ကိုဗစ်ကူးစက်ခံ လူနာတွေကို ကုသ ပေးနေရတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြောပြလာတဲ့ စိန် ဖြိုးလှိုင် ( မောင် )

မင်းသမီးကြီး နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ကိုဗစ်ကူးစက်လူနာ များ ကို ကုသပေးနေတဲ့ ဆရာဝန်တဦးဖြစ်ပါတယ်။ မောင် ကတော့ မကြာခင်မှာပဲ တာဝန်ရက် စေ့ပြီး အိမ်ပြန်ရတော့မယ့်အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေး ပြောကြား ခဲ့ပါတယ်။

ထို့နောက်မှာတော့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလည်း အခုလိုပဲ ဆက်လက် ပြောပြခဲ့ပါတယ်။ မောင် ပြောခဲ့တာကတော့ ” ကျွန်တော်မကြာခင် တာဝ န် ရက်စေ့လို့ အိမ်ပြန်ရတော့မယ်။ ရောက်ကာစက အရာရာ အစဉ်ပြေပင်မဲ့ ပြန်မယ့်ရက်နီးလာ တာနဲ့အမျှ အိမ်ကိုသတိရတဲ့စိတ်ကပိုလာပါတယ်။

ပျဉ်ကျဲကျဲပေါ် မွှေ့ရာပါးပါးလေးခင်းထားတဲ့ ကုတင်ပေါ်မှာ ၄နာရီထက်ပိုအိပ်ရင် ကျောနာလာပြီ။ နေ့တိုင်းစားနေကျ ထမင်းဟင်းတွေကို မမြင်ချင်လောက်အောင်ငြီးငွေ့လာပြီ။မတွေ့တာ တစ်လနီး ပါးရှိလာတဲ့ မိသားစုနဲ့ ရည်းစားကိုလဲတွေ့ချင်လာပြီ။ အားလပ်ရက်မှာ Vlog လေးရိုက်ပြီး Edit လုပ် ရတဲ့အချိန်လေးတွေကိုလဲသတိရလာပြီ။

ညနေခင်း Youtube မှာသီးချင်းနားထောင်းရင်း ဘီယာသောက်တဲ့အချိန်တွေကို လွမ်းလာ တ ယ်။ ဒီမှာ အရာအားလုံးကိုမေ့ထားလို့ရတဲ့အချိန်ကတော့ Duty မှာ ကိုယ်တာဝန်ကိုယ်လုပ်နေ တဲ့ အချိန်ပါပဲ။

လူနာတွေကို ကိုယ်ကူညီပေးလိုက်တာ အဆင်ပြေသွားတယ်လို့ပြန်ကြားရတိုင်း အပင်ပန်းခံရ ကြိုး နပ်တယ်လို့ခံစားရပါတယ်။ လူနာတွေကြည့်တဲ့အချိန် PPE နဲ့သွားရတာမို့ ဖုန်းယူသွား လို့မ ရပင်မဲ့ လူနာတွေကအမှတ်တရရိုက်ပြီပြန်ပို့ပေးလို့ ဒီလိုပုံလေးတွေရခဲ့တာပါ။ ” ဆိုကာ လူနာ များ နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ကိုဗစ်ကာလအတွင်းမှာ ကိုယ်ကျိုးမငဲ့ပဲ ရှေ့တန်းကနေ တာဝန်ယူကုသပေး နေ တဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ တကယ်ကို လေးစားချီးကျူးစရာပါ ။ ကျန်းမာရေးဝန် ထမ်းတွေအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။