မွေးနေ့လအစမှာ ပရိသတ်တွေကို လက်ဆောင်တွေပေးရင်း စတင်မယ်ဆိုတဲ့ အောင်မင်းခန့်

ရုပ်ရှင်သရုပ်ဆောင် မင်းသားချော အောင်မင်းခန့်ကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။ သူကတော့ နိုဝင်ဘာလမှာ ကျရောက်မယ့် မွေးနေ့လလေးအစမှာ ပရိသတ်တွေကို လက်ဆောင်တွေပေးရင်း စတင်မယ်အကြောင်းကို “ပျော်ရွှင်စရာ November လေးပါ ဒီလလေးကကျနော်ရဲ့မွေးလလေးလဲဖြစ်ပါတယ်

ဒီလိုမွေးလလေးမှာ ကျနော်ပရိသတ် တွေနဲ့ ပျော်ပျော်ရွှင်ရွှင်အမှတ်တရလေးလဲဖြစ်သွား live လွှင့်ရင် မ ကောင်းဘူးလား live လေးမှာလဲ စကားပြောရင် သီတင်းကျွတ် အမှတ်တရလက်ဆောင် လေးပါ ပေးမယ် လို့ ပြောရင် စိတ်ဆိုးသွားမယ် ထင်တယ် အဲ့တော့ လက်ဆောင်လဲပေးရင်း စကားလေးပြောမဲ့ live လေးကို အားလုံး အားမဲ့ အချိန် 9pm လောက်မှာစလိုက်ကျမယ်နော် အားလုံးပဲ ထုံးစံအတိုင်း ကျနော် page လေးမှာ ပဲ live မှာပါနော်။ See u soon everyone love u” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ မကြာခင်ကျရောက်မယ့် မွေးနေ့လအစလေးမှာ ပရိသတ် တွေနဲ့ ပျော်ပျော်ရွှင်ရွှင်အမှတ်တရလေးလဲဖြစ်သွားအောင် live လွှင့်ရင်း စကားပြောရင် သီတင်းကျွတ် အမှတ်တရလက်ဆောင် လေးပါ ပေးမှာတဲ့နော်။

Source: Aung Min Khant
Yu-CeleChannel