ဗဟန်းမြို့နယ် NLD ပါတီရွေးကောက်ခံကိုယ်စားလှယ်များက အနှေးယာဉ်လုပ်သားများကို ဆန်တစ်အိတ် ဆီ ၁ ဘူးလှူဒါန်း

နိုဝင်ဘာ ၁၃

ဗဟန်းမြို့နယ် NLD ပါတီရွေးကောက်ခံကိုယ်စားလှယ်များက အနှေးယာဉ်လုပ်သားများကို ဆန်တစ်အိတ် ဆီ ၁ ဘူးလှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟန်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ဗဟန်းမြို့နယ်တိုင်းဒေသကြီး(၁)ရွေးကောက်ခံကိုယ်စားလှယ်ဒေါ်နီနီအောင်၊တိုင်းဒေသကြီး(၂)ရွေးကောက်ခံကိုယ်စားလှယ် ဒေါ်ရီရီမြ တို့နှင့်မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တို့မှ နေ့လည်(၁:၀၀)နာရီတွင် မြို့နယ်အတွင်းရှိ ကျိုက္ကဆံ၊ဗိုလ်စိန်မှန်၊ဆရာစံ(တောင်)၊ဆရာစံ (မြောက်/အနောက်)၊ဆရာစံ(မြောက်/အရှေ့)၊ ဆရာစံရပ်ကွက်တို့မှ အနှေးယာဉ်လုပ်သားကြီးများအား တစ်ဦးလျှင်ဆန်(၆)ပြည်တစ်အိတ်၊ဆီ(၁)ဘူး၊ငါးသေတ္တာ(၅)ဘူး၊ခေါက်ဆွဲခြောက်(၁၀)ထုပ်တို့အား အောင်ချမ်းသာအိမ်ရာရှိ မြို့နယ်ရုံးရှေ့၌ ပေးဝေခဲ့ကြတာဖြစ်ပါတယ်။

ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြို့နယ်အတွင်းမှ ရပ်ကွက်များရှိ အနှေးယာဉ် လုပ်သားကြီးများအား ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်နှင့်အညီ ပေးဝေခဲ့ကြကြောင်းသိရပါတယ်။