ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကိုဗစ်အခြေအနေကို စောင့်ကြည့်နေကြောင်း အခြေခံပညာဦးစီးဌာနပြော

ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကိုဗစ်အခြေအနေကို စောင့်ကြည့်နေကြောင်း အခြေခံပညာဦးစီးဌာနပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၂။

ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်နေတယ်လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအနေနဲ့ မြင့်တက်လာသည့်အခြေအနေကြောင့် ပြန်လည် ဖွင့်လှစ်ခဲ့သည့် အခြေခံပညာစာသင်ကျောင်းများကို သြဂုတ်လအတွင်းမှစတင်ကာ ပြန်လည်ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

“အိမ်မှာ အလဟဿမဖြစ်အောင် ကလေးတွေကို အိမ်နေရင်း ဘယ်လိုသင်ယူလို့ရမလဲဆိုတာ မိဘတွေကော မိသားစုတွေကော ထောက်ပံ့ကူညီပေးပါ။ ဒီဘက်ကနေလည်း အိမ်တွင်သင်ယူခြင်းအစီအစဉ်ကနေ ထုတ် လွှင့်ပေးနေတာရှိပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အခြေအနေမှာ စောင့်ကြည့်ရမည့်အနေအထားဖြစ်ကာ မည်သည့်အချိန်ပြန် လည်ဖွင့်လှစ်မည်ကို မပြောနိုင်သေးကြောင်းနဲ့ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိပါက ပြည်သူကို အသိပေး ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောပါတယ်။#MyanmaPaltform #News #Domestic