စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်သွားတဲ့ အောင်လအန်ဆန် အပေါ် သုံးသပ်ပြ လိုက်တဲ့ လက်ဝှေ့ ဖိုးသော်

အကြိမ်ကြိမ်အောင်ပွဲဆင်လာတဲ့ အောင်လတစ်ယောက် Rienner နဲ့ ပြိုင်ပွဲမှာ ရှုံးခဲ့တဲ့အတွက် အားလုံးအောင်လအတွက် ဝမ်းနည်းခံခက်ဖြစ်ခဲ့ကြပါတယ်။အောင်လအန်ဆန်ရှုံးသွားတဲ့ ပွဲအ ပေါ် ကို လက်ဝှေ့သမား ဖိုးသော်ကတော့ Sunday Journal နဲ့အင်တာဗျူးမှာ အခုလိုပဲ သုံးသပ် ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အမြင်တော့ ကိုဗစ်နဲ့မဆိုင်ဘူး သုံးချီ လေးချီမှာ ကျသွားရင်တော့ ကိုဗစ်ကြောင့်ဖြစ်နို င်တယ်ပေါ့ အခုပထမအချီမှာ သူလည်းလေ့ကျင့်ထားတာဗျာ မမောဘူး ၃မိနစ်နဲ့၂၆စက္ကန့်မှာပွဲပြီး သွားတာနေမယ် သုံးမိနစ်ကျော်အတွင်းမှာ ချန်ပီယံတစ်ယောက်အနေနဲ့ လက်ရည်ကျစရာအ ကြော င်းမရှိဘူးပေါ့”

“ကျွန်တော်ကတော့ သူစိတ်ပိုင်းဆိုင်ရာ နည်းနည်းလေးစိတ်ထိခိုက်သွားပုံရတယ်ပေါ့နော် ရှုံး သွားတော့ဝမ်းနည်းတဲ့ပုံစံဖြစ်နေတယ် Team စိတ်ဓာတ်ပေါ့နော် တစ်သင်းတည်းမှာ ချန်ပီယံ ၂ယောက်အတူတူကာကွယ်ရတာဖြစ်တဲ့အတွက် ဘောလုံးနဲ့ဥပမာပေးရင် ရှေ့မှာ ပင်နယ်တီ တစ်ယောက်မဝင်သွားသလိုပေါ့ နောက်ကန်မယ့်သူက pressureဝင်သွားသလိုပေါ့”

“နောက်တစ်ချက်က ground day မှာ ပထမအချီမှာပဲ ရအောင်လုပ်သွားနိုင်တယ်ပေါ့နော် ချက် ချင်းပဲဟိုဘက်က back position ကိုယူလိုက်တယ် သူတော်တော်လျှင်မြန်တာပေါ့ ဒီ တစ်ကွက် ကို ကျင့်ယူထားတဲ့ပုံစံမျိုးဖြစ်နေတယ် အားသာချက်က အရပ်ရှည်တော့ ခြေတံလက် တံရှည် တော့ ထိန်းချုပ်လို့ရသွားတာပေါ့ လူခန္ဓာကိုယ်တစ်ခုလုံးကိုချုပ်လိုက်တယ် အဲ့မှာ အောင် လပြန် လှည့်လို့မရတော့ဘူး”

“အဲဒီ့အချိန်မှာအောင်လက နောက်ကိုသံဇကာနဲ့ကပ်ပြီး pressure ပေးထားတယ်ပေါ့ ဒါက space ရှိမှရမှာလေ လှုပ်ရှားမရဘူး အဲဒီ့အချိန်မှာလှဲချလိုက်တယ် အောင်လကလှန်ပြီး ပြန် ရှော င် ထွက်ဖို့ကြိုးစားချိန်မှာ ပထမအချီဆိုတော့ ချွေးမထွက်သေးတော့ ချောမွေ့မှုမရှိသေး ဘူး ပေါ့ နော် လုပ်ရကိုင်ရ ဆွဲထုတ်ရတာ ကျပ်နေတာပေါ့ နောက်တစ်ခုက သူပြန်လှည့်ပြီး ပြန်ထချိန် မှာ အငိုက်မိသွားတယ်ပေါ့”

“အောင်လကသံဇကာကိုကိုင်ပြီး ရှေ့ကိုငိုက်မသွားအောင် လှမ်းထတဲ့အချိန်မှာ သူ့ရဲ့စည်းမျဉ်းက သံဇကာကိုကိုင်ပြီးထလို့မရဘူးပေါ့နော် တွန်းတာကလွဲ၍ပေါ့ အောင်လက သံဇကာကိုကိုင်မ ရ ဘူးလို့ ဒိုင်ဖြုတ်ချလိုက်တယ် အဲဒီ့အချိန် အောင်လပြုတ်ကျသွားတော့ ဟိုကလည်ပင်းကိုသိုင်းပြီး ဖြုတ်ချလိုက်တာပေါ့ ပထမအချီဖြစ်တဲ့အတွက် အားအရမ်းရှိတဲ့အချိန် သူအကြိုက်ဆုံးဖြစ်တဲ့ လည်ပင်းချုပ်တဲ့အကွက်နဲ့ပေါ့ အောင်လဆိုလည်း ပါဝါလက်သီးတွေပေါ့ ဟိုက ချုပ်လိုက်တဲ့အချိ န်မှာ အောင်လဒုတိယအခွင့်အရေးမရဘူးဖြစ်သွားတာပေါ့”

“MMA မှာက နည်းနည်းလေးမှ အမှားမခံဘူးဗျ အခွင့်အရေးသာသွားတာနဲ့ အနိုင်အရှုံး result ထွက်သွားတတ်တယ် ချန်ပီယံလုပွဲဆိုတော့လည်း ပိုဂရုစိုက်ရတာပေါ့ အောင်လရှုံးသွားတာ သူ့ရဲ့ performance အပြည့်မပြလိုက်ရတော့ ကျေနပ်မှာမဟုတ်ဘူး ဟိုဘက်ကလည်း အခွင့်အရေး ရ လို့ နိုင်သွားတာပေါ့ ဘာပဲပြောပြောအားလုံးရင်ကွဲရတာပေါ့နော်”

“ပွဲအခြေအနေက ရိုင်ဒီယာက သူပြောတဲ့အတိုင်းချုပ်ကွက်နဲ့ပဲကစားတာ သူထိုးလည်းတွဲ လုံးန ည်းတယ် ပထမသူချုပ်လိုက်ချိန်မှာ အောင်လကပင့်လက်သီးထိုးလိုက်တယ်ပေါ့နော် ပင့်လက်သီး လွတ်သွားတယ် ခြေထောက်ကန်တာတော့ထိသွားတယ် ရုတ်တရက်ပေါ့ လုံးဝမထင်ထားတဲ့ အ ချိန် risk ယူလိုက်တာပေါ့ မထင်မှတ်တဲ့အချိန်မှာတစ်ကိုယ်လုံးပစ်ဝင်လိုက်တာ အောင်လလ ည်း မ ထင်လိုက်လို့ဖြစ်မယ် ဒူးတောင်မတိုက်လိုက်ဘူးပေါ့ ပြီးသွားတဲ့အချိန်ချက်ချင်းပြန်ထပြီး back ကိုယူလိုက်တာပေါ့ တစ်ချို့ကို side control ယူလိုက်တယ်ပေါ့ အဲ့ဒီ့အချိန်မှာပဲ ချုပ်လိုက် တဲ့ အ တွက် သူ့ဘက်က အားသာသွားတယ်ပေါ့နော် ”

“တကယ်လို့သာအောင်လအဲ့တစ်ချက်မှာ ပြန်ထနိုင်မယ်ဆိုရင် သတိထားပြီးခွာဆော့ရင်ဆော့ မ ဟုတ်ရင် ဒူးတွေဘာတွေ သုံးလိမ့်မယ်ထင်တယ် အဲ့တာတွေမရှိလိုက်ဘဲနဲ့ ပွဲကတော်တော်လေး မြန်သွားတယ်” လို့ ဖိုးသော်ကတော့ သူ့ရဲ့ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။

Source – Sunday

Shwe Yaung Myanmar ( Writer – LLA )