မြန်မာနိုင်ငံရဲ့ လုပ်ခလစာတွေ မြင့်တက်လာတော့မယ့် တိုင်းပြည်အတွက် အရေးပါတဲ့စာချုပ် အမေ လက်မှတ်ထိုးပြီ

ဘာ့အကြီးဆုံးကုန်သွယ်မှုသဘောတူစာချုပ်တွင် မြန်မာပါဝင် လက်မှတ်ရေးထိုး

ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်စာချုပ်ကို မြန်မာနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေး၌ နိုဝင်ဘာ ၁၅ ရက်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။…

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (The Regional Comprehensive Economic Partnership-RCEP) ဟု ခေါ်သည့် ထိုသဘောတူညီချက်ကို

အာဆီယံ ၁၀ နိုင်ငံနှင့် ၎င်းတို့၏ မိတ် ဖက်အာရှ-ပစိဖိတ်ငါးနိုင်ငံတို့က အွန်လိုင်း မှတစ်ဆင့်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီချက် ကို အာဆီယံ ၁၀ နိုင်ငံအပြင် တ ရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီ လန်နှင့် ဩစတြေးနိုင်ငံတို့က ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယနိုင်ငံက နိုင်ငံတွင်း ကုန် သွယ်မှုလိုငွေကြောင့် ပါဝင်လက် မှတ်ရေးထိုးခြင်းမရှိပေ။

ထိုသဘောတူညီချက်အရ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်း နှင့် ကမ္ဘာ့လူဦးရေ ၃၀ ရာခိုင်နှုန်း ကို လွှမ်းခြုံနိုင်မည်ဖြစ်သည်

ယင်း စာချုပ်သည်ကမ္ဘာ့ကုန်သွယ် မှု၏ ၂၈ ရာခိုင်နှုန်းနီးပါးကို ကိုယ် စားပြုထားသဖြင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ် များအနက် တစ်ခုအပါအဝင်ဖြစ် လာမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

စာချုပ်သည် လက်မှတ်ရေး ထိုးပြီးနှစ်နှစ်အတွင်း စတင်အ သက်ဝင်မည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် RCEP သဘော တူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် နိုင်ငံ၏

ထုတ် ကုန်များကို ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့အဆင့်မြင့်ဈေးကွက်များသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် သဘောတူစာချုပ် ပါ စည်းမျဉ်းစည်းကမ်းများနှင့် အညီ မြန်မာနိုင်ငံသို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အရည်အ သွေးမြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပိုမိုစီးဝင်လာနိုင်မည်ဟု လည်းဆိုသည်။

လက်မှတ်ရေးထိုးပွဲတွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက် ငါးနိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအ ကြီးအကဲများနှင့် ၎င်းတို့၏ ကုန် သွယ်ရေးနှင့် စီးပွားရေးဝန်ကြီး များက အွန်လိုင်းမှ တက်ရောက် ခဲ့သည်။

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ် နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီး ဦးသောင်းထွန်းက လက်မှတ်ရေးထိုးပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က တက်ရောက် အားပေးခဲ့သည်။

ထိုအစည်းအဝေးတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ယခုကုန် သွယ်ရေးစာချုပ်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအပေါ် အ များက ယုံကြည်လက်ခံမှု၊ စီးပွား ရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုး

စားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေ သအတွင်း စီးပွားရေးပြန်လည်နာ လန်ထူခြင်းကို ကူညီဖြည့်ဆည်း ပေးရန်ဖြစ်သည်ဟုပြောသည်။

သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခု ဖြစ် လာလိမ့်မည်ဟုလည်း အတိုင်ပင် ခံကဆိုသည်။ ထို့အတွက် မြန်မာ နိုင်ငံက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဆက်လက်ပြောသည်။

RCEP ကို လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံတွေက အတည် ပြုမယ်၊ စတင်ဆောင်ရွက်ကြလိမ့် မယ်။ ဒါဆိုရင် COVID-19 အ လွန်ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေမှာ

အကျိုးသက်ရောက် စေလိမ့်မယ်’’ ဟု အာဆီယံအ လှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက် နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc ကပြောသည်။

RCEP သည် နိုင်ငံများအ ကြား စက်မှုနှင့် စိုက်ပျိုးရေးထွက် ကုန်များကို အခွန်လျှော့ချခြင်း (သို့မဟုတ်) ဖယ်ရှားခြင်း၊အချက် အလက်များ ပေးပို့ခြင်းများအ တွက် စည်းမျဉ်းများပါဝင်မည်ဟု ဗီယက်နမ်က ဆိုထားသည်။

ယင်းသို့ စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့်ပတ်သက်၍ ကုန် သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ‘‘ပို့ကုန်တိုးမြှင့်လို့ရမယ်၊ သူများဟာတွေဝင်လာတော့ ယှဉ် ပြိုင်နိုင်စွမ်းတွေမြှင့်ရမယ်’’ ဟု မှတ်ချက်ပြုသည်။

ထို့အပြင် ဒေသတွင်း လုပ်ခ လစာများလည်း တစ်ပြေးညီဖြစ် ပြီး မြန်မာနိုင်ငံကလည်း လုပ်ခ လစာမြင့်တက်လာနိုင်သည်ဟု ၎င်းကဆိုသည်။