ကွယ်လွန်သွားတဲ့ ခင်ပွန်းဟောင်းအကြောင်းပြောပြလာတဲ့ ဥက္ကာမင်းမောင်

ပရီတ်သတ်ကြီးရေနိုင်ငံရပ်ခြားရောက်နေပေမယ့် ပရိသတ်နဲ့အဆက်အသွယ်မပြတ်ရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အိမ်ထဲမှာ တစ်ယောက်တည်းသေဆုံးနေခဲ့တဲ့ သူ့အရင်ခင်ပွန်းဟောင်းအကြောင်းကို Myanmar Celebrity နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေဆိုခဲ့ပါတယ်။“၂၀၁၃ စက်တင်ဘာ ၉ရက်နေ့မှာ ကျွန်တော်တို့မင်္ဂလာဆောင်ခဲ့တယ်ပေါ့ Hudson River ထဲမှာ New York မြို့ကို ပတ်ပြီး သင်္ဘောပေါ်မှာပဲ မင်္ဂလာပွဲလေးလုပ်ခဲ့တယ်..မြို့ကိုပတ်ပြီးတော့ တကယ်ပျော်စရာကြီး ပြန်တွေးရင်လေ ပုံပြင်တစ်ခုလိုပဲ သူငယ်ချင်းတွေနဲ့ အဲ့ဒီနေ့က World trade center ပြိုကျခဲ့တဲ့ 9/11 memorial အချိန် နဲ့ လဲ နီးတော့ Liberty ရုပ်ထုကြီးရှေ့မှာ မီးရှုးမီးပန်းတွေဖောက်တာ သင်္ဘောပေါ်ကနေ အနီးကပ်ကြည့်ရတာ မသိရင် ကိုယ့်မင်္ဂလာဆောင်အတွက် အကုန်ခံထားသလိုပဲ အားလုံးက မင်္ဂလာပွဲအတွက် လုပ်ထားတယ်ထင်နေကြတာ ကိုယ့်ပွဲအတွက် အဲ့တာလည်းရှင်းပြရတယ် အမှတ်တရတွေတော့ အများကြီးပဲ”

“ကျွန်တော့်ဘဝမှာ သူ နဲ့ မင်္ဂလာဆောင်တဲ့ နေ့ ရယ်၊ သူ့ မွေးနေ့ ရယ်၊ သူ ဆုံးတဲ့ နေ့ တွေမှာ စိတ်ထဲမှာမကောင်းဘူး ပုံဟောင်းတွေ ပြန်ကြည့်တိုင်း အခုအချိန်ထိငိုနေရတုန်းပါ အတိတ်ဆိုတာ ဒဏ်ရာကတော့ ကျက်မှာမဟုတ်ဘူး အဲ့တာကိုအမှတ်တရအနေနဲ့ တင်လိုက်တာပေါ့ ကျန်တာတော့ ဘာမှမရှိပါဘူး ” လို့ အရင်အိမ်ထောင်အတွက် စိတ်မကောင်းမိတဲ့အတွက် ပို့စ်တင်ဖြစ်ခဲ့ပုံကိုပြောပြခဲ့ပါတယ်။အခုအိမ်ထောင်ဖက်ကလည်း ဒီအဖြစ်အပျက်ကိုသိပြီး အရမ်းနားလည်ပေးတယ်လို့ဆိုပါတယ်။“မေထုန်ရာသီဖွားရိုက်နေတဲ့အချိန်မှာ ကျွန်တော်အရမ်းအခက်အခဲဖြစ်တယ် အဲဒီ့အချိန်သူကလည်းရုတ်တရက်ဆုံးသွားတယ် သူမဆုံးခင် ၃နာရီလောက်ကမှ သူနဲ့ Face Time ပြောနေသေးတယ် ပြန်ပြောရရင် ကျွန်တော်က ရှုတင်ပြီးသွားလို့ သူငယ်ချင်းတွေနဲ့ရေကူးနေတယ် အဲဒီ့အချိန်သူ့သူငယ်ချင်းက chad ငါတို့နဲ့ချိန်းထားတာတော်တော်ကြာပြီ reply လည်းမလာဘူးတဲ့ အဲ့လိုမက်ဆေ့ခ်ျပို့လာတယ် စိတ်ပူတယ်ဆိုတော့ ကျွန်တော့်ညီမကို အိမ်ကိုသွားကြည့်ခိုင်းတာ”

အဲဒီ့တုန်းက ကျောင်းတတ်နေတာဆိုတော့ သူ့ကျောင်းက ကျွန်တော့်အိမ်နားမှာဆိုတော့ ပထမအတန်းချိန်နဲ့ နောက်တစ်ချိန်ကြားနားရင် အိမ်ပြန်နားလို့ရအောင် သော့ပေးထားတယ် ဒီတစ်ခါ မေထုန်ရာသီဖွားရိုက်ပြီးပြန်လာတဲ့အခါ မပေးခဲ့ဘူး ဘာလို့ မပေးခဲ့မိမှန်းလည်းမသိဘူး အဲ့တုန်းက ညီမကိုသွားခိုင်းတော့ ခွေးတွေဟောင်နေတယ် တံခါးမခေါက်ဘူးတဲ့ အဲဒီ့တော့ကျွန်တော်က အလုပ်လုပ်ပြီးအိပ်နေတာများလား သူငယ်ချင်းတွေ အိမ်မှာ အိပ်နေတာများလားပေါ့“ဖုန်းဆက်တော့ဖုန်းကလည်းမကိုင်ဘူး အဲဒီ့တော့ ရဲခေါ်ကြည့်ပါလားပေါ့ ညီမလေးကဝင်လို့မရတာနဲ့ ရဲခေါ်ပြီးဝင်ကြည့်တော့ အိမ်ရှေ့ခန်းမှာ သေနေတာပေါ့နော် ကျွန်တော့်ညီမကလည်း ကိုကြီးစိတ်သေချာထိန်းတွေမပြောဘူး chad ဆုံးပြီတဲ့ လူကစိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး ကြောင်သွားတာ တစ်ခါတည်းအောင့်တက်သွားတာ သူဆုံးသွားပြီလို့ သိလိုက်ရတော့ ကျွန်တော်ချက်ချင်းပြန်ရတာပေါ့ ကျွန်တော်နဲ့ လက်ထပ်ထားတာဖြစ်တဲ့အတွက် အလောင်းကိုရင်ခွဲရုံမှာ သူ့မိဘကလက်မှတ်ထိုးပေးလို့မရဘူး ကျွန်တော်ကိုယ်တိုင်လက်မှတ်ထိုးရတာပေါ့ အစစအရာရာကျွန်တော်မရှိရင်ဘာမှလုပ်မရဘူး ”

“ဒီကစက်အဖွဲ့ကိုလည်း ကျွန်တော်ဘယ်လိုပြောရမလဲပေါ့ အိမ်ထောင်ဖက်ဆုံးပြီလို့ပြောရင်လည်း အိမ်ထောင်ဖက်က ယောက်ျားကြီးဆိုတော့ အဲဒီ့အချိန်မှာ လူဆုံးသွားလို့စိတ်ဆင်းရဲရနဲ့ ဒီဘက်မှာစိတ်ဆင်းရဲရတာနဲ့ ပြောရရင်အများကြီးပါပဲ သူဆုံးပြီးနောက်တစ်ရက်မှာ ကျွန်တော်သိရတယ် ချက်ချင်းကောက်ထပြီး အမေရိကားကို ပြန်လာတာ အဲဒီ့တုန်းကရုပ်ရှင်ရိုက်ရင်းနဲ့ အားလုံးကစိတ်ဆိုးကြတာပေါ့နော် သူတို့ကိုဘယ်လိုလိုက်တောင်းပန်ရမှန်းလဲမသိဘူး တောင်းပန်ရမယ်ဆိုတာထက် ဒီဘက်ကအသုဘစိတ်ကြီးနဲ့ နလန်ပြန်ထူဖို့ ၈လ ၉လလောက်ကြာတယ် စိတ်နည်းနည်းပြန်ကောင်းကာစရှိသေးတယ် အဖေကဆုံးသွားတယ် စိတ်ကတော်တော်ဒေါင်းကျသွားတာ လူတွေကလည်းဝေဖန်တယ်”

“သူဆုံးသွားပေမယ့် ကျွန်တော့်ကိုဂေးလို့သိပ်မသိကြဘူး အိမ်ကလည်းမပြောခိုင်းဘူး ကျွန်တော်ကတော့ ဂေးလို့သိသွားလည်း သိပ်ဂရုမစိုက်ပါဘူး မိဘရဲ့ဆန္ဒကိုလည်းမဖျက်ချင်တော့ ပျော်ပြနေရတာပေါ့ ပျောက်ရင်လည်းပရိသတ်ကဘာလို့ပျောက်နေတာလဲဖြစ်မှာစိုးလို့ ဓာတ်ပုံရိုက်ရင်တောင် ရယ်ပြီးရိုက်တင်ရတာပေါ့ လူတွေအမြင်မှာတော့ သူဘာမှမဖြစ်ဘူးပေါ့ တစ်ခါတစ်လေ အပြင်မှာခံစားနေတာနဲ့ ပရိသတ်ထင်တာနဲ့ မတူနေဘူးပေါ့ ၂၀၁၆က ကျွန်တော့်အတွက်သိပ်ခက်ခဲခဲ့ရတယ် ဘယ်သူမှလည်းနားလည်မှာတော့မဟုတ်ဘူး ကျွန်တော့်ကိုလိုက်ဝေဖန်နေကြတာပဲများတယ် ဥပေက္ခာပြုလိုက်တယ်လေ ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ ”

“ကိုယ်ကဒီဘက်မှာ ဓာတ်ပုံတွေရိုက်တင်ရင် သူ့မိသားစုကတော့ သူကတော့ ယောက်ျားဆုံးသွားတာတောင်အဆင်ပြေနေတယ်ပေါ့ ကျွန်နော်အဲဒီ့အချိန် ဘယ်နေရာမှာကြည့်ကြည့် ဘယ်ထောင့်ကြည့်ကြည့် ကျွန်တော်တို့ပုံကြီးတွေပဲ မြင်နေရတာ ကျွန်တော်တို့ငှားနေတဲ့အိမ်ကြီးမှာပဲ ကျွန်တော်နေတယ် အဲဒီ့အိမ်ကိုပြန်မအပ်ချင်ဘူးပေါ့ ဒါပေမဲ့ အဲဒီ့နေရာက ကျွန်တော့်အတွက်အဆင်မပြေတော့ ပြန်အပ်လိုက်ရတယ်ပေါ့ ဒါပေမဲ့တော်တော်ကြာတယ် ကျွန်တော်စိတ်မပြတ်ဘူး”ဥက္ကာမင်းမောင်ကတော့ အဲဒီ့ကာလက သူ့အတွက်ခက်ခဲခဲ့တယ်ဆိုတဲ့အကြောင်းကို“ရုတ်တရက်ကြီးဆုံးသွားတာဆိုတော့ မယုံနိုင်ဘူး ၂လ ၃လ လောက်သူရှိနေတယ်ဆိုတဲ့စိတ်နဲ့ပဲနေနေတာ သူအလုပ်သွားတယ်ပေါ့နော် သူ့သူငယ်ချင်းတွေနဲ့သွားတယ်ပေါ့နော် အဲဒီ့လိုပဲတွေးထားတာ ၃လကျော်လောက်နေတော့ စိတ်ထဲမှာ သူမရှိတော့ဘူးဆိုပြီး လူကဒေါင်းသွားပြီးဝိတ်လည်းကျသွားတယ် ပြဿနာတွေလည်းအစုံပါပဲ သူ့မိဘတွေနဲ့ရန်ဖြစ်တာတွေရော အဲ့တာတွေအကုန်စာအုပ်ထဲရေးထားတယ်” လို့ MCနဲ့အင်တာဗျူးမှာ ပြောပြခဲ့တာပါ။

Source – Myanmar Celebrity