“စိန်တွေကားတွေ မဝယ်နိုင်ဘူးလို့ စနောက်နေတဲ့ ပရိသတ်တွေအတွက် အားလုံးလည်းကြိုက်ပြီး ဝယ်လည်း ဝယ်နိုင်မယ့် အရာကို ရောင်းချပေးမယ် လို့ဆိုတဲ့ မင်းသမီး ထက်ထက်မိုးဦး”
Source: HtetHtetMoeOo
ပရိသတ်ကြီးရေကြော်ငြာမင်းသမီးလဲဖြစ် အကယ်ဒမီ နှစ်ဆုရှင်လဲဖြစ် ပရိသတ်အချစ်တွေကို အမြဲရရှိနေသူလဲဖြစ်တဲ့ သူဆိုတာ အနုပညာလောကမှာ ထက်ထက်မိုးဦးပဲရှိမယ်ထင်တယ်။ ဝေဖန်ခံရနိုင်တဲ့ ကိစ္စတွေ ဖြစ်ခဲ့ရင်တောင် မဝေဖန်ခံရပဲ မျက်နှာမြင်တာနဲ့တင် ပိုပိုအချစ်ခံလာရသူပါ။
အနုပညာလောကမှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေပေမယ့်လည်း ပရိသတ်တိုင်းရဲ့ရင်မှာ ထက်ထက်မိုးဦးက အမြဲ အချစ်တော်ကြီးဖြစ်နေခဲ့တယ်ဆိုတာ အခုတလော သူမကြော်ညာပြီး ရောင်းပေးနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေက သက်သေပါပဲ။ဘယ်သူနဲ့မှမတူတဲ့ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေရဲ့ ကြည့်ရှုနှုန်းအားတွေက ဘယ် ဆယ်လီ ဘယ်အနုပညာရှင်တွေကမှ လိုက်မမှီတာ အမှန် တရားပါ။
သူမရဲ့ မျက်နှာလေးကို မြင်ချင်လို့ တမင်စောင့်ကြည့်နေတဲ့သူတွေ သူမရောင်းချတဲ့ ပစ္စည်းတွေကို စိတ်ချယုံကြည်လို့ ဝယ်ယူအားပေးချင်သူတွေ သူမကိုချစ်တဲ့စိတ်သက်သက်နဲ့ပဲ ဝယ်ယူအားပေး ချင်ကြတဲ့သူတွေနဲ့ စည်းကားနေလေ့ရှိတဲ့ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်ရောင်းချနေမှုတွေက သူမကိုအပ်တဲ့ လုပ်ငန်းရှင်အတွက်လဲ အကျိုးဖြစ်ထွန်းစေသလို ပရိသတ်တွေအတွက် အားပေးကြည်နူးစရာ ဖြစ်နေကြပါတယ်။ ဒီနေ့မှာတော့” ထက် ရောင်းရတာ မဝယ်နိုင်ဘူးဆိုပြီး စနောက်နေကြတဲ့ ချစ်ရသူတွေကို ပစ်မထား ဘူးနော်။မနက်ဖြန်ည ဒါမျိုး အချိန် ထက်ရောင်းတာ အားလုံးလည်းကြိုက်မယ် ဝယ်လည်း ဝယ်နိုင်မယ်။ ဘာပစ္စည်းလို့ ထင်လဲ ပြောလိုက်တော့ ခန့်မှန်းကြည့်လိုက်တော့ကွာ….ချစ်ရသူတွေ ထက်ရောင်းပေးတဲ့ဟာ ဝယ်ရင် ထက်ကြော်ငြာတွေကြည့်ပြီး ငယ်ငယ်က ကျောင်းတတ်ခဲ့ရတဲ့ ခံစားမှုမျိုး ပြန်ရစေရမယ်နော် ။”ဆိုတဲ့စာလေးနဲ့ ပြောပြလာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်။
Source: HtetHtetMoeOo
Credit – Myanmar Cele-Cafe