” မွေးလအစမှာ သိန်း(၅၀၀)ထီဆုကြီးကို ကံထူးခဲ့တဲ့အွန်လိုင်း ဟာသသရုပ်ဆောင်အလင်းသခင်”

ပရိသတ်ကြီးရေ ဟာသအွန်လိုင်းသရုပ်ဆောင် အလင်းသခင်ကတော့ ပရိသတ်တော်တော်များများက အားပေးရတဲ့သူတစ်ယောက်ပါ။

ဟာသလေးတွေမျိုးစုံဖန်တီးပြီး အခုနောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်ရိုက်ကူးဖို့ရှိကြောင်း သူ့ရဲ့ပရိသတ်တွေကို အသိပေးခဲ့တာပါ။

Loading...

ဒါ့အပြင်အခုနောက်ပိုင်းမှာလည်း ရရင်ရသလိုအလှူတွေဆက်တိုက်လုပ်ဆောင်နေတဲ့အလင်းသခင်ကတော့ ဒီနေ့ သြဂုတ်လ ၁ရက်နေ့မှာ သိန်း၅၀၀ထီဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

” သိန်းငါးရာ ထီပေါက်လို့ အရမ်းကိုပျော်ရွှင်ရပါတယ် ဗျမွေးလမှာ ကံကောင်းနေတာ ” ဆိုတဲ့စာလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့တာပါ။

ကံကံ၏အကျိုး ဆိုသလိုပဲ မိဘကိုသိတတ်ကာ မွန်မြတ်တဲ့စိတ်ထားနဲ့ အလှူအတန်းတွေပြုလုပ်နေတဲ့ အလင်းသခင်ကတော့ စေတနာအကျိုးပေးတာပါပဲနော်။

သူ့ရဲ့ပရိသတ်တွေကလည်း ကံထူးတဲ့သူ့အတွက် ထပ်တူဝမ်းသာနေတဲ့ မှတ်ချက်လေးတွေပေးနေကြတာပါ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ah Linn Tha khin
Credit -CeleConnections