မိသားစု မှာ Covid 19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် Hotel Quarantine ၀င်နေရပြီဖြစ်တဲ့ ရှိန်းတင့်ထူး

ပရိတ်သတ်ကြီးရေ သူစိမ်းအိမ်ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေအကုန်လုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသားချောလေးရှိန်းတင့်ထူးကတော့ ချစ်စဖွယ်အပြုံးကိုပိုင်ဆိုင်ထားပြီး မိန်းကလေးတွေရဲ့ အသည်းကျော် မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ရှိန်းတင့်ထူးရဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလှတာဖြစ်ပြီး ရှိန်းတင့်ထူးကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် အသစ်အသစ်သော အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရှိန်းတင့်ထူးက ပြီးခဲ့တဲ့လပိုင်းအတွင်းက ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “Yagon In Love” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ ရှိန်းတင့်ထူးက ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခုကို ပြောပြလာပါတယ်။ ရှိန်းတင့်ထူးက သူ့ရဲ့ မိဘနှစ်ပါးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် Hotel Quarantine ဝင်နေရပြီဆိုတဲ့အကြောင်းကို “ဖေဖေနဲ့ မေမေကတော့ p တဲ့။ကျွနိတော်ကလဲဒီနေ့ hotel q ဝင်ရတာပေါ့။ Photo တွေမတင်ဖြစ်တာလဲ ဒါကြောင့်ပါဗျအတက်နိုင်ဆုံးကျွန်တော်ပုံတွေ video တွေနဲ့အတူပြန်လာပါ့မယ်အားလုံးလဲဂရုစိုက်ကြပါ။ ကျွန်တော်ဆို အိမ်ထဲကနေမထွက်တာ 4 လ လောက်ရှိပြီ။ ဘယ်လိုဖြစ်လဲတော့မပြောတက်ဘူးပေါ့ဗျာ အားလုံးဘေးကင်းပါစေ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

ရှိန်းတင့်ထူးကတော့ မိဘနှစ်ပါးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် Hotel Quarantine ဝင်ကာ ဆေးစစ်မှုခံယူရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရှိန်းတင့်ထူးတစ်ယောက် ရလဒ်ကောင်းတွေရရှိဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sheintin Htoo’s fb