သားသမီးတွေလာကန်တော့မှာကို စောင့်နေတဲ့ ဘိုးဘွားရိပ်သာမှ အဘိုးအိုတစ်ဦး

မိဘတွေဟာ သားသမီးတွေအပေါ် စုန်ရေပဲရှိတယ်၊ ဆန်ရေကို ဘယ်တော့မှ မမျှော်လင့်ဘူးဆိုပြီး ပြောကြတယ်။

တကယ်တော့ မိဘတွေရဲ့ စိတ်ထဲမှာ သားသမီးတွေအပေါ် မျှော်လင့်ချက် တစ်စုံ အမြဲတမ်း ကိန်းအောင်းနေပြီးသား ဖြစ်ပါတယ်။ သားသမီးတွေ စိတ်မကောင်းမှာဆိုးလို့သာ ဘာမှမဖြစ်တဲ့ ပုံစံမျိုးတွေ ပြသနေတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွေးမွေး စောင့်ရှောက်ထားတဲ့ မိမိ သားသမီးဆီက ဘာမှ မမျှော်လင့်ဘူးဆိုတာ ဘယ်ရှိပါ့မလဲ။ မိမိတောင် ပန်းပင်လေး တစ်ပင် စိုက်လိုက်တဲ့အခါ ၎င်းပန်းပင်လေးကို အခြား ပန်းပင်တွေရဲ့ အလယ်မှာ တင့်တယ် လှပစေချင်ကြတယ်။ ဒီလိုပဲလေ မိဘတွေကလည်း ကိုယ့်သားသမီတွေကို လူပုံအလယ်မှာ အောင်မြင်စေချင်ကြတယ်။ တင့်တင့်တယ်တယ် နေထိုင်စေချင်ကြတယ်။

ဒါတင်မကသေးပဲ မိမိဟာ သစ်ပင်တစ်ပင်ကို စိုက်လိုက်တယ်ဆိုပါစို့ ဒီသစ်ပင်ကို စိုက်ရခြင်း ရည်ရွယ်ချက်က တစ်နေ့ မိမိအတွက် အရိပ်ကောင်းကောင်းတစ်ခု ဖြစ်စေဖို့၊ အသီးကောင်းကောင်းတွေ စားချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။ အလားတူပဲ မိဘတွေဟာလည်း သူတို့ အသက်ရွယ် အိုမင်းသွားတဲ့အခါ သားသမီးတွေက သူတို့အပေါ် ပြန်လည် အလုပ်အကျွေးပြုခြင်းတွေကို မျှော်လင့်ကြတာပါပဲ။ ဒီလို မျှော်လင့်ချက်တွေနဲ့ မိဘတွေဟာ အိုမင်းရင့်ရော်ခြင်းဆိုတဲ့ သင်္ခါရတရားကြီးဆီကို တစ်ဖြည်းဖြည်း လျှောက်လှမ်းလာကြပါတယ်။

နောက်ဆုံးတော့ သူတို့ရဲ့ မျှော်လင့်ခြင်း ပန်းပင်လေးတွေဖြစ်တဲ့ သားသမီးတွေဟာ သူတို့ မျှော်လင့်ထားတဲ့အတိုင်း လှပဝေဆာတဲ့ ပန်းလေးတွေပွင့်ဖူးပြီး လူအများအလယ်မှာ လှချင်တိုင်းလှနေကြပါပြီ။ ဒါ့အပြင် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင် အဖြစ်ကိုလည်း ရောက်ရှိနေပါပြီ။ ဒါပေမဲ့ ဒီတင့်တယ်လှပမှုတွေ၊ အရိပ်ကောင်းရမှုတွေဟာ မူလပိုင်ရှင် မိဘတို့ အတွက်မဟုတ်ပဲ အခြား တစ်စုံတစ်ယောက်အတွက် ဖြစ်နေလေရဲ့။ ဒီအခါမှာတော့ မိဘတို့ရဲ့ မျှော်လင့်ချက်တွေဟာ ရေစုန်မျှောရပါတော့တယ်။ သင်္ခါရတရားကြီးဆီကို လျှောက်လှမ်းနေတဲ့ မိဘတွေအတွက် ဒီအချိန်မှာ ဘယ်မှာများ ခိုကိုးရာ ရှိပါတော့မလဲ။

zawgyi

မိဘတွေဟာ သားသမီးတွေအပေါ် စုန်ရေပဲရှိတယ်၊ ဆန်ရေကို ဘယ်တော့မှ မမျှော်လင့်ဘူးဆိုပြီး ပြောကြတယ်။

တကယ်တော့ မိဘတွေရဲ့ စိတ်ထဲမှာ သားသမီးတွေအပေါ် မျှော်လင့်ချက် တစ်စုံ အမြဲတမ်း ကိန်းအောင်းနေပြီးသား ဖြစ်ပါတယ်။ သားသမီးတွေ စိတ်မကောင်းမှာဆိုးလို့သာ ဘာမှမဖြစ်တဲ့ ပုံစံမျိုးတွေ ပြသနေတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွေးမွေး စောင့်ရှောက်ထားတဲ့ မိမိ သားသမီးဆီက ဘာမှ မမျှော်လင့်ဘူးဆိုတာ ဘယ်ရှိပါ့မလဲ။ မိမိတောင် ပန်းပင်လေး တစ်ပင် စိုက်လိုက်တဲ့အခါ ၎င်းပန်းပင်လေးကို အခြား ပန်းပင်တွေရဲ့ အလယ်မှာ တင့်တယ် လှပစေချင်ကြတယ်။ ဒီလိုပဲလေ မိဘတွေကလည်း ကိုယ့်သားသမီတွေကို လူပုံအလယ်မှာ အောင်မြင်စေချင်ကြတယ်။ တင့်တင့်တယ်တယ် နေထိုင်စေချင်ကြတယ်။

ဒါတင်မကသေးပဲ မိမိဟာ သစ်ပင်တစ်ပင်ကို စိုက်လိုက်တယ်ဆိုပါစို့ ဒီသစ်ပင်ကို စိုက်ရခြင်း ရည်ရွယ်ချက်က တစ်နေ့ မိမိအတွက် အရိပ်ကောင်းကောင်းတစ်ခု ဖြစ်စေဖို့၊ အသီးကောင်းကောင်းတွေ စားချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။ အလားတူပဲ မိဘတွေဟာလည်း သူတို့ အသက်ရွယ် အိုမင်းသွားတဲ့အခါ သားသမီးတွေက သူတို့အပေါ် ပြန်လည် အလုပ်အကျွေးပြုခြင်းတွေကို မျှော်လင့်ကြတာပါပဲ။ ဒီလို မျှော်လင့်ချက်တွေနဲ့ မိဘတွေဟာ အိုမင်းရင့်ရော်ခြင်းဆိုတဲ့ သင်္ခါရတရားကြီးဆီကို တစ်ဖြည်းဖြည်း လျှောက်လှမ်းလာကြပါတယ်။

နောက်ဆုံးတော့ သူတို့ရဲ့ မျှော်လင့်ခြင်း ပန်းပင်လေးတွေဖြစ်တဲ့ သားသမီးတွေဟာ သူတို့ မျှော်လင့်ထားတဲ့အတိုင်း လှပဝေဆာတဲ့ ပန်းလေးတွေပွင့်ဖူးပြီး လူအများအလယ်မှာ လှချင်တိုင်းလှနေကြပါပြီ။ ဒါ့အပြင် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင် အဖြစ်ကိုလည်း ရောက်ရှိနေပါပြီ။

ဒါပေမဲ့ ဒီတင့်တယ်လှပမှုတွေ၊ အရိပ်ကောင်းရမှုတွေဟာ မူလပိုင်ရှင် မိဘတို့ အတွက်မဟုတ်ပဲ အခြား တစ်စုံတစ်ယောက်အတွက် ဖြစ်နေလေရဲ့။ ဒီအခါမှာတော့ မိဘတို့ရဲ့ မျှော်လင့်ချက်တွေဟာ ရေစုန်မျှောရပါတော့တယ်။ သင်္ခါရတရားကြီးဆီကို လျှောက်လှမ်းနေတဲ့ မိဘတွေအတွက် ဒီအချိန်မှာ ဘယ်မှာများ ခိုကိုးရာ ရှိပါတော့မလဲ။