လူမှုကူညီရေးယာဉ်နှင့်ထိခိုက်မိ၍ သေဆုံးသွားသူ၏ နောက်ဆုံးခရီး၌ ဒူးထောက်၍ တောင်းပန်ခဲ့ကြသည့် မြိုတ်မြို့ရှိ လူမှုကူညီရေးအသင်းသူ/အသင်းသားများ

လူမှုကူညီရေးယာဉ်နှင့်ထိခိုက်မိ၍ သေဆုံးသွားသူ၏ နောက်ဆုံးခရီး၌ ဒူးထောက်၍ တောင်းပန်ခဲ့ကြသည့် မြိုတ်မြို့ရှိ လူမှုကူညီရေးအသင်းသူ/အသင်းသားများ

ရန်ကုန်၊နိုဝင်ဘာ-၂၁(PeopleMedia)

တနင်္သာရီတိုင်း၊မြိတ်မြို့၌ COVID-19 ရောဂါရှိသူနှင့်ထိတွေ့ခဲ့သူတစ်ဦးကို လူမှုကူညီရေးအသင်းသွားရောက်ခေါ်ဆောင်စဉ် မြို့အတွင်းရှိ မီးပွိုင့်တစ်ခု၌ ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်းသေဆုံးခဲ့သည်။

အဆိုပါ သေဆုံးမှုကို မြိတ်မြို့ရှိ လူမှုကူညီရေးအဖွဲ့များရှိ လူမှုကူညီရေး အသင်းသူ/အသင်းသားများက သေဆုံးသူ၏ နောက်ဆုံးခရီး၌ ခွင့်လွှတ်ပေးရန် ဒူးထောက်၍ တောင်းပန်ခဲ့ကြသည်။

“COVID-19 ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူတစ်ဦးကို သွားခေါ်တဲ့ ယာဉ်နဲ့ မီးပွိုင့်မှာ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးနဲ့ တိုက်မိပြီး ကောင်လေးဆုံးသွားတယ်။ဆုံးသွားတော့ သူ့ရဲ့နာရေးမှာ နာရေးကူညီမှု အသင်းအားလုံးက ဒူးထောက်ပြီး သုသာန်အဝင်မှာ တောင်းပန်တာပါ”လို့ မြိတ်မြို့ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက PeopleMedia ကို ပြောသည်။

ထို့အတူ အဆိုပါ သေဆုံးမှု ဖြစ်စဉ်အပေါ် မြိတ်မြို့ရှိ လူမှုရေးအဖွဲ့ အသင်းသူ/သားများက “စာနာ နားလည်ခွင့်လွှတ်နိုင်ကြပါစေဟု မျော်လင့်ရုံမှတစ်ပါး အခြားမရှိပြီ။စာနာ နားလည်ခွင့်လွှတ်နိုင်ပါစေ။ပြင်သင့်တာကို ပြင်ပါမယ်”စသည်ဖြင့် ၎င်းးတို့၏ FB စာမျက်နှာ၌ ရေးသားထားသည်။

Photo-ကိုမင်းလွင်ဦး

PeopleMedia မြိတ်မြို့ လူမှုကူညီရေး #COVID