အဆိုတော် အောင်မြင့်မြတ် ကွယ်လွန်

အဆိုတော် အောင်မြင့်မြတ် ကွယ်လွန်

ပရိသတ်အကြိုက် အလွမ်းအဆွေးသီချင်းတွေသီဆိုတက်သူ အဆိုတော် အောင်မြင့်မြတ်ဟာ ဒီနေ့ မနက် ၆ နာရီ ၁၂ မိနစ်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သူရဲ့ Facebook အကောင့်မှာတင်ထားခဲ့ပါတယ် ။ သူနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကို MyanmaPlatform ကဆက်သွယ်မေးမြန်းရာမှာ “ဟုတ်ပါတယ် ကိုအောင်မြင့်မြတ် တကယ်ဆုံးသွားတာပါ ၊ ခု စာမပြန်နိုင်သေးလို့ ခွင့်လွှတ်ပေးပါ ၊ စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်” ဆိုပြီး ဖြေဆိုခဲ့ပါတယ် ။ အောင်မြင့်မြတ်ဟာ အိပ်မက်ဆုံရာ Season 5 Winnerဆုရှင်ဖြစ်ပြီး မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်နေ့ဟာ သူရဲ့ အသက် ၂၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ် ။

#MyanmaPlatform #Entertainment