သူ့မှာ ရှိတဲ့ စပွန်ဆာတွေအကြောင်း ထုတ်ပြောလာတဲ့ သင်းသင်း

သင်းမှာစပွန်ဆာတွေ အများကြီးရှိပါတယ် မိန်းမတွေရော ယောကျာ်းတွေရောပေါ့ ..ဒါပေမယ့်….”လို့ဆိုလာတဲ့ သင်းသင်း

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင်မင်းသားကြီး ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုရာမှ စပြီး နာမည်ကြီးလာခဲ့ကာ ယခုကိုဗစ်ကာလမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာပါ

သင်းသင်းကတော့.. သူမကို စပွန်ဆာတွေအများကြီးရှိနေတယ်လို့ ပြောဆိုဝေဖန်နေကြတဲ့အပေါ် သူမမှာ စပွန်ဆာတွေအများကြီးရှိပါတယ်

Loading...

ဒါပေမယ့် ညသွားအိပ်ရတဲ့ စပွန်ဆာတစ်ယောက်မှမရှိပါဘူးလို့ ရှင်းလင်းပြောကြားရင်း ပြန်လည်တုံ့ပြန်လာခဲ့တာပါ။

“စပွန်ဆာရှိလားလို့ မေးတဲ့အပေါ်မှာက စပွန်ဆာရှိတယ်လေ ဒါပေမယ့် သင်းခံယူထားတဲ့ စပွန်ဆာက ဘယ်လိုစပွန်ဆာလဲဆိုတော့. .

သင်းအပေါ်မှာ ပခုလက်ရှိမှာ ကူညီပံ့ပိုးပေးနေတဲ့သူတွေ အကုန်လုံးပါ သွားပြီးတော့ ညအိပ်တဲ့လူတွေ တစ်ယောက်မှမရှိဘူးလေ

အဲ့ဒီအတွက် ကိုယ့်စပွန်ဆာက ခင်ပွန်းကြီးဆယ်ပါးထဲမှာပါတဲ့ ကျေးဇူးရှင်တွေအကုန်လုံးပဲပေါ့ အဲ့ဒီလို သင်းခံယူထားတယ်

အဲ့ဒါကြောင့် သင်းမှာ စပွန်ဆာတွေ အများကြီးရှိပါတယ် မိန်းမတွေရော ယောကျာ်းတွေရောပေါ့ သင်းသိတဲ့စပွန်ဆာက ညသွားအိပ်တဲ့ စပွန်ဆာမဟုတ်ပါဘူး လူတစ်ယောက်ရဲ့ ခက်ခဲနေတဲ့ အချိန်မှာ ကူညီပေးတဲ့သူတွေပါ

စပွန်ဆာပေးချင်လို့ဆိုပြီး ကြားပွဲစားတွေနဲ့ ချိတ်ဆက်လာတာရော သင်းရဲ့ Viber ဖုန်းနံပါတ်ကတဆင့် ဆက်သွယ်လာတာတွေရော အများကြီးရှိပါတယ်

အဲ့ဒီတော့ သင်းပြောချင်တာက ဆက်ပြီးတော့ပေါ့နော် နှမချင်းစာနာတယ် သားသမီးချင်းကိုယ်ချင်းစာတယ်ဆိုရင် ဆက်ပြီးမပြောဖို့ သင်းကတောင်းဆိုပါရစေ

ဘာလို့တောင်းဆိုရသလဲဆိုတော့ သင်းဖုန်းနံပါတ်နဲ့တကွ Facebook ပေါ်မှာမတင်ပေးချင်ပါဘူး တကယ်လို့ သင်းဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်မယ့်သူမျိုးဆိုရင်လည်း သင်းကို မုန်းတဲ့ ချစ်တဲ့ ပရိသတ်တွေအကုန်လုံးကို ချပြသွားမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်နော်

သင်းသင်းကတော့ တိတ်တိတ်ပုန်းစပွန်ဆာပေးချင်တယ် ဆိုပြီးဆက်သွယ်လာကြတဲ့အပေါ် တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ သင်းသင်းအပေါ် အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်။