ရွှေတိဂုံစေတီတော်တွင် ခါးပိုက်နှိုက်သူ ( ၃ )ဦးအား ဖမ်းဆီးရမိ

Daily News

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မိမိနယ်မြေအတွင်း ခိုးဆိုး၊ လု၊နှိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ၁၀.၁၂.၂၀၁၉ ရက်နေ့၁၉၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်တွင် မသိုးသင်္ကန်းရက်လုပ်

ကပ်လှူပွဲတော်ရှိသဖြင့် ဘုရားဖူးပြည်သူများ အမြောက် အများ ရောက်ရှိနေ၍ ခါးပှိုက်နှိုက် ဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာတောင်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သူ များအား တိုးဝှေ့ကာ ခါးပိုက်နှိုက်နေသူ ထက်အောင်၊ မထက်ထက်နှင့်မျိုးမင်းနောင် (ခ)ဖိုးချစ် တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းဖော်ပြချက်တွင် ပါရှိသည်။

Loading...

ဖမ်းဆီးရမိသူ ထက်အောင်၊ မထက်ထက်နှင့် မျိုးမင်းနောင်(ခ)ဖိုးချစ်တို့ (၃)ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့သည် တောင်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သူ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ HUAWEI nova 3i အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ အနောက်ဘက် မုခ် စက်လှေခါးအနီးတွင် ဘုရားလာ ရောက်သူ အသက် (၃ဝ)နှစ်ခန့် အမျိုးသားတစ်ဦးထံမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အား နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ_အမှုမှသက်သေခံပစ္စည်းများကိုပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ထက်အောင်၊ မထက်ထက်နှင့် မျိုးမင်းနောင်(ခ)ဖိုးချစ်တို့(၃)ဦးအားဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Aung Zaw Linn

Freelancer Copy & Paste Writer