ရည်းစားနိုင်နည်း( ဘဲကြီးများ ဖတ်ရန် )

ရည်းစား နိုင်နည်း ( ဘဲကြီးများ ဖတ်ရန် )

1. ဘယ်တော့မှ ဦးစားမပေးနဲ့ ဥပမာ – မုန့်ဆိုင်ထိုင်တဲ့အခါမျိုးကိုယ်ကအရင် ပိုက်ဆံထုတ်ပြီး ရှင်းပြစ်လိုက်

2. စကားကို တစ်ခွန်းထက် ပိုပြီး မပြောခိုင်းနဲ့ ဥပမာ – ” ကိုကို… ဒါလေးဝယ်ပေးနော် ” လို့ပြောရင် ထပ်အပြောမခံနဲ့ ချက်ချင်းဝယ်ပေးလိုက်

3. သူ့ခန္ဓာကိုယ်ပေါ် ကိုယ့်လက်ချက်တွေပဲ ပြည့်နေပါစေ ဥပမာ – နှုတ်ခမ်းနီတို့၊ လက်သည်းနီးတို့ ကိုယ်ကိုယ်တိုင် ဆိုးပေးပြစ်လိုက်

4. ကိုယ့်စကား တစ်ခွန်းဆို တစ်ခွန်းပဲ ဖြစ်နေပါစေ ဥပမာ – ” ချစ်… အိမ်မှာပဲ နေနော် ” ” ဘယ်မှ မသွားနဲ့ ” ” ကိုကို မုန့်ဝယ်ပြီး လာပို့ပေးမယ် ” ဆိုတာမျိုး

5. ဘယ်တော့မှ အကောင်းမပြောပါနဲ့ ဥပမာ – နေကြာစေ့ ခွာကျွေးရင် ” ချစ်လက်ရာ မကြိုက်ဘူး ကိုကိုပဲ ခွာကျွေးမယ် ” ဆိုတာမျိုး

6. အရာရာ အလိုမလိုက်ပါနဲ့ ဥပမာ – သူက Bill ထည့်ပေးမယ် ဆိုရင်တောင် အထည့်မခံနဲ့ ကိုယ့်ဘာသာ ကိုယ်ဝယ်ထည့်ပြစ်လိုက်

7. အမြဲတမ်း ရှေ့ကဦးဆောင်ပါ ဥပမာ – Tuto ကူးတာတို့ Roll call ထိုးတာတို့ အချိုရည်ဘူးတို့ ရေဘူးတို့ အပိတ်ဖွင့်တာတို့ ကိုယ်ကပဲ ဦးဆောင်ပြီး လုပ်ပေးပြစ်လိုက်

8. အပြင်သိပ်မထွက်ခိုင်းနဲ့ ဥပမာ – သူက နေကြာစေ့စားချင်ရင် သွားဝယ်ပေးလိုက် ပြီးမှ သူ့ဆီ သွားပို့ပေးလိုက်

9. ကိစ္စတိုင်းကို ကြိုပြီး အသိမပေးနဲ့ ဥပမာ – သူ့ Birthday အတွက် လွန်ခဲ့တဲ့ လကတည်းက Present ဝယ်ပေးထားတာမျိုး

10. ဘယ်တော့မှ မကြောက်နဲ့ ဥပမာ – ခေါင်းခေါက်လဲ မကြောက်မရွံ့ အခေါက်ခံလိုက် ဗိုက်ခေါက်လိမ်ဆွဲလဲ မကြောက်မရွံ့ လိမ်ဆွဲခံလိုက် လက်ကိုကိုက်လဲ မကြောက်မရွံ့ အကိုက်ခံလိုက်

မလိမ်ပါနဲ့ကိုယ့်ကောင်မလေးကိုအနိုင်ယူချင်နေပီမလား😝😜😗

crd