ညီနန္ဒရဲ့ Live မှာ လက်စွပ်လေးနဲ့ဆင်တူ သိန်းချီတန်တဲ့ လက်ဝတ်ရတနာတွေ ဝယ်ယူအားပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ.. အနုပညာအလုပ်တွေနဲ့ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသလို Live လွှင့်ကာ ဈေးရောင်းပေးပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိထားသူလေးကတော့ နှိုင်း ယှဉ်မြင့်မိုရ်ပဲ ဖြစ်ပါတယ့နော်..။

နေ့ရောညပါ Live လွှင့်ဈေးရောင်းကာ အောင်မြင်နေတဲ့ နှိုင်းယှဉ်ကတော့ အနုပညာညီအစ်ကို မောင်နှတွေကိုလည်း အတူလက်တွဲခေါ်ကာ ညီနန္ဒအတွက်လည်း အလုပ်တွေချိတ်ဆက်ပေးခဲ့ပြီး ညီနန္ဒရဲ့ live မှာလည်း လက်ဝတ်ရတနာတွေ ဝယ်ယူအားပေးခဲ့ပြန်ပါတယ်နော်..။

ညီနန္ဒရဲ့ Live မှာ သူမရဲ့လက်စွပ်လေးနဲ့ဆင်တူ H လို့ စာလုံးထွင်းထားတဲ့ သိန်းချီတန်လက်ဝတ် ရတနာ လက်ကောက်လေးကို ဝယ်ယူအားပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

“လက်စွပ်လေးရှိနေတော့ မြတ်မွန်ရတနာနဲ့ကိုနန္ဒ live မှာ လက်ကောက်လေးအားပေးလာခဲ့ တာ ..” ဆိုပြီး နှိုင်းယှဉ်က အားပေးဝယ်ခဲ့တဲ့အကြောင်းလေးကို ဝေမျှပြောပြထားတာ ဖြစ်ပါတယ် နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ညီနန္ဒကလည်း “ညီမလေးရေ အလုပ်အတွက်လည်းမိတ်ဆ က်ပေး တယ်, အားဖြည့်ပြီးတော့လည်းကူညီတယ်, သီတင်းကျွတ်လည်းကန်တော့တယ်… အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်…

ငါ့ညီမလေး အောင်မြင်မှုကြီးသက်ဆုံးတိုင်ပါစေ…” ဆိုပြီး ကျေးဇူးတင်စကားလေး ဆိုထားတာ တွေ့ရပါတယ်နော်..။

ကဲ.. ပရိသတ်တွေကလည်း အနုပညာအလုပ်တွေအပြင် စီးပွားရေးမှာပါ တစ်ယောက်နဲ့တစ် ယောက် ဖေးမကူညီချစ်ခင်ကြတဲ့ ညီနန္ဒနဲ့ နှိုင်းယှဉ်တို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ပုံရိပ် လေးတွေကို သဘောကျနေကြပါတယ်နော်..။

Source Photo Credit – Nhying Shin’s Fb Acc Nyi Nada’s Fb Acc