လက်မထပ်ခင် အတူတူနေတာကို ထောက်ခံသွားတဲ့ ထက်ထက်ထွန်း

Cele News

လက်ရှိအချိန်မှာ မော်ဒယ်လ်လောကမှာလည်း လူသိများလာပြီး ချစ်စဖွယ် ရုပ်ရည်လေးနဲ့ ချောမောလှပပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံ ချစ်ခင်မှုကို ရရှိနေတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ အခုတွေအခု ကြိုက်အခုယူပြီး ကွဲကြတာထက်စာရင် လက်မထပ်ခင် အတူတူ နေကြည့်တာက မှန်နေသလားပဲလို့ Sunday ရဲ့အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ် ။

ထက်ထက်ထွန်းက “တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ရှေ့ဆက်နေကြရင်တော့ ဘာမှတော့ ပြောစရာ မရှိပါဘူး ။ ဘယ်လိုပြောမလဲ ချက်ချင်းကြီး အခုကြိုက်အခုတွဲ အခုယူလိုက်ပြီးတော့မှ ဘာမှ မစဉ်းစား တစ်ယောက်အကြာင်းတစ်ယောက် မသိဘဲ ယူလိုက်ကြီးမှ အတူတူ နေလိုက်ပြီးတော့ အဆင်မပြေဘူးဆို ကွဲကြပြဲကြထက် စာရင်တော့ အတူတူ နေကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေဘူး တွဲကြည့်တယ် ။

Loading...

နိုင်ငံခြားမှာဆိုရင် အဲ့လိုပဲ နိုင်ငံခြားရဲ့ယဉ်ကျေးမှုကို အရမ်းလက်ခံတာ မဟုတ်ဘူး တစ်ခါတစ်လေကြရင် သူတို့ဟာပဲ မှန်နေသား တစ်ခါတစ်လေကြရင် ကိုယ့်ယဉ်ကျေးမှုကပဲ မှန်နေသလားပေါ့ ။ အဲ့လိုမျိုးတွေကတော့ လူအပေါ် မူတည်တာပေါ့နော် ။ တချို့ကြတော့ ချက်ချင်းကြိုက် ချက်ချင်းယူပြီး အဆင်ပြေသွားတဲ့ အိမ်ထောင်ရေးတွေလည်း ရှိတယ် တချို့ကြတော့လည်း နောက်ကျမှ သိရတာဆို အဆင်မပြေဘူးဆိုတော့ ယူပြီးမှ တစ်ခုလပ်ဖြစ်သွားမယ့် အစား ။

အဲ့လို အတူတူ နေရင်းနဲ့မှ တစ်ယောက်အကြောင်းတစ်ယောက် သိပြီးတော့ တကယ်ငါ့နားမှာ သူရှိမှ ဖြစ်မယ်ဆိုတဲ့ စိတ်မျိုးဝင်လာတဲ့ အခါကျရင်တော့ Will You Marry Me ဆိုပြီး လက်ထပ်ခွင့် တောင်းကြတယ် ။ နိုင်ငံခြားမှာပေါ့ အဆင်မပြေဘူးဆိုလည်း တစ်ခုလပ်ဆိုတဲ့နာမည် မကျန်ခဲ့တော့ဘူး ။ လောလောဆယ်မှာတော့ အချစ်ရေးတို့ အိမ်ထောင်ရေးတို့ကျု အဲ့လောက်ကြီး ဦးစားမပေးထားဘူး ။

ကိုယ်လုပ်ချင်တဲ့ အလုပ်အတွက် ကိုယ့်ရဲ့ အလုပ်အတွက် အဲ့လိုမျိုးလေးတွေပဲ အဓိက ဦးစားပေးပြီးတော့ အားစိုက်တယ် တကယ်တမ်း လုပ်ငန်းခွင်ထဲ ဝင်လာပြီ တစ်ယောက်နဲ့တစ်ယောက် အရမ်း နားလည်မှု ရှိလာပြီဆိုရင် အချစ်ရေး အိမ်ထောင်ရေးက အဓိက နံပါတ်မဟုတ်တော့ဘဲနဲ့ နှစ်ဦးပေါင်းဖက်ရင် အဆင်ပြေဖို့ အနာဂတ် အဆင်ပြေဖို့ ခေါင်းထဲမှာ တခြားသော Target တွေ အများကြီးဝင်သွားရင် ဒါတွေက အသေးအမွှားလို ဖြစ်သွားတယ်လို့လည်း ပြောပြသွားခဲ့ပါတယ် ။

Credit : Nanmalgyi