အသက် 101နှစ်ရှိနေပြီဖြစ်တဲ့အစ်ကိုဖြစ်သူကို မုန့်ဖိုးပေးရင်း ဝမ်းနည်းမျက်ရည်ကျနေခဲ့တဲ့ 96 နှစ်အရွယ် အဘွားအို (ရုပ်သံ)

မောင်နှမတွေဆိုတာက မတည့်အတူနေဆိုသလို အချင်းချင်းရန်ဖြစ်စကားများကျရင်လည်း ခဏအကြာမှာတော့ ပြန်ပြီးတည့်နေကြပါပြီ ။

ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ အမြဲအတူရှိနေကြတဲ့သူတွေက မောင်နှမတွေပါပဲ ၊ ဒါကြောင့် မောင်နှမ ၊ မိသားစု ဆိုတဲ့အရာကို မြတ်နိုးတန်ဖိုးထားကြရမှာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံမှာရေပန်းစားနေခဲ့တဲ့ video တစ်ခုမှာဆိုရင် အသက် 96 နှစ်အရွယ် အဘွားအို နှင့် 101 နှစ်အရွယ်အဘိုးအိုတို့အကြာ မောင်နှမသံယောဇဉ်ဘယ်လောက်ထိခိုင်မာနေလဲဆိုတာကို တွေ့ရှိရမှာပါ ။ အဆိုပါ Video ကိုတော့ တရုတ်နိုင်ငံ ၊ Jiangxi ပြည်နယ်မှာ ရိုက်ယူထားခဲ့တာပါ

Video ထဲမှာတွေ့မြင်ရတဲ့အတိုင်း အဘွားအိုဟာအစ်ကိုဖြစ်သူကို တွေ့တွေ့ချင်း ပိုက်ဆံ 200 ယွမ်းကိုချက်ချင်းထုတ်ပြီး အစ်ကိုဖြစ်သူကိုပေးခဲ့ပါတယ် ။ အစ်ကိုဖြစ်သူက ပိုက်ဆံမယူဘူးဆိုပြီး သူမရဲ့လက်ကိုလှုပ်ယမ်းလိုက်ချိန်မှာတော့ အဘွားအိုမျက်ရည်ဝဲသွားခဲ့ပါတယ် ။

ထို့နောက် အဘွားက အစ်ကိုဖြစ်သူရဲ့ပုခုံးကို လှမ်းပုတ်ခဲ့ပါတော့တယ် ။ မကြာခင်မှာဘဲ အဘွားအိုဟာဝမ်းနည်းမျက်ရည်ကျသွားခဲ့ပြီး သူမရဲ့မျက်ရည်ကိုသုတ်ပစ်ခဲ့ရပါတယ် ။

သတင်းအရ အဘိုးအိုဟာပြီးခဲ့တဲ့ စက်တင်ဘာလက တင်ပါးမှာဒဏ်ရာရရှိခဲ့လို့ ညီမဖြစ်သူကအတော်လေးစိုးရိမ်နေခဲ့ရတာပါ ။ ညီမဖြစ်သူက အစ်ကိုထံသွားလည်ချင်ပေမဲ့လည်း သူမရဲ့အဖျားရောဂါကြောင့် မသွားနိုင်လို့ ၊ အစ်ကိုဖြစ်သူက သူမထံလာရောက်လည်ပတ်ခဲ့ရတာဖြစ်ပါတယ် ။ အစ်ကိုဖြစ်သူကို စတွေ့ချင်မှာပဲ သူမက ‘ အစ်ကို ဘယ်နားမှာလဲကျခဲ့တာလဲ ‘ ဆိုပြီးမေးမြန်းခဲ့ပါတယ် ။

ထို့နောက် အစ်ကိုဖြစ်သူကို အစားအသောက်တွေဝယ်စားဖို့ သူမရဲ့ ယွမ် 200 ကို ထုတ်ပေးခဲ့ပါတော့တယ် ။ အဆိုပါမြင်ကွင်းကြောင့် ကားပေါ်မှာလိုက်ပါလာခဲ့ကြတဲ့ အဘိုးအိုရဲ့သားသမီးတွေ ဝမ်းနည်းမျက်ရည်ကျခဲ့ရကြောင်း သိရှိရပါတယ် ။