ချောမောခန့်ညားတဲ့ သားလေးကို ပိုင်ဆိုင်ထားတာကြောင့် ယောက္ခမလို့အခေါ်ခံနေရကြောင်း ပြောပြလာတဲ့ ဇင်ရော်မောင်မောင်

ပရိသတ်ကြီးရေ ဇင်ရော်မောင်မောင်ကတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပြီး အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားကာ ဒါရိုက်တာဆုအကယ်ဒမီကိုလည်း ရရှိပိုင်ဆိုင် ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ချောမောခန့်ညားပြီး သိတတ်လိမ္မာတဲ့သားလေး မင်းသန့်မောင်မောင်ကိုလည်း ပိုင်ဆိုင်ထားပြီး သားလေးအပေါ်အချစ်တွေပုံပေးထားကာ အရမ်းဂရုစိုက်တတ်တဲ့ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်နော်။

လက်ရှိမှာတော့သားလေးနဲ့အတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး သားလေးကိုလည်း အနုပညာကြယ်ပွင့်လေးတစ်ပွင့်ဖြစ်လာအောင် အကောင်းဆုံးသင်ကြားပြသပေးနေတာပဲဖြစ်ပါတယ်။သားလေးမင်းသန့်မောင်မောင်ကလည်း ဖေဖေ့ရဲ့အရည်အချင်းတွေ မေမေ မေသန်းနုရဲ့အလှတွေစုပြီး အောင်မြင်ကျော်ကြားတဲ့မင်းသားချောတစ်လက်ဖြစ်လာမှာအသေအချာပါပဲနော်။

ဇင်ရော်မောင်မောင်က သားဖြစ်သူကြောင့် ယောက္ခမလို့အခေါ်ခံနေရကြောင်းကို”ယောက် ခ မ ကြီး လို ခ ဏ ခ ဏ ခေါ် ခံ ရ တဲ့ မင်း သန့် မောင် မောင် ရဲ့ အ ဖေ ဆို တော့ .. နဲ နဲ ဂိုက် ပေး ကြည့် မိ ပါ သည်..”ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်။ပရိသတ်ကြီးထဲမှာရော ဇင်ရော်မောင်မောင်ကိုယောက္ခမလို့ ခေါ်မယ့်သူရှိရင် မန့်ခဲ့ကြပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Zin Yaw Mg Mg’s FB