အလှူရှင်မဲ့နေတဲ့ ဒီလို ကျောင်းမျိုးတွေအတွက် အလှူရှင် ဒကာဒကာများသိအောင် မျှဝေပေးကြပါနော်

Daily News

ဒီသတင်းကို လူမှုကွန်ယက်စာမျက်နှာမှ Kyaw Zin အကောင့်ပိုင်ရှင် တင်ပြထားချက်အရ အလှူရှင်များ ပေါ်ပေါက်စေလိုသော ရည်ရွယ်ချက်ဖြင့် AlinnMyay(အလင်းမြေ) မီဒီယာမှ တဆင့်ပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

မန္တလေးမှာ သက်တော် ၈၁ ဝါတော် ၃၅ အရွယ်ရှိတဲ့ ရဟန်းတစ်ပါး တောင်မွှေးတစ်ချောင်းနဲ့ လမ်းလျှောက်အလှူခံ နေလို့ Kyaw Zin အကောင့်ပိုင်ရှင်မှ ဘယ်ကလဲ အရှင်ဘုရားလို့ မေးတော့ စစ်ကိုင်းကပါ ဘုရားဒကာကြီးရယ်ဆိုပြီး…. လက်ထဲမှာ ‌ကျောင်းဆောက်လုပ်ရန် အ‌ကြောင်းရေးထားတဲ့ ဗီနိုင်းကိုလဲကိုင်ထားသေးကြောင်း ရေးသားထားပါတယ်။

Loading...

ပထမတော့ Kyaw Zin အကောင့်ပိုင်ရှင်မှလည်း ဒီအတိုင်း ၅၀၀၀ လှူ ၁၀၀၀၀ လှူနဲ့ပဲလှူလိုက်ကြောင်း သိရပါတယ်။ နောက်မှ သေချာမေးပြီး ကျောင်းလာခဲ့ဦးမယ် ဘုရားလို့‌ပြောတော့ လာခဲ့ပါ ဒကာကြီးရယ် ဦးဇင်းတို့ကျောင်းမှာ တစ်ဦးထဲ အလှူရှင်မရှိသလို ကထိန်လဲမရပါဘူးတဲ့ ။တော်တော်စိတ်မကောင်းဖြစ်သွားတယ်လို့ ရေးသားထားပါတယ်။

Kyaw Zin အကောင့်ပိုင်ရှင်မှ ဇနီးကိုခေါ်ပြီး ဦးဇင်းကြီးကျောင်းကို ည ၉ နာရီလောက်ရောက်သွားတယ်။ ပထမ ထင်ထားတာက ပုံမှန်ကျောင်း အဆင့်လောက်တော့ရှိမယ်ထင်ခဲ့တာ အပြင်မှာတွေ့တော့မှ တော်တော်လဲစိတ်မကောင်းဖြစ်သွားတယ်။ Kyaw Zin အကောင့်ပိုင်ရှင်တို့ လာတော့ ဦးဇင်းကြီး၂ပါးကပျော်သွားတယ်လို့ ဖော်ပြထားတယ်။ Kyaw Zin အကောင့်ပိုင်ရှင် နောက်မှ ထပ်သိလိုက်ရတာက နောက်တစ်ပါးက စာချကိုယ်တော် ဓမ္မစရိယအောင်ထားတယ်။‌

ချိုင်းထောက်မြင်လို့ ခြေထောက်ကဘာဖြစ်တာလဲမေးတော့ ဆီးချိုဖြစ်လို့ခွဲထားတာတဲ့ ၊ Kyaw Zin အကောင့်ပိုင်ရှင်မှ တတ်နိုင်သလောက်လှူခဲ့ကာ ဦးဇင်းက ရေစက်ချပေးတယ် ရေစက်ချဖို့ယူလာတာက သောက်ရေအိုးစင်က ပန်းကန်ပြားနဲ့ သောက်ရေခွက်လေးယူလာပေးတယ်။

လမ်းလျှောက်နိုင်တဲ့ အသက် ၈၁ နှစ်ဦးဇင်းကြီးက ကျောင်းမှာရှိတဲ့ ကိုရင်လေးတွေ ရှေ့ရေးအတွက် ကျောင်းဆောက်ပေးခဲ့ချင်တဲ့အတွက် မန္တလေး စစ်ကိုင်း မြို့မှာ အလှူထွက်ခံတယ်။ခြေထောက်မကောင်းတဲ့ ဦးဇင်းက ကိုရင်လေးတွေကို စာသင်ပေးနေကြောင်း သိရပါတယ်။

လှူချင်စိတ် သဒ္ဓါစိတ်တွေရှိတဲ့ မိတ်ဆွေတို့အတွက် ဦးဇင်းကြီးရဲ့ ဆောက်လက်စဖြစ်နေတဲ့ကျောင်းလိပ်စာနဲ့ ဖုန်းနံပါတ်လေးလမ်းညွှန်ပေးပါရစေ ဆိုပြီး တာဝန်သိ၊ ကုသိုလ်ရှင် Kyaw Zin အကောင့်ပိုင်ရှင် မှ ရေးသားတင်ပြထားတာကို တွေ့ရပါတယ်။

ထိပ်ခေါင်ဘုရား ရထောင်ဘိုးဘွားရိပ်သာ အရှေ့မင်းဝံရပ်ကွက် ဒက္ခိဏကျာင်းတိုက်၊ စစ်ကိုင်းတောင်သွားတဲ့ဘက်မှာလို့ သိရပြီး အလှူရှင် ဒကာ ဒကာမများ ပေါ်ပေါက်စေလိုသော ဆန္ဒဖြင့် တဆင့်ပြန်လည် မျှဝေပေးလိုက်ပါသည်။

ဒီပို့လေးကို တွေ့မြင်သူတိုင်းကလည်း တတ်နိုင်သလောက် လှူနိုင်ရင်လည်း လှူ၊ ရှယ်နိုင်သလောက် ရှယ်ပေးကြပါလို့  လေးစားစွာ နှိုးဆော်လိုက်ပါရစေ..။

ဦးကဝိ ၊ ဖုန်း – 09449222542

သွားရ ရှာရခက်ရင် လမ်းညွှန်ပေးပါရစေ..။ Kyaw Zin အကောင့်ပိုင်ရှင် – 09798640039

Aung Zaw Linn

Freelancer Copy & Paste Writer