အိမ်နီးချင်းနိုင်ငံတွေ ကိုဗစ်ဒုတိယလှိုင်းနဲ့ အလူးအလဲ ဖြစ်နေချိန်မှာ ပေါ့ဆလွန်းနေတဲ့ ရွှေမြန်မာတွေ

အရှေ့တောင် အာရှမှာ ကိုဗစ် ကူးစက်မှုကို အစောကြီး ထိန်းချုပ် နိုင်တယ်ဆိုပြီး မော်ကြွား ခဲ့တဲ့ ဗီယက်နမ်… အခုတော့ ဒါနန်းမြို့ကြီး ကိုတောင် လော့ခ်ဒေါင်း ချပြီး လူရှစ်သောင်းကျော် မြို့ ကနေ စွန့်ခွါ နေရပြီ..

အခုဆိုရင် သုံးရက်အတွင်း ၁၂၇ဦးတိုးပြီး စုစုပေါင်း (၅၈၆) ဦး ဖြစ်သွားလေပြီ သေဆုံးသူမရှိလို့ ကြွေးကြော်ခဲ့တာ အခုဆိုရင် နှစ်ရက်အတွင်း ၃ယောက် သေဆုံးခဲ့.. လာအိုလည်း ပိုး လုံဝကင်းစင် နိုင်ငံက နေပြီးတော့ သုံလဝန်းကျင် ကြာတော့ ပိုးပြန်တွေ့.. ကိုဗစ် ကူးစက်မှု မရှိတော့ဘူးဆိုပြီး celebrate လုပ်ခဲ့တဲ့ ဩစီ… နောက် တကျော့ပြန် ကူးတော့ လူတွေ အိမ်ပြင် မထွက်ရတော့ဘူး..

Loading...

ကိုယ်တွေရဲ့ အနောက်ဘက်က အိန္ဒိယ … ကူးစက်မှုက နေ့တိုင်းနီးပါ အမြင့်ဆုံး စံချိန်တင်တွေကြီးဘဲ့ အခုဆိုရင် ကူးစက်မှုက လူဆယ့်ခုနှစ်သိန်း ကျော် အထိ ရောက်သွားခဲ့ပြီး တစ်ပါတ်အတွင်း ကမ္ဘာ့ ကူးစက်မှုနှုန်း အမြန်ဆုံး နိုင်ငံအဖြစ် စံချိန်တင်သွားခဲ့ပြီ.. ဘင်္ဂလားဒေ့ရှ်ကလည်း ဇူလိုင်လ (၂) ရက်နေ့က အမြင့်ဆုံး စံချိန်တင် ၄၀၁၉ ဦး တိုးခဲ့ပြီး အခုနောက်ပိုင်း တစ်နေ့ သုံးထောင် ဝန်းကျင် တိုးမြဲ.. အခုဆိုရင် ကူးစက်မှုက နှစ်သိန်း လေးသောင်းနီးပါး..

ကိုယ်တွေ အရှေ့ဘက် အနီးကပ်ဆုံး ထိုင်းနိုင်ငံ… ပြီးခဲ့တဲ့ ၂ ပါတ်အတွင်း အီဂျစ်နဲ့ ဆူဒန် နိုင်ငံသား ကနေပါလာတဲ့ ပိုးကနေ outbreak ဖြစ်ဖို့ သီသီလေးပဲ လိုတော့တယ် အစိုးရ အချိန်မှီ အုပ်မိ နိုင်ခဲ့လို့ ကံကောင်းလွန်း လို့သာ ဒုတိယ အကျော့ ကူးစက်မှု အန္တရာယ် ကနေ လွှတ်မြောက် သွားခဲ့တယ် ဒါတောင် ထိုင်းအစိုးရကို over response လုပ်လွန်းတယ် အဖြစ်သည်း လွန်းတယ်လို့ ပြောကြ သေးတယ်။

အဲလို လုပ်နိုင်မှ တော်ကာကျတယ် ဆိုတာ လူတွေ နောက်မှ သဘောပေါက်ကြတာ ဒုတိယ လှိုင်းက အင်မတန် ဖြစ်လွယ်တယ် ဆိုတာ ရှေ့က နိုင်ငံတွေကို ကြည့်တာနဲ့ သိနိုင်တယ် ဒါကြောင့် မလို့ ကိုယ်တွေလည်း နည်းနည်းလေးမှ သတိ လက်လွတ်နေလို့ မဖြစ်သေးဘူးဆိုတာ အသေအချာပါပဲ။