မင်္ဂလာလက်မှတ်ထိုးဆွမ်းကျွေးမတိုင်ခင် Covid ကာကွယ်ဖို့အတွက် သေချာပြင်ဆင်ခဲ့ကြောင်းကို ပြောပြလာတဲ့စည်ဖြိုး”

ပရိသတ်ကြီးရေ စည်ဖြိုးကတော့ ထူးခြားတဲ့နာမည်လေးနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်အားပေးမှုရရှိလာတဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။ ဗီဒီယိုဇာတ်ကားတွေလည်းများစွာရိုက်ကူးခဲ့ပြီး MRTV4 မှာပြသခဲ့တဲ့”အလင်းထဲကလူ”ဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်တွေ အားပေးဝန်းရံခဲ့ရတဲ့ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေပြုလုပ်တတ်တဲ့ သဒ္ဒါတရားထက်သန်လွန်းတဲ့မင်းသားတစ်ယောက်လို့ပြောရင်လည်း မှားမယ်မထင်ပါဘူးနော် ။ လက်ရှိမှာလည်း သူ့ရဲ့ဇနီးလောင်းခင်လွှမ်းအနေနဲ့ သူ့ရဲ့ကိုယ်ဝန်ကိုလွယ်ထားရကြောင်း ပရိသတ်တွေကိုတရားဝင်အသိပေးခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာလ၅ရက်နေ့မှာ စည်ဖြိုးနဲ့ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ နှင့် မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ကျင်းပခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတွေတက်ရောက်ခဲ့ကြတာပါ။ ဒီနေ့မှာတော့ “မေး :ဒီအချိန်ကြီး လက်မှတ်ထိုးဆွမ်းကျွေးဘယ်လိုလုပ်ခဲ့လည်း ?ဖြေ :”ဆိုတဲ့စာလေးနဲ့အတူ Covidကာကွယ်ရေးအတွက် ပိုးသတ်ဆေးတွေနဲ့စနစ်တကျ ဖျန်းကာ သေချာကို ပြင်ဆင်ခဲ့ကြောင်းပုံလေးတွေနဲ့တကွပြောပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :Si Phyo