နေပြည်တော် တပ်ကုန်းဂိတ်မှာ ကျခဲ့တဲ့ ဆရာဝန် တယောက်ရဲ့ မျက်ရည်

“မိန်းမ တော်တော်မောနေလားဟင်။ တော်တော်ကြာ ကားရောက်လာတော့မှာပါ။ အဲ့ကျရင်တော့ ဆေးရုံသွားလို့ရပြီလေ။” အနည်းငယ်တုန်ယင်နေပြီး အဆုံးသတ်ကျ အားလျော့စွာဖျော့တော့သွားသော ထိုစကားသံကို ကြားလိုက်ရချိန်တွင် ဖြတ်လျှောက်နေသောကျွန်တော့ခြေထောက်များ တုံ့ဆိုင်းသွားခဲ့သည်။

နေရာက နေပြည်တော်တပ်ကုန်းဂိတ်။ မိသားစုရှိရာ နေပြည်တော်သို့ ပြန်လာသည်မို့ ကွာရတင်းဝင်ရန် လာခေါ်မည့်ကားကို စောင့်ဆိုင်းနေသည့်အချိန်။ အထက်ပါစကားကို တိုးညင်းစွာကြားလိုက်ရခြင်းဖြစ်သည်။ အကျင့်ရနေသောမျက်လုံးက ဖျတ်ခနဲကြည့်လိုက်မိသည်နှင့် လူနာအခြေကို ကျွန်တော်သဘောပေါက်မိသွားသည်။ ဆံပင်တို့ပြောင်ရှင်းနေပြီး ပါးလျနေသောခန္ဓာ မဲညစ်ခြောက်သွေ့နေသော အသားအရေနှင့် ဝါကျင့်ကျင့်မျက်လုံးတို့က ကင်ဆာသမားတို့၏ လက္ခဏာဆိုသည်မှာ ယုံမှားဖွယ်မရှိချေ။

မတ်မတ်ထိုင်ချင်းငှါ မစွမ်းသာသည့်အလျောက် ခင်ပွန်းဖြစ်သူကိုအသာမှီထားပြီး လေကိုလုရှူနေသည့် သူမပုံကို မြင်ရသည်မှာ ပင်ပန်းဆင်းရဲလှသည်။ ရင်ဘတ်ကား ဖားဖိုတခုလို တရွှီရွှီတရှဲရှဲဖြင့် ပိန်လိုက်ဖောင်းလိုက် ဖြစ်နေလေ၏။ ဝေ့တက်လာသော မျက်ရည်တချို့ကို အမျိုးသမီးဖြစ်သူမမြင်အောင် အင်္ကျီပုခုံးစွန်းဖြင့် အသာသုတ်လိုက်သော်လည်း ကျွန်တော်ကားမြင်ဖြစ်အောင် မြင်မိသွားသည်။

ထိုအမျိုးသား ခဏထလာသောအခါ ကျွန်တော်မနေနိုင်တော့။ အနားကပ်ပြီး စကားပြောကြည့်သည်။ သူ့အပြောအရ ပြီးခဲ့သည့် ခြောက်လခန့်ကမှ ရင်သားကင်ဆာဖြစ်၍ နှစ်ဖက်စလုံး ဖြတ်ထုတ်ထားရကြောင်း၊ ကင်ဆာဌာနတွင် ဆေးသွင်းနေသည်မှာ ဆယ်ကြိမ်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ကျွန်တော်ကဆရာဝန်ပါဟု မိတ်ဆက်တော့ သူအံ့ဩဝမ်းသာ သွားပုံရသည်။ အရင်ကရော အဲ့လိုပဲမောတတ်လားဟု မေးရာ “ပြီးခဲ့တဲ့လကမောတယ်ဆရာ။ အဲ့တာနဲ့ အဆုတ်ထဲက ရေတွေစုပ်ထုတ်လိုက်တာ နှစ်ပုလင်းခွဲတောင်ရတယ်။ အဲ့လိုထုတ်ပြီးတာနဲ့ သက်သာသွားရောဗျ” ဟု အားတက်သရော ပြောရှာသည်။ ယခုလဲ ဆေးရုံမြန်မြန်ရောက်၍ အရင်လို ရေစုပ်ထုတ်လိုက်လျှင် မြန်မြန်သက်သာသွားလိမ့်မည်ဟု သူမျှော်လင့်နေမှန်း ကျွန်တော်ရိပ်မိသည်။

ဓာတ်မှန်ရိုက်မထားဘူးလားဆိုတော့ “မစုပ်ခင်ရော စုပ်ပြီးရောရိုက်တယ်ဆရာ” ပြမယ် ဆိုပြီး ယူလာပြသည်။ အဆုတ်၏သုံးပုံနှစ်ပုံက ရေတွေဖြင့်ပြည့်နေပြီး ဖြူဖွေးနေပြီ။ ရင်သားမှ ကင်ဆာက အဆုတ်ကို ပြန့်သွားခြင်းဖြစ်နိုင်သည်။ အဆုတ်ထိ ကင်ဆာဆဲပြန့်နေပြီဆိုလျှင် အခြေအနေကား သိပ်မကောင်းလှ။

“ကလေးကသုံးယောက်ရှိတယ်ဆရာရဲ့။ နှစ်နှစ်ကလေး တယောက်၊ ခြောက်နှစ် တယောက်နဲ့ ဆယ့်သုံးနှစ် တယောက်ဆရာ။ တကယ်က ရက်ချိန်းက ကျော်နေတာက နှစ်ပတ်ရှိပြီ။ ပိုက်ဆံအဆင်မပြေတော့လဲ မလာနိုင်ဘူးဆရာရယ်။ ကျွန်တော်တစ်ယောက်ထဲရှာရတာ။ စားဖို့သောက်ဖို့ကလဲ ရှိသေးတယ်လေ။ အခုကို ဂိတ်မှာ ဒီအတိုင်းစောင့်နေရတာကို လေးနာရီလောက်ရှိနေပြီ။ သူကတော်တော်မောနေတာဆရာရဲ့။”

မတတ်သာသည့်အဆုံး အကြီးဆုံးသားကို နွားအငှါးကျောင်းခိုင်းရသည်ဟုပြောသည်။ ပြီးခဲ့သည့်တပတ်ကမှ စ မောလာရာ အခုတော့ ဘယ်လိုမှ နေလို့မရတော့သဖြင့် ပေါင်နှံချေးငှါးပြီး ထွက်လာခဲ့ရသည်ဟုပြောသည်။ “ဆေးကတလုံးကို နှစ်သိန်းခွဲဆရာရယ်။ အာခေါင်နှိုက်တာကလဲ တယောက်ငါးသောင်းဆိုတော့ အဲ့မှာတင်တသိန်းနေပြီ။ ပြီးတော့သုံးရက်လောက် Q ဝင်နေရတော့ စားစရိတ်ကလဲ မသေးဘူးခင်ဗျ”ဟုညှိုးငယ်စွာပြောရာ မဟုတ်သေးပါဘူးဟုကျွန်တော်တွေးမိပြီး ကင်ဆာဌာနမှ အစ်ကို ကိုရင်မောင်ဆီ ဖုန်းဆက်ကြည့်သည်။

အစ်ကိုမှ “ဟာ ဟုတ်ဘူးလေ။ လူနာဆို RDT နဲ့အမြန်စစ်ပေးတယ်။ Negative ဆို Q ဝင်စရာမလိုဘူး။ ပြီးတော့လူနာအတွက်အလကား။ လူနာစောင့်အတွက်က တသောင်းပဲ” ဟုပြောခဲ့ရာ ထိုအကြောင်းကို ကျွန်တော်ရှင်းပြ၍ သိသည်နှင့် တပြိုင်နက် ဝမ်းသာအားရဖြင့် “အဲ့တာဆို ကျွန်တော့မိန်းမကို ဆေးရုံမြန်မြန် ပို့နိုင်တော့မှာပေါ့နော်ဆရာ” ဟုပြောလဲပြော မျက်နှာလဲ မဲ့လာသဖြင့် ဟုတ်တယ်ဗျာဟုပြောပြီးအနားက အသာထွက်လာခဲ့လိုက်ရသည်။ စိတ်ကတော့လုံးဝမကောင်း။

ပြီးမှအိတ်ကပ်ကိုအသာစမ်းကြည့်လိုက်တော့ လာခါနီး လစာတသိန်းထုတ်လာခဲ့သည်ကိုအမှတ်ရမိသည်။ ကိုယ်Swab စစ်ဖို့က ငါးသောင်းဆိုတော့ စားဖို့သောက်ဖို့က အိမ်ကိုပဲပို့ခိုင်းလိုက်ပါမယ်လေဟုတွေးပြီး ကျန်သည့်ငါးသောင်းကို လက်ထဲထည့်လိုက်တော့ ခေါင်းတခါခါ လည်တခါခါဖြင့်ငြင်းသည်။ ဆေးဖိုးပါဟု မရမကပြောတော့မှ ကျေးဇူးစကားကို အထပ်ထပ်ပြောပြီး တုန်တုန်ရီရီဖြင့်ယူရှာသည်။

တကယ်ဆို သူတို့က ရမည်းသင်းက လာခြင်းဖြစ်သည်။ နေပြည်တော်နှင့်ဆို အနီးကလေး။ ခဏနှင့်ရောက်ရမည့်ကိစ္စကို မလိုအပ်ဘဲ ကြန့်ကြာပင်ပန်းနေရသည်။ မလိုအပ်ဘဲ မဲဆွယ် အောင်ပွဲခံ အပြင်ထွက် ပျော်ပါးခဲ့ကြသောသူများ ထိုကဲ့သို့သော လူနာများအပေါ် တွေးကြည့်စေချင်သည်။ ကိုယ်ချင်းစာကြည့်စေချင်သည်။ အဆင်အခြင်မဲ့သော မိမိလုပ်ရပ်တခုကြောင့် ဘဝပေါင်းများစွာ မိသားစုပေါင်းများစွာ ဒုက္ခပင်လယ်ဝေ မျက်ရည်ကျရသည့်အဖြစ်မျိုး ကြုံနေကြသည်ကို သိစေချင်သည်။ အတ္တများ လျှော့နိုင်သလောက်လျှော့ပြီး အချင်းချင်း မျှဝေကူညီကြလျှင်ဖြင့် ဤကမ္ဘာမြေသည် ပို၍နေချင့်စဖွယ် ဖြစ်လာပါလိမ့်မည်ဟု ကျွန်တော် ယူဆမိပါသည်။

ညီမ Pyae Phyo Htet Swe မှ လူနာအတွက် ဆေးဖိုး တသိန်းလှူဒါန်းသွားပါတယ်။ ဤကုသိုလ်ကြောင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပြီး ဆထက်တပိုး လှူဒါန်းနိုင်ပါစေ။ လူနာရှင်ဖုန်းနံပါတ် – ၀၉၇၅၀၇၆၆၉၁၀

Zaw Ko Ko Kyaw

( Zawgyi )

“မိန္းမ ေတာ္ေတာ္ေမာေနလားဟင္။ ေတာ္ေတာ္ၾကာ ကားေရာက္လာေတာ့မွာပါ။ အဲ့က်ရင္ေတာ့ ေဆး႐ုံသြားလို႔ရၿပီေလ။” အနည္းငယ္တုန္ယင္ေနၿပီး အဆုံးသတ္က် အားေလ်ာ့စြာေဖ်ာ့ေတာ့သြားေသာ ထိုစကားသံကို ၾကားလိုက္ရခ်ိန္တြင္ ျဖတ္ေလၽွာက္ေနေသာကၽြန္ေတာ့ေျခေထာက္မ်ား တုံ႔ဆိုင္းသြားခဲ့သည္။

ေနရာက ေနျပည္ေတာ္တပ္ကုန္းဂိတ္။ မိသားစုရွိရာ ေနျပည္ေတာ္သို႔ ျပန္လာသည္မို႔ ကြာရတင္းဝင္ရန္ လာေခၚမည့္ကားကို ေစာင့္ဆိုင္းေနသည့္အခ်ိန္။ အထက္ပါစကားကို တိုးညင္းစြာၾကားလိုက္ရျခင္းျဖစ္သည္။ အက်င့္ရေနေသာမ်က္လုံးက ဖ်တ္ခနဲၾကည့္လိုက္မိသည္ႏွင့္ လူနာအေျခကို ကၽြန္ေတာ္သေဘာေပါက္မိသြားသည္။ ဆံပင္တို႔ေျပာင္ရွင္းေနၿပီး ပါးလ်ေနေသာခႏၶာ မဲညစ္ေျခာက္ေသြ႕ေနေသာ အသားအေရႏွင့္ ဝါက်င့္က်င့္မ်က္လုံးတို႔က ကင္ဆာသမားတို႔၏ လကၡဏာဆိုသည္မွာ ယုံမွားဖြယ္မရွိေခ်။

မတ္မတ္ထိုင္ခ်င္းငွါ မစြမ္းသာသည့္အေလ်ာက္ ခင္ပြန္းျဖစ္သူကိုအသာမွီထားၿပီး ေလကိုလုရွူေနသည့္ သူမပုံကို ျမင္ရသည္မွာ ပင္ပန္းဆင္းရဲလွသည္။ ရင္ဘတ္ကား ဖားဖိုတခုလို တရႊီရႊီတရွဲရွဲျဖင့္ ပိန္လိုက္ေဖာင္းလိုက္ ျဖစ္ေနေလ၏။ ေဝ့တက္လာေသာ မ်က္ရည္တခ်ိဳ႕ကို အမ်ိဳးသမီးျဖစ္သူမျမင္ေအာင္ အကၤ်ီပုခုံးစြန္းျဖင့္ အသာသုတ္လိုက္ေသာ္လည္း ကၽြန္ေတာ္ကားျမင္ျဖစ္ေအာင္ ျမင္မိသြားသည္။

ထိုအမ်ိဳးသား ခဏထလာေသာအခါ ကၽြန္ေတာ္မေနနိုင္ေတာ့။ အနားကပ္ၿပီး စကားေျပာၾကည့္သည္။ သူ႔အေျပာအရ ၿပီးခဲ့သည့္ ေျခာက္လခန္႔ကမွ ရင္သားကင္ဆာျဖစ္၍ ႏွစ္ဖက္စလုံး ျဖတ္ထုတ္ထားရေၾကာင္း၊ ကင္ဆာဌာနတြင္ ေဆးသြင္းေနသည္မွာ ဆယ္ႀကိမ္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။

ကၽြန္ေတာ္ကဆရာဝန္ပါဟု မိတ္ဆက္ေတာ့ သူအံ့ဩဝမ္းသာ သြားပုံရသည္။ အရင္ကေရာ အဲ့လိုပဲေမာတတ္လားဟု ေမးရာ “ၿပီးခဲ့တဲ့လကေမာတယ္ဆရာ။ အဲ့တာနဲ႔ အဆုတ္ထဲက ေရေတြစုပ္ထုတ္လိုက္တာ ႏွစ္ပုလင္းခြဲေတာင္ရတယ္။ အဲ့လိုထုတ္ၿပီးတာနဲ႔ သက္သာသြားေရာဗ်” ဟု အားတက္သေရာ ေျပာရွာသည္။ ယခုလဲ ေဆး႐ုံျမန္ျမန္ေရာက္၍ အရင္လို ေရစုပ္ထုတ္လိုက္လၽွင္ ျမန္ျမန္သက္သာသြားလိမ့္မည္ဟု သူေမၽွာ္လင့္ေနမွန္း ကၽြန္ေတာ္ရိပ္မိသည္။

ဓာတ္မွန္ရိုက္မထားဘူးလားဆိုေတာ့ “မစုပ္ခင္ေရာ စုပ္ၿပီးေရာရိုက္တယ္ဆရာ” ျပမယ္ ဆိုၿပီး ယူလာျပသည္။ အဆုတ္၏သုံးပုံႏွစ္ပုံက ေရေတြျဖင့္ျပည့္ေနၿပီး ျဖဴေဖြးေနၿပီ။ ရင္သားမွ ကင္ဆာက အဆုတ္ကို ျပန္႔သြားျခင္းျဖစ္န္ိုင္သည္။ အဆုတ္ထိ ကင္ဆာဆဲျပန္႔ေနၿပီဆိုလၽွင္ အေျခအေနကား သိပ္မေကာင္းလွ။

“ကေလးကသုံးေယာက္ရွိတယ္ဆရာရဲ့။ ႏွစ္ႏွစ္ကေလး တေယာက္၊ ေျခာက္ႏွစ္ တေယာက္နဲ႔ ဆယ့္သုံးႏွစ္ တေယာက္ဆရာ။ တကယ္က ရက္ခ်ိန္းက ေက်ာ္ေနတာက ႏွစ္ပတ္ရွိၿပီ။ ပိုက္ဆံအဆင္မေျပေတာ့လဲ မလာနိုင္ဘူးဆရာရယ္။ ကၽြန္ေတာ္တစ္ေယာက္ထဲရွာရတာ။ စားဖို႔ေသာက္ဖို႔ကလဲ ရွိေသးတယ္ေလ။ အခုကို ဂိတ္မွာ ဒီအတိုင္းေစာင့္ေနရတာကို ေလးနာရီေလာက္ရွိေနၿပီ။ သူကေတာ္ေတာ္ေမာေနတာဆရာရဲ့။”

မတတ္သာသည့္အဆုံး အႀကီးဆုံးသားကို ႏြားအငွါးေက်ာင္းခိုင္းရသည္ဟုေျပာသည္။ ၿပီးခဲ့သည့္တပတ္ကမွ စ ေမာလာရာ အခုေတာ့ ဘယ္လိုမွ ေနလို႔မရေတာ့သျဖင့္ ေပါင္ႏွံေခ်းငွါးၿပီး ထြက္လာခဲ့ရသည္ဟုေျပာသည္။ “ေဆးကတလုံးကို ႏွစ္သိန္းခြဲဆရာရယ္။ အာေခါင္ႏွိုက္တာကလဲ တေယာက္ငါးေသာင္းဆိုေတာ့ အဲ့မွာတင္တသိန္းေနၿပီ။ ၿပီးေတာ့သုံးရက္ေလာက္ Q ဝင္ေနရေတာ့ စားစရိတ္ကလဲ မေသးဘူးခင္ဗ်”ဟုညႇိုးငယ္စြာေျပာရာ မဟုတ္ေသးပါဘူးဟုကၽြန္ေတာ္ေတြးမိၿပီး ကင္ဆာဌာနမွ အစ္ကို ကိုရင္ေမာင္ဆီ ဖုန္းဆက္ၾကည့္သည္။

အစ္ကိုမွ “ဟာ ဟုတ္ဘူးေလ။ လူနာဆို RDT နဲ႔အျမန္စစ္ေပးတယ္။ Negative ဆို Q ဝင္စရာမလိုဘူး။ ၿပီးေတာ့လူနာအတြက္အလကား။ လူနာေစာင့္အတြက္က တေသာင္းပဲ” ဟုေျပာခဲ့ရာ ထိုအေၾကာင္းကို ကၽြန္ေတာ္ရွင္းျပ၍ သိသည္ႏွင့္ တၿပိဳင္နက္ ဝမ္းသာအားရျဖင့္ “အဲ့တာဆို ကၽြန္ေတာ့မိန္းမကို ေဆး႐ုံျမန္ျမန္ ပို႔နိုင္ေတာ့မွာေပါ့ေနာ္ဆရာ” ဟုေျပာလဲေျပာ မ်က္ႏွာလဲ မဲ့လာသျဖင့္ ဟုတ္တယ္ဗ်ာဟုေျပာၿပီးအနားက အသာထြက္လာခဲ့လိုက္ရသည္။ စိတ္ကေတာ့လုံးဝမေကာင္း။

ၿပီးမွအိတ္ကပ္ကိုအသာစမ္းၾကည့္လိုက္ေတာ့ လာခါနီး လစာတသိန္းထုတ္လာခဲ့သည္ကိုအမွတ္ရမိသည္။ ကိုယ္Swab စစ္ဖို႔က ငါးေသာင္းဆိုေတာ့ စားဖို႔ေသာက္ဖို႔က အိမ္ကိုပဲပို႔ခိုင္းလိုက္ပါမယ္ေလဟုေတြးၿပီး က်န္သည့္ငါးေသာင္းကို လက္ထဲထည့္လိုက္ေတာ့ ေခါင္းတခါခါ လည္တခါခါျဖင့္ျငင္းသည္။ ေဆးဖိုးပါဟု မရမကေျပာေတာ့မွ ေက်းဇူးစကားကို အထပ္ထပ္ေျပာၿပီး တုန္တုန္ရီရီျဖင့္ယူရွာသည္။

တကယ္ဆို သူတို႔က ရမည္းသင္းက လာျခင္းျဖစ္သည္။ ေနျပည္ေတာ္ႏွင့္ဆို အနီးကေလး။ ခဏႏွင့္ေရာက္ရမည့္ကိစၥကို မလိုအပ္ဘဲ ၾကန္႔ၾကာပင္ပန္းေနရသည္။ မလိုအပ္ဘဲ မဲဆြယ္ ေအာင္ပြဲခံ အျပင္ထြက္ ေပ်ာ္ပါးခဲ့ၾကေသာသူမ်ား ထိုကဲ့သို႔ေသာ လူနာမ်ားအေပၚ ေတြးၾကည့္ေစခ်င္သည္။ ကိုယ္ခ်င္းစာၾကည့္ေစခ်င္သည္။ အဆင္အျခင္မဲ့ေသာ မိမိလုပ္ရပ္တခုေၾကာင့္ ဘဝေပါင္းမ်ားစြာ မိသားစုေပါင္းမ်ားစြာ ဒုကၡပင္လယ္ေဝ မ်က္ရည္က်ရသည့္အျဖစ္မ်ိဳး ၾကဳံေနၾကသည္ကို သိေစခ်င္သည္။ အတၱမ်ား ေလၽွာ့နိုင္သေလာက္ေလၽွာ့ၿပီး အခ်င္းခ်င္း မၽွေဝကူညီၾကလၽွင္ျဖင့္ ဤကမၻာေျမသည္ ပို၍ေနခ်င့္စဖြယ္ ျဖစ္လာပါလိမ့္မည္ဟု ကၽြန္ေတာ္ ယူဆမိပါသည္။

ညီမ Pyae Phyo Htet Swe မွ လူနာအတြက္ ေဆးဖိုး တသိန္းလွူဒါန္းသြားပါတယ္။ ဤကုသိုလ္ေၾကာင့္ ကိုယ္က်န္းမာ စိတ္ခ်မ္းသာရွိၿပီး ဆထက္တပိုး လွူဒါန္းနိုင္ပါေစ။ လူနာရွင္ဖုန္းနံပါတ္ – ၀၉၇၅၀၇၆၆၉၁၀

Zaw Ko Ko Kyaw