ညီမဖြစ်သူသံစဉ်မောင်အတွက် အမကြီးပီသအောင်နေပါတယ်ဆိုတဲ့ ဘေဘီမောင်

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောဘေဘီမောင်ကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်အလုပ်သာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေပါ မအားမလပ်လုပ်ကိုင်ရင်း မိဘကိုလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ။သူကတော့ မိဘတွေအပေါ်သာမက ညီမဖြစ်သူ သံစဉ်မောင်အပေါ်မှာလည်း အမကြီးအမိရာပီသသူတစ်ယောက်ပဲဖြစ်ပါတယ်။

ယနေ့မှာတော့ ဘေဘီမောင်ဟာ ညီမဖြစ်သူသံစဉ်မောင်အတွက် အမကြီးပီသအောင်နေဖြစ်ကြောင်းကို “အမကြီးဆိုတာ အငယ်တွေအတွက် ဒုတိယမိခင်တွေပါ အငယ်တွေအတွက်အနစ်ခံတတ်သလို မိသားစုအတွက်အမိုးကာကြီးတစ်ခုလည်းဖြစ်ပါတယ် အမကြီးပီသရင်အငယ်တွေအတွက်စံပြဖြစ်သလို မိသားစုတွက်ဂုဏ်ဆောင်ပါတယ်

လိုအပ်လာရင်မိဘကိုယ်စားအငယ်တွေပညာရေး စားဝတ်နေရေးအတွက်ပါမိဘကိုယ်စားငွေရှာဖို့အနစ်နာခံတတ်သူတွေပါ အမကြီးဆိုတာအငယ်တွေရဲ့စိတ်ခံစားချက်ကိုမိဘတွေထက်နားလည်းပြီးနွေးထွေးနှစ်သိမ့်ပေးနိုင်တဲ့ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်လေးတွေပါ မှတ်ချက် အားလုံးတော့မဆိုလိုပါတချို့အမတွေက အတ္တကြီးတယ် အားလုံးလည်း အမကြီးရတာကံကောင်းကျပါစေ ဘေဘီကတော့ အမကြီးပီသအောင်နေပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် ဘေဘီမောင်ကတော့ ဝါသနာတူ အနုပညာလမ်းကိုလျှောက်လှမ်းနေတဲ့ ညီမဖြစ်သူ သံစဉ်မောင်အပေါ်မှာ မိဘကိုယ်စားအငယ်တွေပညာရေး စားဝတ်နေရေးအတွက်ပါမိဘကိုယ်စားငွေရှာဖို့အနစ်နာခံတတ်သူအဖြစ် အမကြီးပီသအောင်အောင်နေပါတယ်တဲ့။

Source: Baby Maung
Yu-CeleChannel