နဖူးပြောင်သူတွေရဲ့ အများနဲ့မတူ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်များ
Unicode
နဖူးကျယ်တဲ့ သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ် ထားတတ်ကြပါတယ်။
တကယ်တော့ နဖူးကျယ်တယ် ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလို ထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင် ထားတာပါနော်
(၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် ။ သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့ သူလေးတွေ ဖြစ်ပါတယ်။
အခက်အခဲနဲ့ ကြုံတွေ့ရတဲ့ အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်း နေတတ်ပြီး တခြားလူတွေကို အကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။
(၂) လွယ်လွယ်နဲ့ မပြိုလဲတတ်ဘူး ။တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လို အတိုက်အခိုက် မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ သူလေးတွေလည်းဖြစ်ကြပါတယ်။
(၃) ကန့်သတ်ချုပ်ချယ်တာကို မုန်းတယ် ။လွတ်လပ်တာကို ကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ် တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာ မဟုတ်တဲ့သူတွေပေါ့။
(၄) တော်တဲ့သူတွေ ။ နဖူးကျယ်တဲ့သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက်လုပ်ဆောင်မှု ပိုကောင်းပါတယ်။ အဲ့ဒါကြောင့် ဖြတ်ထိုးဉာဏ်ကောင်းတယ်၊ ပြဿနာဖြေရှင်းရာမှာ တော်ကြတဲ့သူတွေဖြစ်ပါတယ်။
(၅) ကံကောင်းတတ်သူတွေ ။ နဖူးမြင့်ပြီး ကျယ်တဲ့သူတွေက ဘာပဲလုပ်လုပ် ကံကောင်းတတ် ကြတဲ့ သူတွေဖြစ်ပါတယ်။ အခက်အခဲ တစ်ခုခုဖြစ်ရင်လည်း ဖြေရှင်းလို့မရလောက်အောင် ခက်ခဲနေတာမျိုး မဟုတ်ဘဲ၊ ပြေလည် သွားတတ် ကြပါတယ်။
(၆) ကိုယ်ကျင့်တရားကောင်းမွန်တယ် ။ ဉာဏ်ကောင်းပြီး စဉ်းစားဆင်ခြင်ဉာဏ် လည်းကောင်းတဲ့ သူတွေဖြစ်တာကြောင့် ကိုယ့်ရဲ့သိက္ခာကျဆင်းမယ့် လုပ်ရပ်တွေကို မလုပ်မိအောင် စောင့်ထိန်းနိုင် သူတွေဖြစ်ကြ ပါတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေလို့ ပြောရမှာပါ။
Credit:ဆရာသန်းလင်းအောင်