အိမ်ထောင်ရေးက ကံစမ်းမဲ နှိုက်လိုက် သလိုပါပဲလို့ ပြောပြလာတဲ့ ပိုးအိအိခန့် ရဲ့ အိမ်ထောင်ရေး အခြေအနေ

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးကစား သ မား အောင်သူနဲ့အတူ နှစ်ယောက်တစ်ဘဝတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပြည်သူချစ် အ နုပညာရှင်ဖြစ်တဲ့ သူမတို့နှစ်ဦးက ချစ်စရာကောင်းတဲ့ သားသားလေး သဲကိုးကိုလည်း မွေးဖွား ထားတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် သားသားလေး သဲကိုးက ၁နှစ်ကျော် အရွယ်ရှိနေပြီလည်း ဖြစ် ပါတယ်။

ယခုရက်ပိုင်း အင်တာဗျူးတစ်ခုမှာတော့ ပိုးအိအိခန့်က အိမ်ထောင်ရေးက ကံစမ်းမဲ နှိုက်လိုက်သ လိုပါ ပဲလို့ ပြောပြလာခဲ့တာဖြစ်ပါတယ်

ပိုးအိအိခန့်က ” ကိုအောင်သူနဲ့က အိမ်ထောင်စကျခါစကထက် အများကြီး ပိုအဆင်ပြေလာ တ ယ် ကိုယ့်ကိုချစ်တယ်လို့ ခံစားလာရတယ် မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံက ကံစမ်း မဲ နှိုက်ရသလိုပဲ သူနဲ့ကိုယ်နဲ့က သမီးရည်းစားဘဝတုန်းကလည်း တူတူမနေဖူးဘူး သူ့အကျင့် စရိုက် အကုန်လုံးကို ကိုယ်ကမသိဘူး ကိုယ့်အကျင့်စရိုက်အကုန်လုံးလည်း သူကမသိဘူး ကိုယ် က ကံ စမ်းမဲနှိုက်လိုက်သလိုပဲ ရွေးချယ်ရတာပေါ့နော်

ဒါပေမယ့် ပိုးအိကအရမ်းရွေးချယ်မှုမှန်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ယောကျာ်းတစ်ယော က် ကိုယ့်ကို ချစ်တယ်မချစ်ဘူးဆိုတာ စိန်ရွှေရတနာတွေ ဝယ်ပေးနေတာလည်းမဆိုင်ဘူး
အိမ် အကောင်းစား ကားအကောင်းစားဝယ်ပေးတာနဲ့လည်းမဆိုင်ဘူး

အဓိကက ဘာလဲဆိုတော့ ကိုယ်ပြောတဲ့စကားကို အလေးအနက်ထားလား ကိုယ်ပြောတဲ့စကား ကို အလေးအနက်ထားပြီး ပြုပြင်လားဆိုတာ အများကြီးသက်ဆိုင်တယ်ပေါ့ အခုဆို ကိုအောင် သူ နဲ့ အိမ်ထောင်ပြုတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သူမကြိုက်တဲ့အကျင့်တွေ ကိုယ်မ ကြိုက်တဲ့အကျင့်တွေ ရှိတယ် အဲ့လိုမျိုးဆို ကိုအောင်သူက ပြောပြလိုက်ရင် အလေးအနက်ထား ပြီး လိုက်ပြုပြင်ပေးတယ် စစချင်းကိုယ်ယူလိုက်တဲ့ ကိုအောင်သူနဲ့တောင်မတူတော့ဘူး

အခုကိုဗစ်ကာလမှာဆို အိမ်ထဲမှာပဲနေရတယ် အဲ့လိုနေတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တာတွေကို ပိုမြင်လာတယ် ဒီအချိန်မှာတစ်ယောက်နဲ့ တစ်ယောက် ပြင်ပေးတာတွေမ လုပ် ဘူးဆိုရင် အမြဲတမ်းရန်ဖြစ်နေရမှာပေါ့ သူရောကိုယ်ပါပြုပြင်တဲ့အခါကြတော့ ပိုပြီး စည်း စည်း လုံးလုံးဖြစ်သွားတာပေါ့ ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်

ပိုးအိအိခန့်ကတော့ သူမရဲ့အိမ်ထောင်ရေးကို သေချာပြုပြင်ခဲ့ရပုံကို ပြောပြလာခဲ့တာပဲဖြစ်ပါ တယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)

Source Popular Journal