ကိုဗစ်ရောဂါကြောင့် အောက်စီဂျင် ပိုက်တန်းလန်းနဲ့ ဆေးကုသမှုခံယူ နေရတဲ့ သူ့ရဲ့အခြေအနေကို ဗီဒီယို လေးနဲ့ ပြောပြလာတဲ့ ဦးမိုးဒီ

ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးဒီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူ ထား နိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန် အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အ မာရယူထားနိုင်ခဲ့တာပါ

ဦးမိုးဒီဟာကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ် ပါတယ် ဦးမိုးဒီက နေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ Covid 19 ရောဂါ Positive ဖြစ်ကြော င်း သိခဲ့ရတာ ဖြစ်ပါတယ် ။ ယနေ့မှာတော့ လူရွှင်တော်ကောင်းစံက ဦးမိုးဒီရဲ့ကျန်းမာရေးအ ခြေ အနေအကြောင်း တင်ထားတာ ဖြစ်ပါတယ်

လူရွှင်တော်ကောင်းစံက “ပရိသတ်များရဲ့ဆုတောင်းမေတ္တာနဲ့အတူ ဧရာဝတီစင်တာမှဗော် လန် တီ ယာ များ၊ဆရာဝန်များရဲ့ကုသအားပေးမှုကြောင့် ဖေဖေ့ရဲ့ကျန်းမာရေးတိုးတက်ကောင်း မွန် လာပါပြီခင်ဗျာ အားလုံးကို ကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အောက်စီဂျင်ရှူနေရတဲ့ ဦးမိုးဒီက လက်မလေးထောင်ပြီး သူအဆင်ပြေကြောင်း ပြောနေတာ ဖြစ် ပါတယ် ။

Covid 19 ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဗီဒီယိုလေးကို ပြန် လည်မျှဝေပေးလိုက်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)