လို႔ေျပာပါတယ္။

ဟားခါးၿမိဳ႕တြင္ သိန္းတေထာင္ထိ ထီေပါက္ဖူးတာ အခု ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ဦးတိလ္ကီးယန္ဟာ ပိုက္ဆံရွိတဲ့ခ်ိန္မွာ ထီလက္မွတ္ ဝယ္ေလ့ရွိၿပီး အခုထီေပါက္တဲ့လက္မွတ္ဟာ မိုးယံဂိုဂိုစံဆိုင္ကေန ၅ ေစာင္တြဲ ၂ ေစာင္၊ တစ္ေသာင္းဖိုးဝယ္ထားတဲ့ ထီလက္မွတ္ကေန ဆုရတာျဖစ္ပါတယ္။

ဦးတိလ္ကီးယန္တြင္ သား ၂ ေယာက္နဲ႕ သမီး ၂ ေယာက္ရွိပါတယ္။ (Zelan)