စိတ်ညစ်လွန်းလို့ အရမ်းခံစားနေရ တဲ့ အချိန်မှာ သေမယ့်လမ်းထက် သီလ ရှင်ဝတ်ပြီး တရားအားထုတ်မယ့်လမ်း စဉ်ကို လိုက်ခဲ့ကြောင်း ပြောပြလာတဲ့ ထက်ထက်မိုးဦး

မိုးကုတ်မြို့လေးကနေ ပြက္ခဒိန်ကြော်ငြာတွေ ရိုက်ကူးရင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင် မြင် လာခဲ့တဲ့ ထက်ထက်မိုးဦးကတော့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အနုပညာအလုပ်တွေ လက်မလည်အောင် လုပ်ကိုင်ခဲ့ပေမယ့် လူမှုရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေရှိလာချိန်မှာတော့ အ နု ပညာလောကကနေ ပျောက်ကွယ်သွားတဲ့အထိဖြစ်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ အောင်မြင်သူမင်း သ မီးတစ်လက်ဆိုပေမယ့် လောကဓံရဲ့ အထုအထောင်းတွေကြောင့် စိတ်ညစ်လွန်း၊ စိတ်ဓာတ် ကျ လွန်းတဲ့အချိန်တွေရှိခဲ့ဖူးတဲ့ ထက်ထက်မိုးဦးက သေမယ့်လမ်းထက် သီလရှင်ဝတ်ပြီး တရား အား ထုတ်မယ့် လမ်းစဉ်ကို လိုက်ခဲ့ကြောင် အခုလိုပဲ ပြောပြလာပါတယ်။

“အောင်မြင်တဲ့အချိန်မှာ ကိုယ့်နားမှာ ဝိုင်းဝိုင်းလည်နေတော့ မေ့လျော့နေတတ်တယ်။ထက် လည်း ခပ်ငယ်ငယ်တုန်းက အောင်မြင်မှုထိပ်ဆုံးရောက်တဲ့အချိန် သာယာခဲ့ဖူးပါတယ်။ အောင် မြင်ခဲ့တဲ့အချိန်၊ ပြည့်စုံခဲ့တဲ့အချိန်တုန်းက အလှူအတန်းတွေ အများကြီးလုပ်ခဲ့တာ၊ ဘုရားတည်၊ ကျောင်းဆောက်၊ အလှူကြီးတွေ ပေးခဲ့တာ၊ စာသင်ကျောင်းတွေဆောက်တာ၊ ရှင်ပြုရဟန်းခံ တာ စသဖြင့် အများကြီးလုပ်ခဲ့တဲ့အတွက် ကျရှုံးတဲ့အချိန်မှာ အဲဒါလေးတွေ တွေးပြီးခံသာခဲ့ ရ တယ်။ “ကျရှုံးတဲ့အချိန်မှာ” ဘဝတစ်ကွေ့မှာ အဆိုးကို ရင်ဆိုင်ရတဲ့အခါ၊ဘဝတစ်ဆစ်ချိုးမှာ အ တိမ်းအစောင်းဖြစ်တဲ့အခါ ခံနိုင်ရည်ရှိရတယ်။ သည်းခံရတယ်။လူတွေရဲ့အထင်သေးတဲ့ အကြ ည့်၊ အပြောအဆို အသုံးအနှုန်းတွေကို ခံနိုင်ရည်ရှိရတယ်။”

” ကိုယ်တိုင်လည်း စိတ်ညစ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ခဏခဏ စဉ်းစားခဲ့တယ်။ ဒါ ပေမဲ့လည်း သေသွားတာနဲ့ ပြီးမှာမဟုတ်ဘူး။ကိုယ့်နောက်မှာ လိုက်နေတဲ့ အရိပ်မည်းကြီးနဲ့ မ သေ ချင်တဲ့အတွက်ကြောင့် သီလရှင်ဝတ်ခဲ့တယ်။ တရားအားထုတ်ပြီး ၄, ၅ လ နေမှ စိတ်တည် ငြိမ်ခဲ့တယ်။ အားလုံးကို ဥပေက္ခာပြုနိုင်လာတယ်။ အခုပရိသတ်တွေပြန်ပြီး အသိအမှတ်ပြု ပေး လာတဲ့အချိန်မှာတော့ ဘဝအတွေ့အကြုံတွေက ပညာပေးတဲ့အတွက် အရမ်းကို နေတတ်သွား ပါပြီ။အောင်မြင်မှုတွေနောက်က အလှည့်အပြောင်းလောကဓံတွေနဲ့ အပြုံးမပျက် ဆက်လျှောက် နေ တဲ့ အမျိုးသမီးပါရှင့် ။” ဆိုပြီး ရင်ဖွင့်ပြောပြလာပါတယ်။

ထက်ထက်မိုးဦးကတော့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့ကို လက်တွေ့ခံစားပြီးချိန်မှာတော့ ဘဝ ရဲ့အတွေ့အကြုံတွေကနေ ပြန်လည်သင်ခန်းစာယူပြီး အခုဆိုရင် အပြုံးမပျက် နေတတ်သွားပြီပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထက်ထက်ကိုချစ်တဲ့ ပရိသတ်တွေက အများကြီးဆက်ချစ်ပေးနေတာ မို့ ထက်ထက်တစ်ယောက် အားလုံးကို ဥပေက္ခာပြုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြ ပါ စေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb

Bilie – Cele Connections