ထိုင်ဝမ်မှာ Q စည်းကမ်း ၈ စက္ကန့် ဖောက်မိသူကို ဒေါ်လာ ၃၅၀၀ (ကျပ် ၄၆ သိန်းကျော်) ဒဏ်ရိုက်

ထိုင်ဝမ်မှာ Q စည်းကမ်း ၈ စက္ကန့် ဖောက်မိသူကို ဒေါ်လာ ၃၅၀၀ (ကျပ် ၄၆ သိန်းကျော်) ဒဏ်ရိုက်

ထိုင်ဝမ်ကျွန်း Kaohsiung မြို့က ဟိုတယ်တခုမှာ Q ဝင်နေတဲ့ အမျိုးသားတဦးဟာ Q စည်းကမ်းကို ၈ စက္ကန့်

ဖောက်လိုက်မိရုံနဲ့ အမေရိကန်ဒေါ်လာ ၃,၅၀၀ (မြန်မာငွေ ၄၆ သိန်းကျော်) ဒဏ်ရိုက်ခံလိုက်ရပါတယ်။

ဖိလစ်ပိုင်ကနေ ထိုင်ဝမ်မှာ အလုပ်လာလုပ်နေတဲ့ အမျိုးသားဟာ Kaohsiung မြို့က ဟိုတယ်မှာ

Q ဝင်နေစဉ် သူ့အခန်းထဲကနေ လူအများရှိတဲ့ ဟောခန်းထဲကို ၈ စက္ကန့်ခန့် ထွက်သွားမိတယ်ဆိုပါတယ်။

အဲဒါကြောင့် မြို့ပြ ကျန်းမာရေးဌာနကနေ သူ့ကို အမေရိကန်ဒေါ်လာ ၃,၅၀၀ ခန့်

(မြန်မာငွေ ၄၆ သိန်းကျော်) ဒဏ်ရိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ရဲ့ Q ဥပဒေအရ Q ဝင်နေသူဟာ သူ့အခန်းကနေ အပြင်ထွက်ခွင့်မရှိပါဘူး။

စက္ကန့်ပိုင်းပဲထွက်ထွက် ပြစ်ဒဏ်က တူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။ Q ဝင်နေသူတွေအနေနဲ့ ဟိုတယ်ခန်းကနေ

အပြင်ခဏထွက်လို့ ဒဏ်မရိုက်လောက်ပါဘူးဆိုပြီး မတွေးကြပါနဲ့လို့

ကျန်းမာရေးဌာနက တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။

Kaohsiung မြို့မှာ Q ဝင်သူတွေကိုလက်ခံထားတဲ့ ဟိုတယ် ၅၆ လုံးရှိပြီး အခန်းပေါင်း ၃၀၀၀ ခန့်ရှိတယ်လို့

သိရပါတယ်။ ထိုင်ဝမ်ဟာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးမှာ စံပြအဖြစ် ဆောင်ရွက်နေပြီး ကမ္ဘာက လေးစားရတဲ့

နိုင်ငံတခုဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၇၁၆ ဦးရှိပြီး သေဆုံးသူ ၇ ဦးအထိပဲ ရှိသေးတယ်လို့ သိရပါတယ်။

zawgyi

ထိုင္ဝမ္မွာ Q စည္းကမ္း ၈ စကၠန႔္ ေဖာက္မိသူကို ေဒၚလာ ၃၅၀၀ (က်ပ္ ၄၆ သိန္းေက်ာ္) ဒဏ္႐ိုက္

ထိုင္ဝမ္ကြၽန္း Kaohsiung ၿမိဳ႕က ဟိုတယ္တခုမွာ Q ဝင္ေနတဲ့ အမ်ိဳးသားတဦးဟာ Q စည္းကမ္းကို ၈ စကၠန႔္

ေဖာက္လိုက္မိ႐ုံနဲ႔ အေမရိကန္ေဒၚလာ ၃,၅၀၀ (ျမန္မာေငြ ၄၆ သိန္းေက်ာ္) ဒဏ္႐ိုက္ခံလိုက္ရပါတယ္။

ဖိလစ္ပိုင္ကေန ထိုင္ဝမ္မွာ အလုပ္လာလုပ္ေနတဲ့ အမ်ိဳးသားဟာ Kaohsiung ၿမိဳ႕က ဟိုတယ္မွာ

Q ဝင္ေနစဥ္ သူ႔အခန္းထဲကေန လူအမ်ားရွိတဲ့ ေဟာခန္းထဲကို ၈ စကၠန႔္ခန႔္ ထြက္သြားမိတယ္ဆိုပါတယ္။

အဲဒါေၾကာင့္ ၿမိဳ႕ျပ က်န္းမာေရးဌာနကေန သူ႔ကို အေမရိကန္ေဒၚလာ ၃,၅၀၀ ခန႔္

(ျမန္မာေငြ ၄၆ သိန္းေက်ာ္) ဒဏ္႐ိုက္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ထိုင္ဝမ္ရဲ႕ Q ဥပေဒအရ Q ဝင္ေနသူဟာ သူ႔အခန္းကေန အျပင္ထြက္ခြင့္မရွိပါဘူး။

စကၠန႔္ပိုင္းပဲထြက္ထြက္ ျပစ္ဒဏ္က တူတူပဲျဖစ္တယ္လို႔ ဆိုပါတယ္။ Q ဝင္ေနသူေတြအေနနဲ႔ ဟိုတယ္ခန္းကေန

အျပင္ခဏထြက္လို႔ ဒဏ္မ႐ိုက္ေလာက္ပါဘူးဆိုၿပီး မေတြးၾကပါနဲ႔လို႔

က်န္းမာေရးဌာနက တိုက္တြန္းေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

Kaohsiung ၿမိဳ႕မွာ Q ဝင္သူေတြကိုလက္ခံထားတဲ့ ဟိုတယ္ ၅၆ လုံးရွိၿပီး အခန္းေပါင္း ၃၀၀၀ ခန႔္ရွိတယ္လို႔

သိရပါတယ္။ ထိုင္ဝမ္ဟာ ကိုဗစ္ေရာဂါ တိုက္ဖ်က္ေရးမွာ စံျပအျဖစ္ ေဆာင္႐ြက္ေနၿပီး ကမာၻက ေလးစားရတဲ့

ႏိုင္ငံတခုျဖစ္ပါတယ္။ ထိုင္ဝမ္မွာ ဗိုင္းရပ္စ္ကူးစက္သူ ၇၁၆ ဦးရွိၿပီး ေသဆုံးသူ ၇ ဦးအထိပဲ ရွိေသးတယ္လို႔ သိရပါတယ္။