ထိုင္းစက္႐ုံ ေဒဝါလီခံ၊ ျမန္မာလုပ္သား ၆၀၀ အလုပ္လက္မဲ့ျဖစ္

Daily News

ထိုင္းႏိုင္ငံ ခြၽန္ဘူရီခ႐ိုင္ စီရားခ်ားၿမိဳ႕မွာရွိတဲ့ ခရီးေဆာင္အိတ္စက္႐ုံဟာ ေဒဝါလီခံၿပီး ပိတ္သိမ္းသြားတာေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ ျမန္မာအလုပ္သမား ၆၀၀ ေက်ာ္ဟာ လုပ္သက္နစ္နာေၾကးရရွိဖို႔ ထိုင္းအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရး႐ုံးမွာ တိုင္ၾကားထားပါတယ္။

ေအာက္တိုဘာ ၃၁ ရက္ေန႔ကစၿပီး ေဒဝါလီခံသြားရတဲ့အတြက္ အလုပ္သမားေတြကို လစာနဲ႔ နစ္နာေၾကး တစ္လစာေပးၿပီး ပိတ္လိုက္တာလို႔ အလုပ္သမားေတြကို ကူညီေပးေနတဲ့ FAR အဖြဲ႕က နန္းသႏၵာထြန္းက ေျပာပါတယ္။

ထိုင္းမွာရွိတဲ့ ျမန္မာသံအရာရွိေတြ၊ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြက အလုပ္သမားေတြ နစ္နာေၾကးရရွိဖို႔၊ အျခားလုပ္ငန္းခြင္ေတြကို တရားဝင္ေျပာင္းေ႐ြ႕ခြင့္ရရွိဖို႔ ကူညီေနၿပီး ေနရပ္ျပန္လိုသူအတြက္လည္း စီစဥ္ေပးေနတယ္လို႔ ျမန္မာအလုပ္သမားေရးရာ သံအရာရွိ ဦးေဝလင္းေမာင္က သတင္းေထာက္ေတြကို ဒီေန႔ ေျပာပါတယ္။

Loading...

ဒီေန႔မွာ ေနရပ္ျပန္မယ့္ အလုပ္သမား ၈၀ ေက်ာ္ကို ထိုင္းႏိုင္ငံမဲေဆာက္ကေန ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ကို ေခၚေဆာင္ခဲ့ၿပီး အဲဒီကေန သက္ဆိုင္ရာၿမိဳ႕ေတြကို ျပန္ဖို႔ ကားစီစဥ္ေပးေနတယ္လို႔လည္း သိရပါတယ္။

ပိတ္သိမ္းလိုက္တဲ့စက္႐ုံမွာ ကေမာၻဒီယား ၃၀၀ ေက်ာ္၊ ထိုင္းအလုပ္သမား ၁၀၀ ေက်ာ္လည္း လုပ္ကိုင္ခဲ့တယ္လို႔ သိရပါတယ္။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီရားချားမြို့မှာရှိတဲ့ ခရီးဆောင်အိတ်စက်ရုံဟာ ဒေဝါလီခံပြီး ပိတ်သိမ်းသွားတာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာအလုပ်သမား ၆၀၀ ကျော်ဟာ လုပ်သက်နစ်နာကြေးရရှိဖို့ ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ တိုင်ကြားထားပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး ဒေဝါလီခံသွားရတဲ့အတွက် အလုပ်သမားတွေကို လစာနဲ့ နစ်နာကြေး တစ်လစာပေးပြီး ပိတ်လိုက်တာလို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ FAR အဖွဲ့က နန်းသန္ဒာထွန်းက ပြောပါတယ်။

ထိုင်းမှာရှိတဲ့ မြန်မာသံအရာရှိတွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အလုပ်သမားတွေ နစ်နာကြေးရရှိဖို့၊ အခြားလုပ်ငန်းခွင်တွေကို တရားဝင်ပြောင်းရွေ့ခွင့်ရရှိဖို့ ကူညီနေပြီး နေရပ်ပြန်လိုသူအတွက်လည်း စီစဉ်ပေးနေတယ်လို့ မြန်မာအလုပ်သမားရေးရာ သံအရာရှိ ဦးဝေလင်းမောင်က သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။

ဒီနေ့မှာ နေရပ်ပြန်မယ့် အလုပ်သမား ၈၀ ကျော်ကို ထိုင်းနိုင်ငံမဲဆောက်ကနေ ကရင်ပြည်နယ် မြဝတီမြို့ကို ခေါ်ဆောင်ခဲ့ပြီး အဲဒီကနေ သက်ဆိုင်ရာမြို့တွေကို ပြန်ဖို့ ကားစီစဉ်ပေးနေတယ်လို့လည်း သိရပါတယ်။

ပိတ်သိမ်းလိုက်တဲ့စက်ရုံမှာ ကမ္ဘောဒီယား ၃၀၀ ကျော်၊ ထိုင်းအလုပ်သမား ၁၀၀ ကျော်လည်း လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

Aung Zaw Linn

Freelancer Copy & Paste Writer