အဖွဲ့ထဲက ပရဟိတစိတ်အပြည့်ရှိတဲ့ လူငယ်လေးကို တန်ဖိုးကြီး နာရီတစ်လုံးနဲ့ ဂုဏ်ပြုလိုက်တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ အနုပညာအလုပ်တွေကို လတ်တလောမှာ သိပ်မလုပ်ကိုင်သေးဘဲ ပရဟိတအလုပ်ကိုသာ အားသွန်ခွန်စိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒိန်းဒေါင်ရဲ့ ချွန်တွန်းပရဟိတအဖွဲ့ကို အလှူရှင်တွေကလည်း ရက်ရက်ရောရောလှူဒါန်းကြလို့ ခက်ခဲနေတဲ့သူတွေအတွက် အမြဲကူညီနေနိုင်တာဖြစ်ပါတယ်နော်။ဒိန်းဒေါင်ကတော့ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ အများအကျိုးကို ပျော်ရွှင်စွာသယ်ပိုးနေတာဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ အခုလတ်တလောမှာဆိုရင် မွေးလူနာတွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်ကူညီပေးနေတာဖြစ်ပါတယ်။ဒိန်းဒေါင်တို့ရဲ့ပရဟိတအဖွဲ့ကို ပရိသတ်တွေကလည်း လေးစားချီးကျူးနေကြတာဖြစ်ပါတယ်။ဒိန်းဒေါင်ရဲ့အဖွဲ့ထဲမှာ လူငယ်တွေကလည်း တစ်တပ်တစ်အားနဲ့ ပါဝင်လုပ်ဆောင်ကြလို့ အရမ်းကိုပီတိဖြစ်စရာကောင်းပါတယ်နော်။

အခုဆိုရင်တော့ ဒိန်းဒေါင်က သူ့ရဲ့အဖွဲ့ထဲက ပရဟိတစိတ်အပြည့်ရှိတဲ့ လူငယ်တစ်ဦးကို နာရီတစ်လုံးနဲ့ ဆုချီးမြှင့်လိုက်တာဖြစ်ပါတယ်။ဒိန်းဒေါင်ကတော့”ဘယ်လောက်တန်လဲတော့မသိဘူးလက်ဆောင်ရတာဘာလို့ပေးလဲမေးရင်ပရဟိတစိတ်အပြည့်ရှိလို့ဂုဏ်ပြုတာ ဆန်စိ ဆက်လုပ်ပါလေးစားတယ်”ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။အခုလိုမျိုးလေး လူငယ်တွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးလိုက်တဲ့ ဒိန်းဒေါင်ရဲ့စိတ်ဓာတ်ကလည်း လေးစားစရာကောင်းပါတယ်နော်။

Source: Dain Daung’s Facebook Account