အျမန္လမ္းေပၚက ရည္႐ြယ္ခ်က္ ရွိရွိ လူသတ္ၾကသူမ်ား

အျမန္လမ္းမိုင္တိုင္ (226)ဝန္းက်င္ မေန႕က 9.1.2021ရက္ ည(10:30)အခ်ိန္တြင္ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ နာမည္ႀကီး အဆိုေတာ္ သ႐ုပ္ေဆာင္ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ Alphard အျဖဴေရာင္ယာဥ္သည္

အျမန္လမ္းမိုင္တိုင္ 226အေရာက္ အတက္အဆင္း လမ္းေပ်ာက္သည့္ေနရာတြင္ (​ခန့္မွန္း) အရွည္ ေျခာက္ေပ အခ်င္း ငါးလက္မ ေျခာက္လက္မ ရွိေသာ သစ္လုံးတစ္လုံးအား အျမန္လမ္း လမ္းအလယ္တြင္ ကန့္လန့္ ပိတ္ထား မႈအား ႐ုတ္တစ္ရပ္ေတြ႕ရွိလိုက္ရသျဖင့္

ကီလို ၁၀၀အရွိန္ျဖင့္ ေမာင္း ႏွင္လာေသာယာဥ္မွာ သစ္လုံးကို ရသေလာက္ေရွာင္တိန္းရင္း ကားဘယ္ဘက္ဘီး ကားဝမ္းဗိုက္တို႔ႏွင့္ တိုက္မိသျဖင့္ ကားဘီးေပါက္ ဂီယာေဘာက္ကြဲ တိုက္ေလာက္ေကြး ကားေအာက္ပိုင္း တစ္ခုလုံး သစ္လုံးျဖင့္ ပြတ္တိုက္မိခဲ့ပါသည္။

ထိုအခ်ိန္ ကားမရပ္ဘဲ ေရွ႕ဘီးအေပါက္ျဖင့္ ေလးဖာလုံေလာက္ ဆက္ေမာင္းႏွင္ၿပီးမွ ကားရပ္ကာ ေရွ႕ဘီး ျမန္ျမန္လဲၿပီး ကားဆက္ေမာင္းလာခဲ့ပါတယ္ ကားေပၚစီးနင္းလိုက္ပါလာတဲ့ အမ်ိဳးသား (၂)ေယာက္လုံး ဒဏ္ရာရရွိမႈ မရွိခဲ့ေပမဲ့ အျမန္လမ္း မိုင္တိုင္ 230 အေရာက္တြင္ ကားမွာ ေမာင္းမရေတာ့ပဲ စက္ေသသြားခဲ့ပါသည္။

ည(10.55)မိနစ္တြင္ ကြၽန္ေတာ္တို႔ထံ ဖုန္းဝင္လာၿပီး မနက္အေရးႀကီးအလုပ္ ကိစၥတစ္ခုရွိေၾကာင္းႏွင့္ လမ္းမွသစ္လုံးအား အရွိန္ႏွင့္ တက္နင္းမိေၾကာင္း ဖုန္းဆက္အကူအညီေတာင္းလာပါသျဖင့္ အသင္းမွ အေရးေပၚ ကယ္ဆယ္ေရးယာဥ္ တစ္စီးျဖင့္ ခ်က္ခ်င္းထြက္ခြါ၍ အေရးေပၚ သြားေရာက္ကူညီခဲ့ရပါသည္။

ည(12:00)နာရီအခ်ိန္တြင္ ကားပ်က္ေနသည့္ အျမန္လမ္း မိုင္တိုင္(230)သို႔ေရာက္ရွိၿပီး ေမာင္းမရေတာ့သည့္ယာဥ္အား ကရိန္းျဖင့္ ေ႐ႊ႕ေျပာင္းသယ္ေဆာင္ၿပီး အမ်ိဳးသားႏွစ္ဦး ကိုေတာ့ မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္းမွ ကယ္ဆယ္ေရးယာဥ္ျဖင့္ မႏၲေလးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရပါသည္။

လူႀကီး မိဘမ်ားအေနျဖင့္လည္း အျမန္လမ္းေပၚတြင္ လူသားခ်င္း ကိုယ္ခ်င္းစာစိတ္မရွိပဲ ဝမ္းတစ္ထြာအတြက္ အစုလိုက္ အၿပဳံလိုက္ မိသားစုလိုက္ သတ္ဖို႔ ဝန္မေလးတဲ့သူေတြ အသင့္ရွိေနၾက တယ္ဆိုတာ သတိေပးရင္း

အျမန္လမ္းေပၚမွ ခရီးသြားလာေနၾကေသာ မိဘျပည္သူမ်ားအားလုံး အႏၲရာယ္ကင္းစြာျဖင့္ လိုရာခရီးကို ေခ်ာေခ်ာမြန္မြန္ ေရာက္ရွိၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔ သလိုက္ရပါသည္။

မိတၳီလာၿမိဳ႕ ျမန္မာနိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္း 09799204106 09402684996

K3 ေသြးသစၥာထီလာေျမ

Unicode

အမြန်လမ်းပေါ်က ရည်ရွယ်ချက် ရှိရှိ လူသတ်ကြသူများ

အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင် မနေ့က 9.1.2021ရက် ည(10:30)အချိန်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် အမျိုးသားတစ်ဦး မောင်းနှင်လာသော Alphard အဖြူရောင်ယာဥ်သည်

အမြန်လမ်းမိုင်တိုင် 226အရောက် အတက်အဆင်း လမ်းပျောက်သည့်နေရာတွင် (​ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအား အမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထား မှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့်

ကီလို ၁၀၀အရှိန်ဖြင့် မောင်း နှင်လာသောယာဥ်မှာ သစ်လုံးကို ရသလောက်ရှောင်တိန်းရင်း ကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲ တိုက်လောက်ကွေး ကားအောက်ပိုင်း တစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့် လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှ ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ပါတယ် ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား (၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် 230 အရောက်တွင် ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။

ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့် လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက်အကူအညီတောင်းလာပါသဖြင့် အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဥ် တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ် သွားရောက်ကူညီခဲ့ရပါသည်။

ည(12:00)နာရီအချိန်တွင် ကားပျက်နေသည့် အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီး မောင်းမရတော့သည့်ယာဥ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး အမျိုးသားနှစ်ဦး ကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ ကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါသည်။

လူကြီး မိဘများအနေဖြင့်လည်း အမြန်လမ်းပေါ်တွင် လူသားချင်း ကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက် အစုလိုက် အပြုံလိုက် မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြ တယ်ဆိုတာ သတိပေးရင်း

အမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသော မိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ရပါသည်။

မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း 09799204106 09402684996

K3 သွေးသစ္စာထီလာမြေ