အရာရာကို စွန့်လွတ်ဖို့ စကြိုးစားနေပါပြီလို့ရင်ဖွင့်လာတဲ့ ပိုပို

အရာရာကို စွန့်လွတ်ဖို့ စကြိုးစားနေပါပြီလို့ရင်ဖွင့်လာတဲ့ ပိုပို

ပရိတ်သတ်ကြီးရေ အဆိုတော်သရုပ်ဆောင်ပိုပို ကတော့ အလွမ်းအဆွေးသီချင်းတွေနဲ့ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ အဆိုတော်တစ်လက်ပါ။ သူမရဲ့ သီချင်းတွေထဲက ”ဘာမှမလိုဘူး ”သီချင်းကတော့ ကလေးလူကြီးမရွေး ပါးစပ်ဖျားမှာ ရေပန်းစားကာ ပိုပိုလို့ပရိသတ်​တွေစသိခဲ့တဲ့သီချင်းပါပဲနော်။

အောင်မြင်တဲ့တေးစီးရီးတွေထွက်ရှိထားတဲ့ ပိုပိုကတော့ ရာသီအလိုက် Soloသီချင်းလေးတွေထွက်ရှိတတ်တဲ့ အဆိုတော်တစ်ဦးပါ။ ဒါ့အပြင်ရရင်ရသလိုအလှူတွေဆက်တိုက်လှူတန်းတတ်တဲ့အဆို​တော်တစ်လက်လည်းဖြစ်ပါတယ်။

သူမရဲ့ခံယူချက်တွေကို ပရိသတ်တွေကိုအမြဲဝေမျှလေ့ရှိတဲ့ပိုပိုကတော့ ဒီနေ့မှာလည်း”ဘာပဲ မြင်မြင် ဘာပဲ ကြားကြားဒုက္ခ တွေပဲ မြင်လာရတော့ ကျမ သံသရာက လွတ်မြောက်ဖို့ပို ကြိုးစားချင်လာမိသစ္စာတရားလေးပါးတို့ကို သိမြင်တော်မူသောဗုဒ္ဓမြတ်စွာဘုရားကို ရိုသေလေးမြတ် ရှိခိုးဦးချပါတယ်ဘုရား အရာရာကို စွန့်လွတ်ဖို့ စကြိုးစားနေပါပြီ”ဆိုတဲ့ သူမရဲ့ ခံယူချက်လေးကိုပြောပြလာတာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :ဝတ်ရည်မိုး