မန္တလေးဆေးရုံကြီးမှာ လူတိုင်းမလုပ်နိုင်တဲ့အလှူကိုပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါ

ဘာဘီရုပ်လေးလို ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ခင်ဝင့်ဝါကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်

သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကြောင့် ပုရိသပရိသတ်တွေရဲ့

Loading...

အချစ်ကို အခိုင်အမာရရှိထားတဲ့သူပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ခင်ဝင့်ဝါက ကြော်ငြာလေးတွေနဲ့ သီချင်းMTVတွေ ရိုက်ကူးနေရတာတွေကို တွေ့ရမှာပါပဲနော်။ သူမရဲ့ ချောမောလှပလွန်းတဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခင်ဝင့်ဝါက” မိမိကိုယ်ခန္ဒာကို ဆေးပညာသင်ကြားရေးအတွက် အကျိုးပြုခြင်းအလို့ဌာ လှူဒါန်းကြောင်းနဲ့မျက်ကြည်လွှာလှူဒါန်းခဲ့ကြောင်း”

လို့ဆိုပြီး သူမရဲ့ ခန္ဓာကိုယ်လှူဒါန်းခဲ့တဲ့မှတ်တမ်းပုံရိပ်လေးနဲ့ မျက်ကြည်လွှာပါ လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာ Mydayပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ လှူဒါန်းခဲ့တဲ့

ကုသိုလ်ကောင်းမှုလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ဝမ်းသာပီတိဖြစ်မိမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။