ရန်ကုန်ကနေ ဘန်ကောက်ကို ကားနဲ့ ၉ နာရီခရီး သွားနိုင်မယ့် လမ်းမကြီး စီမံကိန်း စတင်ပြီ
ရန်ကုန်မှဘန်ကောက်သို့ မော်တော် ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်မည့် စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်
(ADB) ချေးငွေအကူအညီဖြင့် စတင်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဦးကျော်လင်းက ပြောသည်။
ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူသော
အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့်လုပ်ဆောင်နေသည့်အကြောင်းနှင့် ယင်းစီမံကိန်းကတစ်
ဆင့် ရန်ကုန်မှ ဘန်ကောက်ကို အချိန် ၉ နာရီတည်းဖြင့်ရောက်ရှိနိုင်ရန် အထောက် အပံ့ပြုမည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ ရန်ကုန်သီလဝါကနေ ဘန်ကောက်ထိ မော်တော်ယာဉ်နဲ့သွား မယ်ဆိုလျှင် ၁၆ နာရီခန့်ကြာမြင့်မှာဖြစ်ပါ တယ်။
ခရီးမိုင်အနေနဲ့ အရှည် ၅၇၀ ခန့် ရှိပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံက
ကျိုက်ထီးရိုးဘုရား ကြီးနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ဖို့ဆန္ဒ ရှိသလို မြန်မာနိုင်ငံသားတွေကလည်း
မြ ဘုရားကို ဖူးမြော်ချင်ကြတဲ့ဆန္ဒတွေ ရှိပါ တယ်။ ဒါကြောင့်မို့လို့ ရန်ကုန်-ဘန် ကောက်ခရီးစဉ်ကို
ယာဉ်မောင်းချိန် ၉ နာရီနဲ့ရောက်ဖို့အတွက် ရန်ကုန် သီလဝါ ကနေ မြဝတီနယ်စပ်ထိ ၄ နာရီခွဲနဲ့ရောက် ရှိနိုင်ဖို့
ထိုနည်းတူပဲ ထိုင်းနိုင်ငံဘက်က လည်း မြဝတီမဲဆောက်နယ်စပ်ကနေ ဘန် ကောက်ထိ ၄ နာရီခွဲတည်းနဲ့ရောက်ရှိနိုင်
အောင် (ADB) အစည်းအဝေးတွေမှာ နှစ် ဖက် ဆွေးနွေးဆောင်ရွက်ပါတယ် ဟု ဒုဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ် ကမ်းမှ ဘန်ကောက်ထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့်
အရောက်သွားရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သော ကြောင့် မြို့ရှောင်လမ်းများကိုဖောက်လုပ် ခြင်းဖြစ်ကြောင်းနှင့်
ယခုအခါ ဖောက်လုပ် ဆဲ မြို့ရှောင်လမ်းအချို့လည်း ပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။
မြို့တွေထဲကသွားရင် ရန်ကုန်မြို့ အတွက် ထောက်ကြန့်ကတည်းက ယာဉ် ကြောပိတ်ဆို့မှုကို
စတင်ကြုံရမှာဖြစ်ပါ တယ်။ လမ်းအသုံးပြုမှုတွေမှာ မော်တော် ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊
အနှေးယာဉ်တွေနဲ့ ရောထွေးပြည့်နှက်နေ တဲ့အခြေအနေမှာတော့ ရန်ကုန်ကနေ ဘန်ကောက်ကို
ယာဉ်မောင်းချိန် ၉ နာရီ တည်းနဲ့အရောက်သွားဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ ဒါကြောင့်မို့လို့ ပဲခူးကျိုက်ထို
အ မြန်လမ်းမသစ်ကြီးကို ဖောက်လုပ်ခြင်းအ ပြင် မြို့ရှောင်လမ်းများကိုလည်း ဖောက် လုပ်ဖို့လိုအပ်လာပါတယ်။
ခုဆိုလို့ရှိရင် ကျိုက်ထိုမြို့ရှောင်လမ်းဖောက်လုပ်နေ တာ မြေသားလုပ်ငန်းပြီးစီးပြီးဖြစ်ပြီး မကြာခင်မှာ
လေးလမ်းသွားမြို့ရှောင်လမ်း အဖြစ် ပေါ်ထွက်လာမှာဖြစ်ပါတယ် ဟု ယင်းကပြောသည်။
အဆိုပါ မြို့ရှောင်လမ်းအပြင် သထုံ မြို့ရှောင်လမ်းကို ဒုံသမိတံတားကစပြီး သထုံမြို့၊ ကျိုက်ကော်သိမ်ဆိပ်တို့ကို
ရှောင်ကွင်း၍ ဘီးလင်းမြို့အနီးထိ ဖောက် လုပ်မည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပြု လမ်းမကြီ
း ကျိုက်ထိုမြို့ရှောင်လမ်းနှင့် သထုံ ကျိုက်ကော်သိမ်ဆိပ် မြို့ရှောင်လမ်း မကြီးများပြီးစီးသည့်အခါ
ရန်ကုန်သီလဝါ မှ မြဝတီမြို့ထိအရောက် ၄ နာရီခွဲဖြင့် ခရီး ပေါက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖက်ကလည်း
လမ်းများအဆင့်မြှင့်ပြီးလျှင် မဲဆောက်မြို့ နှင့်ဘန်ကောက်မြို့ကို အချိန် ၄ နာရီခွဲနှင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရဲ့ အရှေ့ဘက်အခြမ်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊သနပ်ပင်၊ ပဲခူး၊ ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းမအသစ်
ပေါ်ထွက်လာမှာဖြစ်ပြီးတော့ လက်ရှိဖွံ့ဖြိုး ပြီးဖြစ်နေတဲ့ ရန်ကုန်ထောက်ကြန့်၊ လှည်း ကူး၊ အင်းတကော်
ပဲခူးစင်္ကြံလမ်းပိုင်းနဲ့ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ရန်ကုန် ထောက်ကြန့်၊ လှည်းကူး၊
အင်း တကော်၊ ပဲခူးစင်္ကြံလမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာ တစ်စတုရန်းမိုင်ဆိုရင်
လူဦးရေသုံးသောင်းတစ်ထောင်ထိ နေ ထိုင်တိုးတက်နေလို့ စျေးဆိုင်တွေ လူနေ အိမ်တွေ စက်မှုလုပ်ငန်းတွေ
ကုန်လှောင်ရုံတွေ တိုးတက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါလမ်းပိုင်းရဲ့ အကျိုးကျေးဇူး အနေနဲ့
ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP ရဲ့ ၃၃ ရာခိုင်နှုန်းထိ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ် ဟု ဒုဝန်ကြီးကပြောသည်။
စီးပွားရေးစင်္ကြံဖြစ်သော သန်လျင် သီလဝါ၊ သုံးခွ၊ ခရမ်း၊ သနပ်ပင်၊ ပဲခူး ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းပြီးစီးသွား
ပါက ရန်ကုန်အရှေ့ဘက်ခြမ်းတွင် စီးပွား ရေးစင်္ကြံလမ်းမသစ်ကြီးပေါ်လာပြီး နိုင်ငံ အတွင်း
ဆက်စပ်သွားလာမှုသာမက ကုန် သွယ်မှုပမာဏ ပျှမ်းမျှတစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိသေ
ာ မြန်မာ့ ဒုတိယအများဆုံး ကုန်သွယ်ဘက် ထိုင်းနိုင်ငံ မဟာမဲခေါင် ဒေသတွင်းနိုင်ငံ များဖြစ်ကြသော
လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအ တွင်းဖြတ်သန်း၍ ရန်ကုန်မြို့ သီလဝါ
စက်မှုဆိပ်ကမ်း၏ ပင်လယ်ထွက်ပေါက် ကတစ်ဆင့် အခြားပြည်ပနိုင်ငံများကို လွယ်လင့်တကူ
ကုန်စည်စီးဆင်းစေမည် ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများ သယ်ယူပို့ဆောင်ရေးလုပ်
ငန်းများကြောင့် လမ်းဖြတ်သန်းသွားလာ အသုံးပြုခများနှင့် အခြားအခွန်အခတွေပါ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုစီမံကိန်းဖြစ်တဲ့ ပဲခူးကျိုက် ထို အမြန်လမ်းမကြီးပြီးစီးရင်တော့ လက် ရှိ ADB ချေးငွေဖြင့်
လမ်းအဆင့်မြှင့်လုပ် ငန်းများ စတင်တော့မှာဖြစ်တဲ့ ရန်ကုန်မြို့ ရဲ့အရှေ့ဘက်စင်္ကြံသန်လျင်၊ သုံးခွ၊
ခရမ်း သနပ်ပင် ပဲခူးလမ်းနဲ့ ချိတ်ဆက်ပြီးတော့ သီလဝါဆိပ်ကမ်းထိ ခရီးသည်နဲ့ ကုန်စည် များ
လွယ်လင့်တကူ လျင်မြန်စွာ သွား လာနိုင်တော့မှာဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အရှေ့ဘက်စီးပွားရေးစင်္ကြံလမ်းမသစ် ကြီးဖြစ်လာမယ့် သန်လျင်၊ သီလဝါ၊ ခရမ်း၊ သုံးခွ၊ သနပ်ပင်၊
ကျိုက်ထိုလမ်းတစ် လျှောက် လမ်းဘေးဝဲယာတွင် စီးပွားရေး ဇုန်တွေ၊ သိုလှောင်ရုံတွေနဲ့ ကုန်းတွင်း
ဆိပ်ကမ်း Dry Port တွေ ဖြစ်ပေါ်လာနိုင် ပြီးတော့ အဲဒီစင်္ကြံလမ်းတစ်လျှောက် မြန် မာနိုင်ငံအတွင်း
အခြားဒေသမှလာရောက် သူများအတွက်ပါ အလုပ်အကိုင်အခွင့်အ လမ်းတွေ
များစွာပေါ်ပေါက်လာမှာ ဖြစ်ပါ တယ် ဟု ဒေါက်တာဦးကျော်လင်းက ပြောသည်။
zawgyi
ရန္ကုန္ကေန ဘန္ေကာက္ကို ကားနဲ႔ ၉ နာရီခရီး သြားႏိုင္မယ့္ လမ္းမႀကီး စီမံကိန္း စတင္ၿပီ
ရန္ကုန္မွဘန္ေကာက္သို႔ ေမာ္ေတာ္ ယာဥ္ျဖင့္ ၉ နာရီၾကာသြားေရာက္ႏိုင္မည့္ စီမံကိန္းကို အာရွဖြံ႕ၿဖိဳးေရးဘဏ္
(ADB) ေခ်းေငြအကူအညီျဖင့္ စတင္ေန ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာ ဦးေက်ာ္လင္းက ေျပာသည္။
ပဲခူး-က်ိဳက္ထို အျမန္လမ္းမႀကီး စီမံကိန္းကို အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ထံမွ ေခ်းယူေသာ
အေမရိကန္ေဒၚလာ ၄၈၃ ဒသမ ၈ သန္းျဖင့္လုပ္ေဆာင္ေနသည့္အေၾကာင္းႏွင့္ ယင္းစီမံကိန္းကတစ္
ဆင့္ ရန္ကုန္မွ ဘန္ေကာက္ကို အခ်ိန္ ၉ နာရီတည္းျဖင့္ေရာက္ရွိႏိုင္ရန္ အေထာက္ အပံ့ျပဳမည္ဟု ၎င္းကဆိုသည္။
လက္ရွိ ရန္ကုန္သီလဝါကေန ဘန္ေကာက္ထိ ေမာ္ေတာ္ယာဥ္နဲ႔သြား မယ္ဆိုလွ်င္ ၁၆ နာရီခန႔္ၾကာျမင့္မွာျဖစ္ပါ တယ္။
ခရီးမိုင္အေနနဲ႔ အရွည္ ၅၇၀ ခန႔္ ရွိပါတယ္။ ဒီေနရာမွာ ထိုင္းႏိုင္ငံသားေတြ အေနနဲ႔ ျမန္မာႏိုင္ငံက
က်ိဳက္ထီး႐ိုးဘုရား ႀကီးနဲ႔ ေ႐ႊတိဂုံဘုရားႀကီးကို ဖူးေျမာ္ဖို႔ဆႏၵ ရွိသလို ျမန္မာႏိုင္ငံသားေတြကလည္း
ျမ ဘုရားကို ဖူးေျမာ္ခ်င္ၾကတဲ့ဆႏၵေတြ ရွိပါ တယ္။ ဒါေၾကာင့္မို႔လို႔ ရန္ကုန္-ဘန္ ေကာက္ခရီးစဥ္ကို
ယာဥ္ေမာင္းခ်ိန္ ၉ နာရီနဲ႔ေရာက္ဖို႔အတြက္ ရန္ကုန္ သီလဝါ ကေန ျမဝတီနယ္စပ္ထိ ၄ နာရီခြဲနဲ႔ေရာက္ ရွိႏိုင္ဖို႔
ထိုနည္းတူပဲ ထိုင္းႏိုင္ငံဘက္က လည္း ျမဝတီမဲေဆာက္နယ္စပ္ကေန ဘန္ ေကာက္ထိ ၄ နာရီခြဲတည္းနဲ႔ေရာက္ရွိႏိုင္
ေအာင္ (ADB) အစည္းအေဝးေတြမွာ ႏွစ္ ဖက္ ေဆြးေႏြးေဆာင္႐ြက္ပါတယ္ ဟု ဒုဝန္ႀကီး ေဒါက္တာဦးေက်ာ္လင္းက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး သီလဝါဆိပ္ ကမ္းမွ ဘန္ေကာက္ထိ ယာဥ္ေမာင္းခ်ိန္ ၉ နာရီတည္းျဖင့္
အေရာက္သြားရာတြင္ ၿမိဳ႕မ်ားကို ျဖတ္သန္းသြား၍မရႏိုင္ေသာ ေၾကာင့္ ၿမိဳ႕ေရွာင္လမ္းမ်ားကိုေဖာက္လုပ္ ျခင္းျဖစ္ေၾကာင္းႏွင့္
ယခုအခါ ေဖာက္လုပ္ ဆဲ ၿမိဳ႕ေရွာင္လမ္းအခ်ိဳ႕လည္း ၿပီးစီးေတာ့ မည္ျဖစ္ေၾကာင္း သိရသည္။
ၿမိဳ႕ေတြထဲကသြားရင္ ရန္ကုန္ၿမိဳ႕ အတြက္ ေထာက္ၾကန႔္ကတည္းက ယာဥ္ ေၾကာပိတ္ဆို႔မႈကို
စတင္ႀကဳံရမွာျဖစ္ပါ တယ္။ လမ္းအသုံးျပဳမႈေတြမွာ ေမာ္ေတာ္ ယာဥ္ေတြ၊ ေမာ္ေတာ္ဆိုင္ကယ္ေတြ၊
အေႏွးယာဥ္ေတြနဲ႔ ေရာေထြးျပည့္ႏွက္ေန တဲ့အေျခအေနမွာေတာ့ ရန္ကုန္ကေန ဘန္ေကာက္ကို
ယာဥ္ေမာင္းခ်ိန္ ၉ နာရီ တည္းနဲ႔အေရာက္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ ပါဘူး။ ဒါေၾကာင့္မို႔လို႔ ပဲခူးက်ိဳက္ထို
အ ျမန္လမ္းမသစ္ႀကီးကို ေဖာက္လုပ္ျခင္းအ ျပင္ ၿမိဳ႕ေရွာင္လမ္းမ်ားကိုလည္း ေဖာက္ လုပ္ဖို႔လိုအပ္လာပါတယ္။
ခုဆိုလို႔ရွိရင္ က်ိဳက္ထိုၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ေန တာ ေျမသားလုပ္ငန္းၿပီးစီးၿပီးျဖစ္ၿပီး မၾကာခင္မွာ
ေလးလမ္းသြားၿမိဳ႕ေရွာင္လမ္း အျဖစ္ ေပၚထြက္လာမွာျဖစ္ပါတယ္ ဟု ယင္းကေျပာသည္။
အဆိုပါ ၿမိဳ႕ေရွာင္လမ္းအျပင္ သထုံ ၿမိဳ႕ေရွာင္လမ္းကို ဒုံသမိတံတားကစၿပီး သထုံၿမိဳ႕၊ က်ိဳက္ေကာ္သိမ္ဆိပ္တို႔ကို
ေရွာင္ကြင္း၍ ဘီးလင္းၿမိဳ႕အနီးထိ ေဖာက္ လုပ္မည္ျဖစ္ေၾကာင္း၊ လက္ရွိအဆိုျပဳ လမ္းမႀကီ
း က်ိဳက္ထိုၿမိဳ႕ေရွာင္လမ္းႏွင့္ သထုံ က်ိဳက္ေကာ္သိမ္ဆိပ္ ၿမိဳ႕ေရွာင္လမ္း မႀကီးမ်ားၿပီးစီးသည့္အခါ
ရန္ကုန္သီလဝါ မွ ျမဝတီၿမိဳ႕ထိအေရာက္ ၄ နာရီခြဲျဖင့္ ခရီး ေပါက္မည္ျဖစ္ၿပီး ထိုင္းႏိုင္ငံဖက္ကလည္း
လမ္းမ်ားအဆင့္ျမႇင့္ၿပီးလွ်င္ မဲေဆာက္ၿမိဳ႕ ႏွင့္ဘန္ေကာက္ၿမိဳ႕ကို အခ်ိန္ ၄ နာရီခြဲႏွင့္ ေရာက္ရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ရဲ႕ အေရွ႕ဘက္အျခမ္းမွာ သန္လ်င္၊ သုံးခြ၊ ခရမ္း၊သနပ္ပင္၊ ပဲခူး၊ က်ိဳက္ထို စီးပြားေရးစႀကႍလမ္းမအသစ္
ေပၚထြက္လာမွာျဖစ္ၿပီးေတာ့ လက္ရွိဖြံ႕ၿဖိဳး ၿပီးျဖစ္ေနတဲ့ ရန္ကုန္ေထာက္ၾကန႔္၊ လွည္း ကူး၊ အင္းတေကာ္
ပဲခူးစႀကႍလမ္းပိုင္းနဲ႔ဟန္ခ်က္ညီစြာ ဖြံ႕ၿဖိဳးလာမွာျဖစ္ပါတယ္။ ရန္ကုန္ ေထာက္ၾကန႔္၊ လွည္းကူး၊
အင္း တေကာ္၊ ပဲခူးစႀကႍလမ္းတစ္ေလွ်ာက္ လမ္းေဘးဝဲယာမွာ တစ္စတုရန္းမိုင္ဆိုရင္
လူဦးေရသုံးေသာင္းတစ္ေထာင္ထိ ေန ထိုင္တိုးတက္ေနလို႔ ေစ်းဆိုင္ေတြ လူေန အိမ္ေတြ စက္မႈလုပ္ငန္းေတြ
ကုန္ေလွာင္႐ုံေတြ တိုးတက္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အဆိုပါလမ္းပိုင္းရဲ႕ အက်ိဳးေက်းဇူး အေနနဲ႔
ရန္ကုန္တိုင္း GDP သည္ ျမန္မာႏိုင္ငံ GDP ရဲ႕ ၃၃ ရာခိုင္ႏႈန္းထိ ပါဝင္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္ ဟု ဒုဝန္ႀကီးကေျပာသည္။
စီးပြားေရးစႀကႍျဖစ္ေသာ သန္လ်င္ သီလဝါ၊ သုံးခြ၊ ခရမ္း၊ သနပ္ပင္၊ ပဲခူး က်ိဳက္ထို စီးပြားေရးစႀကႍလမ္းၿပီးစီးသြား
ပါက ရန္ကုန္အေရွ႕ဘက္ျခမ္းတြင္ စီးပြား ေရးစႀကႍလမ္းမသစ္ႀကီးေပၚလာၿပီး ႏိုင္ငံ အတြင္း
ဆက္စပ္သြားလာမႈသာမက ကုန္ သြယ္မႈပမာဏ ပွ်မ္းမွ်တစ္ႏွစ္လွ်င္ အေမ ရိကန္ေဒၚလာ ၅ ဒသမ ၄ ဘီလီယံရွိေသ
ာ ျမန္မာ့ ဒုတိယအမ်ားဆုံး ကုန္သြယ္ဘက္ ထိုင္းႏိုင္ငံ မဟာမဲေခါင္ ေဒသတြင္းႏိုင္ငံ မ်ားျဖစ္ၾကေသာ
လာအို၊ ကေမာၻဒီးယား၊ ဗီယက္နမ္ႏိုင္ငံမ်ားကပါ ျမန္မာႏိုင္ငံအ တြင္းျဖတ္သန္း၍ ရန္ကုန္ၿမိဳ႕ သီလဝါ
စက္မႈဆိပ္ကမ္း၏ ပင္လယ္ထြက္ေပါက္ ကတစ္ဆင့္ အျခားျပည္ပႏိုင္ငံမ်ားကို လြယ္လင့္တကူ
ကုန္စည္စီးဆင္းေစမည္ ျဖစ္ေၾကာင္း၊ ယင္းေၾကာင့္ ႏိုင္ငံျဖတ္ေက်ာ္ ကုန္သြယ္မႈမ်ား သယ္ယူပို႔ေဆာင္ေရးလုပ္
ငန္းမ်ားေၾကာင့္ လမ္းျဖတ္သန္းသြားလာ အသုံးျပဳခမ်ားႏွင့္ အျခားအခြန္အခေတြပါ ရရွိလာမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုျပဳစီမံကိန္းျဖစ္တဲ့ ပဲခူးက်ိဳက္ ထို အျမန္လမ္းမႀကီးၿပီးစီးရင္ေတာ့ လက္ ရွိ ADB ေခ်းေငြျဖင့္
လမ္းအဆင့္ျမႇင့္လုပ္ ငန္းမ်ား စတင္ေတာ့မွာျဖစ္တဲ့ ရန္ကုန္ၿမိဳ႕ ရဲ႕အေရွ႕ဘက္စႀကႍသန္လ်င္၊ သုံးခြ၊
ခရမ္း သနပ္ပင္ ပဲခူးလမ္းနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ သီလဝါဆိပ္ကမ္းထိ ခရီးသည္နဲ႔ ကုန္စည္ မ်ား
လြယ္လင့္တကူ လ်င္ျမန္စြာ သြား လာႏိုင္ေတာ့မွာျဖစ္ပါတယ္။
ရန္ကုန္ၿမိဳ႕ရဲ႕ အေရွ႕ဘက္စီးပြားေရးစႀကႍလမ္းမသစ္ ႀကီးျဖစ္လာမယ့္ သန္လ်င္၊ သီလဝါ၊ ခရမ္း၊ သုံးခြ၊ သနပ္ပင္၊
က်ိဳက္ထိုလမ္းတစ္ ေလွ်ာက္ လမ္းေဘးဝဲယာတြင္ စီးပြားေရး ဇုန္ေတြ၊ သိုေလွာင္႐ုံေတြနဲ႔ ကုန္းတြင္း
ဆိပ္ကမ္း Dry Port ေတြ ျဖစ္ေပၚလာႏိုင္ ၿပီးေတာ့ အဲဒီစႀကႍလမ္းတစ္ေလွ်ာက္ ျမန္ မာႏိုင္ငံအတြင္း
အျခားေဒသမွလာေရာက္ သူမ်ားအတြက္ပါ အလုပ္အကိုင္အခြင့္အ လမ္းေတြ
မ်ားစြာေပၚေပါက္လာမွာ ျဖစ္ပါ တယ္ ဟု ေဒါက္တာဦးေက်ာ္လင္းက ေျပာသည္။