နှစ်စဉ်ထုံးစံအတိုင်း အငြိမ့်မကဖြစ်ပေမယ့် နှင်းဆီအစ်ကိုတွေကို အိမ်ကနေအားပေးခဲ့တယ်ဆိုတဲ့ မေကဗျာ

နှစ်စဉ်ထုံးစံအတိုင်း အငြိမ့်မကဖြစ်ပေမယ့် နှင်းဆီအစ်ကိုတွေကို အိမ်ကနေအားပေးခဲ့တယ်ဆိုတဲ့ မေကဗျာ

မင်းသမီးချောလေး မေကဗျာကတော့ သရုပ်ဆောင်ကောင်းပြီး အလုပ်အပေါ် အာရုံစူးစိုက်တတ်တာကြောင့် ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ယနေ့အချိန်ထိ ရရှိပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ မေကဗျာက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်နေရုံသာမကပဲ နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်စံ မင်းသမီးလေးအဖြစ်လည်း ပါဝင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေကဗျာက နှင်းဆီမင်းသမီးလေးအဖြစ် မိုးယုစံ၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံတို့နဲ့အတူတူ နှစ်စဉ်နှစ်တိုင်း ကပြဖျော်ဖြေပေးနေကျပဲ ဖြစ်ပါတယ်။

Loading...

ဒီနှစ်မှာတော့ နှင်းဆီအဖွဲ့က အငြိမ့်မကပဲ နှင်းဆီ Unplugged Show ဆိုပြီး သီချင်းဆိုဖျော်ဖြေခဲ့ကြတာပဲ ဖြစ်ပါတယ်။ မေကဗျာကလည်း ဒီနှစ်မှာ အငြိမ့်မကဖြစ်ပေမယ့် နှင်းဆီအစ်ကိုတွေကို အိမ်ကနေအားပေးခဲ့တယ်ဆိုပြီး “နှင်းဆီအကိုတွေကိုအားပေး။ ဆေးခန်းပြပြီးပြီ။ အဖြေတွေအားလုံးကောင်း ဘာမှမရှိပျော်၏။ အားပေးတာဖြေတာမဲလည်းမပေါက်ဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

မေကဗျာကတော့ နှစ်စဉ်နှစ်တိုင်း ကနေကျဖြစ်တဲ့ အငြိမ့်မကဖြစ်သလို သူမကိုယ်တိုင်လည်း နေထိုင်မကောင်းဖြစ်ပြီးခါစမို့ အိမ်ထဲမှာပဲ သေချာအနားယူနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေကဗျာနဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ သံယောဇဉ်ကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။