“ကြမ်းခင်းဈေး (၇) သိန်းနဲ့ လေလံ တ င် ရောင်းချနေတဲ့ ဒွေးလက်ရာ ပန်း ချီကား ဖြစ်ပေါ်လာတဲ့နေ့အ ကြောင်း မှတ်မှတ်ရရရှိနေသေးတဲ့ သားညီ
သရုပ်ဆောင်ဆိုတဲ့ ပညာကို ဟန်ပန်အမူအယာတွေနဲ့သာမကပဲ မျက်လုံးတွေနဲ့ပါ ဖန်တီးလုပ်ယူ တတ်တဲ့ မင်းသား ဒွေးကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာ သွား တာ (၁၃) နှစ်ကျော်တောင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဂုဏ်သတင်းကျော်စော်သူတစ်ယောက်ပီပီ လူ သေသွားပေမယ့် နာမည်မသေသွားတဲ့ဒွေးကတော့ သူ့ရဲ့ အနုပညာဖန်တီးချက်တွေကြောင့် ဒီနေ့ ဒီအချိန်ထိ ပရိသတ်တွေကြားမှာ ပြောစမှတ်တွင်ဆဲ ဖြစ်ပါတယ်။ အခုလက်ရှိ ကိုဗစ်အလှူ ပန်း ချီကားလေလံတင်ရောင်းချပွဲမှာ ဒွေးရဲ့ ပန်းချီကားကလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ကြမ်းခင်းဈေး (၇) သိန်းနဲ့ လေလံတင်ရောင်းချနေတဲ့ ဒွေးလက်ရာ ပန်းချီကားအကြောင်းကို ဒွေး ရဲ့ ညီအရင်းဖြစ်သူ သရုပ်ဆောင်၊ ဒါရိုက်တာ သားညီက အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ “ပြင်ဦး လွင် သီရိမြန်မာ Hotel ရဲ့ အခန်းနံပါတ် 301 မှာ ကင်းဗတ်စပေါ် ဖယောင်းစက်တွေ ချပြီး အစ် ကို ဖန်တီးခဲ့တဲ့ အနုပညာလက်ရာ တစ်ခု …” ဆိုပြီး ပန်းချီကားစဖြစ်လာတဲ့ နေ့ရက်တွေအထိ ပြန် လည်တမ်းတရင်း အမှတ်တရပြောလာပါတယ်။
ဒွေးရဲ့ ပန်းချီကားရဲ့ လက်ရှိပိုင်ရှင်က သရုပ်ဆောင် မုဏ်းဖြစ်ပြီး မုဏ်းကတော့ ကိုဗစ်တိုက်ဖျက် ရေး အလှူအတွက် သူမပိုင်ဆိုင်ထားတဲ့ ဒွေးရဲ့ ပန်းချီကားကို လေလံတင်ရောင်းချပြီး ရရှိသမျှ ငွေကြေးအားလုံးကို ပြန်လည်လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ ဒွေးရဲ့ ရှားရှားပါးပါးလက်ရာ ပန်း ချီကားပိုင်ရှင်အသစ်က ဘယ်သူများဖြစ်မလဲ ရင်ခုန်စရာပါပဲ။ ဖတ်ရှုပေးတဲ့ CeleConnections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါ စေ လို့ ဆုတော င်း ပေးလိုက်ပါတယ်။
Source: Thar Nyi 3Color ပန်းချီပြခန်း’s fb
Bilie – Cele Connections