ဆနိဆုဖာတီ ကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ မန်ယူ

မန်ယူအသင်းဟာ ဘာစီလိုနာ အသင်းရဲ့ လူငယ်ကစားသမားလေး အန်ဆုဖာတီ ကို ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းလိုက်တယ်လို့ တယ်လီဂရပ် က ဖော်ပြလိုက်ပါတယ် ။ မန်ယူအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချို ကို ပစ်မှတ်ထားနေခဲ့ပေမဲ့ ဆန်ချို ဟာ ဒေါ့မွန်က ထွက်ခွာဖြစ်ဖို့ မသေချာနေသလို တစ်ဖက်မှာလည်း နည်းပြဇီဒန်းရဲ့ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ် အသင်းက ဆန်ချို နဲ့ အမ်ဘာပေ တို့ကို ခေါ်ယူပြီး ဥရောပ ကို ပြန်လည်မင်းမူဖို့ ပြင်ဆင်နေတယ်လို့ သတင်းသဲ့သဲ့ ထွက်နေတာကြောင့် ဆန်ချို အနေနဲ့ အသင်းပြောင်းဖြစ်ခဲ့ရင်တောင် မန်ယူကို ပြောင်းမလားဆိုတာ မရေရာတဲ့ အနေအထားဖြစ်ပါတယ် ။

ဒါကြောင့် မန်ယူအသင်းဟာ ဆန်ချို အစား ဘာစီလိုနာ ရဲ့ မက်ဆီလက်သစ် လို့ ညွှန်းဆိုခံရတဲ့ အန်ဆုဖာတီ ကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပုံ ရပါတယ် ။

Loading...

သို့သော်လည်း မန်ယူအသင်းအနေနဲ့ အန်ဆုဖာတီ ကို အလွယ်တကူနဲ့တော့ ခေါ်ယူနိုင်ဖို့ မရှိပဲ ဘာစီလိုနာ အသင်းက ဘယ်လောက်နဲ့ ကမ်းလှမ်းကမ်းလှမ်း မရောင်းဘူးလို့ ဆိုထားသလို စာချုပ်ဖျက်သိမ်းကြေး ကလည်း ပေါင်း သန်း ၁၇၀ အထိ ရှိနေတာ ဖြစ်ပါတယ် ။

အသက် ၁၇ နှစ် အရွယ်ရှိ အန်ဆုဖာတီ ဟာ ဆီဗီလာ အသင်းကနေ ဘာစီလိုနာ လူငယ်အသင်းကို ရောက်လာခဲ့တဲ့ ကစားသမားလေး ဖြစ်ပြီး ဘာစီလိုနာ အသင်းကြီးအတွက် ၂၀၁၉ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၁၆ ပွဲ ပါဝင်ကစားကာ သွင်းဂိုး ၄ ဂိုး သွင်းပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ် ။

#Yangon_Sports